အရင်းအမြစ်များ

ဦးနှောက်၏လျို့၀ှက်ဆန်းကြယ်မှုများ

နာကျင်မှုကို နားလည်ခြင်း။

လက်သင်
နိဒါန်း

နာကျင်မှုမှာ ပုံမှန်အားဖြင့် သဘာဝအရ ခံစားရမှုပင်ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့အား ဖြစ်ပျက်မှုများကို ညွှန်ပြခြင်း၊ အန္တရာယ်များမှ ကာကွယ်ခြင်းပြုလုပ်ပြီး လူ့သိစိတ်၏ အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ သို့ရာတွင် အကြောင်းမရှိဘဲ နာကျင်နေခြင်းမှာ ပြသနာ ဖြစ်လာပြီး ဝမ်းနည်းပူဆွေးမှု အမြဲတမ်း ခံစားလာရမည် ဖြစ်သည်။ ၎င်းသည် နာတာရှည်နာကျင်မှု ဝေဒနာပင်ဖြစ်သည်။

လူအများအပြားသည် ဤအခြေအနေကြောင့် ထိခိုက်ခံစားရလျက်ရှိသည်။ ၎င်းတို့၏ နေ့စဉ်ဘ၀တွင် ကန့်သတ်များရှိနေပြီး လှုပ်ရှားနိုင်ခြင်း မရှိပေ။ နာကျင်မှုသည် လူနာအတွက် ကန့်သတ်မှုများစွာ ဖြစ်စေ သော်လည်း နာကျင်စေသည့် အကြောင်းရင်း ရေရေရာရာ မရှိပေ။ ၎င်းသည် အမြဲတမ်း နာကျင်နေပြီး စိတ်နှင့်ကိုယ်ခန္ဓာကို ဖိအားဖြစ်စေသည်။ ဥပမာ − နာကျင်မှုသည် ခန္ဓာကိုယ် ဖြတ်တောက်ကုသမှု ပြုလုပ် ပြီးချိန်တွင် ဖြစ်ပေါ်လာတတ်သည်။ ၎င်းကို နာကျင်မှုဟု ထင်မြင်သည့် နာကျင်မှု (Phantom pain) ဟု ခေါ်သည်။ ဦးနှောက်မှ ဖြတ်ထုတ်လိုက်သည့် ခန္ဓာကိုယ် အစိတ်အပိုင်း ရှိနေသေးသည်ဟု ထင်မြင်ခြင်း ဖြစ်သည်။ လူနာသည် မရှိတော့သည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုအတွက် အလွန်နာကျင်မှုသော ခံစားမှုကို ရနေသည်။ ဤနေရာတွင် အသက်ရှင်နေထိုင်မှု အရည်အသွေးမှာ သိသိသာသာ လျော့ကျလာသည်။

အကြောင်းပြချက်မရှိဘဲ ဖြစ်ပေါ်သော နာကျင်မှုကို အချို့သောအခြေအနေများတွင် ကုထုံးဖြင့် သက်သာစေ နိုင်သည်။ ကွဲပြားသော အမျိုးအစားများစွာရှိသည်။ လှုံ့ဆော်ခြင်း၊ စကားပြောခြင်း ကုထုံး၊ သဏ္ဍာန်တူ ပြုလုပ်ခြင်း၊ ကြေးမုံ၏ အကူအညီဖြင့် ပြုလုပ်သော ကုထုံးစသည်ဖြင့် များစွာရှိသည်။ ကုသအောင်မြင်မှု အတိုင်းအတာမှာမူ လူနာအပေါ်တွင် မူတည်သည်။ အများအားဖြင့် ကုသမှုနှင့် သုတေသနပြုလုပ်ရန် ခက်ခဲသော်လည်း နာကျင်မှုများအား များပြားစွာ လျော့ချခြင်း သို့မဟုတ် ထိန်းချုပ်နိုင်ခြင်းတို့အား ဖြစ်စေနိုင်သည်။

အညွန်းပန်းတိုင်
  • နာတာရှည် နာကျင်မှုဝေဒနာနှင့် ပတ်သက်၍ သိရှိနားလည်ရန်။
  • ကုသမှုနည်းလမ်းများကို သိရှိရန်။
  • နာကျင်မှုနှင့်ပတ်သက်သည့် သိပ္ပံဆိုင်ရာ အသုံးအနှုန်းများကို နားလည်ရန်။
  • လူနာများ ခံစားရသော နာကျင်မှုဝေဒနာကို နားလည်ခြင်း။