အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

ရင် (Yin) နှင့် ရန် (Yang) – တရုတ်၏ ကုသခြင်း အနုပညာ

လက်သင်
နိဒါန်း

တရုတ်ပြည်တွင် တရုတ်ရိုးရာ ဆေးပညာကို ထောင်စုနှစ်ချီပြီး ကုသနေပါသည်။ ၎င်းတို့၏ သင်ကြားခြင်းတွင် လူသားအားလုံးသည် ရင် နှင့် ရန် ညီမျှစွာ ရှိနေရမည်ဟု တရုတ်လူမျိုးများက မှတ်ယူကြပါသည်။ ထိုမှသာလျှင် လူတစ်ယောက်သည် စစ်မှန်သော ကျန်းမာခြင်းကို ရရှိပြီး ကျန်းမာစွာ နေထိုင်နိုင်မည် ဖြစ်သည်။

ထိုညီမျှကို ထောက်ပံ့ပေးဖို့ရန် တစ်ခါတစ်ရံတွင် အထူး ဆေးဖက်ဝင်အပင်များကို အသုံးပြုရပါသည်။ ဆေးဖက်ဝင် အပင်များကို ပုံစံမျိုးစုံဖြင့် သောက်သုံးနိုင်ရန် ပြုလုပ်ထားပါသည်။ ၎င်းတို့ကို အခြောက် (သို့) “ကျန်းမာရေး ဟင်းရည်” ထဲတွင် ထည့်သွင်း၍လည်း သောက်သုံးနိုင်ပါသည်။ ဆေးဖော်စပ်နည်းများကို ရှေးဟောင်း ဓလေ့ထုံးစံများ အပေါ်တွင် အခြေခံထားပြီး၊ တရုတ်ရိုးရာ ဆေးပညာအရ အချို့သော ကျန်းမာရေး အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည်။ တရုတ်များသည် ဤဟင်းရည်ကို တိုင်တည်ပြီး ကျိန်ဆိုကြပြီး၊ ကျန်းမာရေး ကောင်းဖို့ရာတွင် အစားအသောက်အား အရေးကြီးသော အပိုင်းတစ်ခု အဖြစ် မြင်ပါသည်။

တရုတ် ကျန်းမာရေး စနစ်တွင် ဟင်းချိုများ နှင့် ဆေးဖက်ဝင်အပင်များ အပြင် လက်ဖက်ရည်သည်လည်း အရေးကြီးသော ကဏ္ဍတစ်ခု အဖြစ် ရှိနေပါသည်။ အချို့သော လက်ဖက် အပင်များကို ထိရောက်မှု အချို့ ရှိသည်ဟု ယူဆပါသည်။ ဆေးဖက်ဝင် အပင်များကဲ့သို့ပင် တစ်စုံတစ်ရာ ရောစပ်ခြင်းသည် တစ်စုံတစ်ရာ အခြေအနေအတွက် အလွန်ကို အရေးကြီးပါသည်။

အပ်စိုက်ကုထုံးသည် တရုတ်ရိုးရာ ဆေးပညာတွင် အဓိက လုပ်ကိုင်နည်းပင် ဖြစ်သည်။ နာကျင်ခြင်း နှင့် မအီမသာ ဖြစ်ခြင်းများကို သေးငယ်သော အပ်များနှင့် အာရုံကြောများကို နှိုးဆွပေးခြင်းဖြင့် ဖယ်ရှားပေးနိုင်ပါသည်။ လှုံ့ဆော်မှုကို အားကောင်းလာစေရန် အပ်များကို အပူပေးနိုင်ပါသည်။ အချို့သော လက်တွေ့ လုပ်ထုံးလုပ်နည်းများ အတွက် အပ်များကို နေရာထားခြင်းသည် ဓလေ့ရိုးရာ နှင့် သက်ဆိုင်ရာ ခန္ဓာကိုယ်ဇုန်များ အပေါ်တွင် အခြေခံပါသည်။

နောက်ထပ် ထူးခြားမှုတစ်ခုမှာ လူနာ၏ သွေးခုန်နှုန်းကို စမ်းသပ်ခြင်း ဖြစ်သည်။ မတူညီသော သွေးခုန်နှုန်းများ အကြားတွင် ခြားနားချက်တစ်ခုရှိသည်။ အမြန်နှုန်း မဟုတ်ဘဲ သွေးခုန်သည့် ပုံစံ ဖြစ်သည်။ ဥပမာ − ခုန်နေခြင်း (သို့) စမ်းသပ်ရန် မလွယ်ကူခြင်း ဖြစ်နိုင်သည်။ သွေးခုန်သည့် ပုံစံပေါ် မူတည်ပြီး ဆရာဝန် အနေဖြင့် ရှေ့ဆက်ပြီး လိုအပ်သော ကုသမှု နည်းလမ်းကို ဆုံးဖြတ်ပေးနိုင်ပါသည်။

ဖော်ပြထားသော ကုသမှုနည်းလမ်းများ အပြင် တရုတ်များ၏ သဘောတရား ခံယူချက်များကို လျှော့မတွက်သင့်ပေ။ တရုတ်အများစုသည် အသက်အရွယ် ကြီးရင့်သည်အထိ နေ့စဥ် အားကစား ပြုလုပ်ကြပြီး လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကျန်းမာအောင် နေကြသည်။ ဤကာကွယ်မှု၏ မူလအစမှာ တရုတ်ပြည်တွင် ကျန်းမာရေး စောင့်ရှောက်မှု စနစ်သည် သာမန်လူများ အတွက် အလွန်စျေးကြီးသော အချက်မှ ဖြစ်သည်။ ဆေးရုံတွင် ခဏနေရခြင်းသည် လစာ တစ်လစာကို လျင်မြန်စွာ ကုန်သွားစေနိုင်သည်။ ထို့ကြောင့် တရုတ်လူမျိုးများသည် အားလပ်ရက်များတွင် ဆေးပင်ဝင် အပင်မျိုးစုံကို ဝယ်ပြီး၊ ကျန်းမာရေး ဟင်းရည်များကို ချက်ပြုတ်ခြင်း နှင့် ကျန်းမာအောင် အားကစား အလွန် လုပ်ကြသည်။ ရင် နှင့် ရန် ပြည့်ဝမှု နှင့် ဟန်ချက်ညီမှုသည် တရုတ်ရိုးရာ ဆေးပညာကို ပေါ်လွင်စေပါသည်။

အညွန်းပန်းတိုင်
  • တရုတ်ရိုးရာ ဆေးပညာအကြောင်း ဗဟုသုတရခြင်း။
  • အခြားသော နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အကြောင်း နားလည်ခြင်း။
  • တရုတ်ပြည် ယဥ်ကျေးမှုဆိုင်ရာ ယူဆက်ချက်များ အကြောင်း သိရှိရခြင်း။
  • အခြားသော ဆေးပညာဆိုင်ရာ နည်းလမ်းများအကြောင်း သိရှိရခြင်း။
အကြံပြုသင်ခန်းစာအစီအစဥ်
  • လက်ဖက်ရည် (သို့) ဟင်းရည် အတူတကွ ချက်ပြုတ်နိုင်သည် -> ကလေးများအတွက် ပြင်းထန်သော သက်ရောက်မှု မရှိဘဲ။
  • သင်ခန်းစာ အစတွင် လေ့ကျင့်ခန်းစာရွက်ကို ဝေပေးပါ။
  • ကျောင်းသား / သူများသည် ကြိုတင်၍ ပုံဖော်ထားနိုင်သည်။ ခေါင်းစဥ်က ဘာဖြစ်နိုင်ပါသလဲ။ တစ်စုံတစ်ဦးမှ ဆေးပင်ဝင် အပင်များကို သိပါသလား။ ပညာပေးရုပ်ရှင်၏ အဓိက အကြောင်းမှာ ဘာဖြစ်နိုင်ပါသနည်း။
  • ဆွေးနွေးတိုင်ပင်ပြီးလျှင် လုပ်ဆောင်ရမည့် တာဝန်ကို ရှင်းပြပါ။ ရုပ်ရှင် ကြည့်ရှု့နေစဥ် ကွက်လပ်များကို ဖြည့်စွက်နိုင်သည်။ သို့သော် သတိပြုရပါမည်။ မေးခွန်းများသည် ရုပ်ရှင်ထဲတွင် ပြထားသကဲ့သို့ အစဥ်အလိုက် စီထားခြင်း မဟုတ်ပါ။
  • ပညာပေးရုပ်ရှင် ပြပါ။
  • ကျောင်းသား / သူများကို လေ့ကျင့်ခန်းစာရွက်ကို ဖြည့်စေပါ။
  • သူတို့၏ ဘေးချင်းကပ် သူငယ်ချင်းများနှင့် အဖြေစာရွက် ဖလှယ်စေပါ။
  • ဝါကျတစ်ကြောင်းပြီး တစ်ကြောင်း ဖတ်စေပါ။
  • ဖြစ်နိုင်သော အဖြေများစွာ ရှိနိုင်ပါသည်။