အရင်းအမြစ်များ

အနာဂါတ်နည်းပညာ

လူ့စွမ်းအင်၏ အရင်းအမြစ် – ကျွန်ုပ်တို့အတွင်းရှိ ဓါတ်အားထုတ်စက်ရုံ

အဆင့်အားလုံး
နိဒါန်း

ကမ္ဘာ့လူဦးရေသည် ဆက်လက် တိုးပွားနေသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အိမ်များ၊ မြို့များ နှင့် ယာဥ်များအတွက် ပိုမိုများပြားသော စွမ်းအင်များ လိုအပ်ပါသည်။ ထိုစွမ်းအင်လိုအပ်ချက်ကို ရေရှည်တည်တံ့ ခိုင်မြဲစွာ နှင့် ထိရောက်စွာ ဖြည့်ဆည်းနိုင်သော နည်းလမ်းတစ်ခုမှာ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို အသုံးပြုခြင်းပေါ် အခြေခံသည်။

ကျွန်ုပ်တို့ လူသားများ နေ့စဥ်ဘဝတွင် လမ်းလျှောက်ခြင်း၊ ချွေးထွက်ခြင်း (သို့) အစာခြေခြင်း တို့မှ ထုတ်လုပ်သော စွမ်းအင်ကို ဆုံးရှုံးသွားစေခြင်း မဟုတ်ဘဲ နောက်ထပ် ရေရှည်တည်တံ့ခိုင်မြဲသော စွမ်းအင်အရင်းအမြစ် တစ်ခု ဖြစ်သင့်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့ လူသားများသည် မီးသီး ၁၀၀ ဝပ်အားနှင့် ညီမျှသော စွမ်းအင်အမြောက်အမြားကို ထုတ်လုပ်ပါသည်။ ဤခေါင်းစဥ်နှင့် ပက်သက်၍ သုတေသနမှ မတူညီသော ယူဆချက်များ ရှိပါသည်။

ပထမ ယူဆချက်မှာ ပြင်သစ်နိုင်ငံမှ လာပါသည်။ ထိုနေရာတွင် သူတို့သည် ခြေကျင်လျှောက်သူများသည် သူတို့၏ ခြေလှမ်းများကို အသုံးပြုပြီး အနီးအနားဝန်းကျင် လမ်းမီးများအတွက် စွမ်းအင် ထုတ်လုပ်နိုင်ခြင်း ရှိမရှိကို သုတေသန ပြုနေပါသည်။ လူသွားစင်္ကြံကို လူ့ခြေလှမ်းများအား လျှပ်စစ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲပေးနိုင်သော အထူးပုံနှိပ်ပြားများဖြင့် အလွှာထပ်ထားပါသည်။ ထိုအပြားတစ်ခုချင်းစီသည် နေ့ရောညပါ လမ်းမီးကို ထောက်ပံ့ပေးနိုင်သော ဘတ်ထရီဆီသို့ စီးဝင်စေသည်။ လူတစ်ဦး ခြေလှမ်းသည် အား ၆ဝပ် ထုတ်လုပ်နိုင်ပါသည်။

နောက်ထပ် နည်းလမ်းသည် ဆွီဒင်နိုင်ငံမှ လာပါသည်။ အများပိုင် အဆောက်အဦးနှင့် စတော့ဟုမ်းဘူတာရုံ အကြောင်း ဖြစ်သည်။ နေ့စဥ်နေ့တိုင်း ထောင်နှင့်ချီသော စွမ်းအင် ထုတ်လုပ်သူများ ဖြစ်သည့် ခရီးဝေးသွားသူများနှင့် ခရီးသည်များသည် ထိုနေရာကို ရွေ့လျားကြသည်။ သူတို့ အစားစာခြင်း၊ အစာခြေခြင်း နှင့် ချွေးထွက်နေစဥ် သူတို့၏ ပတ်ဝန်းကျင်ကို သဘာဝအားဖြင့် အပူထုတ်ပေးနေသည်။ ထိုအပူကို ထိုနေရာတွင် ဖမ်းယူပြီး အနီးအနားဝန်းကျင်ရှိ အဆောက်အဦးများကို အပူပေးရန် အသုံးပြုပါသည်။ ထို့ကြောင့် ဆွီဒင်လူမျိုးများသည် နေ့ဖက်အတွင်း ဘူတာရုံတွင် အပူကို ထုတ်လုပ်ပြီး၊ ၎င်းကို ညနေဖက်တွင် အနီးအနားဝန်းကျင်ရှိ အဆောက်အဦးများကို ထောက်ပံ့ပေးရန် အသုံးပြုပါသည်။ ဤနည်းပညာဆိုင်ရာ ဆက်သွယ်မှုများသည် ကမ္ဘာပေါ်ရှိ မြို့များစွာတွင် အလားအလာရှိပြီး အကောင်အထည်ဖော်နိုင်ပါသည်။

ထို့အပြင် နောက်ထပ် နည်းလမ်းမှာ ဂျာမနီတွင် ဖြစ်ပေါ်ပါသည်။ နိုင်ငံ၏ အကြီးမားဆုံးသော မြို့တော်နယ်နိမိတ် တစ်ခုဖြစ်သည့် (ရုရော) တွင် စွမ်းအင်ကို စွန့်ပစ်ရေ သန့်စင်သော စက်ရုံမှ ထုတ်လုပ်ပါသည်။ စွန့်ပစ်ရေသည် လူ့မစင်ကို သန့်ရှင်းရေး လုပ်နေစဥ် သန့်စင်သွားစေပါသည်။ နောက်ပိုင်းတွင် ထိုအညစ်အကြေးများကို ဘတ်တီးရီးယား ကန်ကြီးထဲတွင် ပုတ်သိုးဆွေးမြည့်စေသည်။ ဤဖြစ်စဥ်၏ ရလဒ်အဖြစ် ဇီဝဓါတ်ငွေ့ ထုတ်လုပ်ရရှိပြီး၊ ၎င်းသည် အလွန်ကောင်းသော စွမ်းအင် သိပ်သည်းဆ ရှိပြီး အငွေ့ပျံစေသော ဖြစ်စဥ် မှတစ်ဆင့် ဓါတ်ငွေ့ရဟတ်ကို မောင်းနှင်ပါသည်။ ထိုရဟတ်သည် လျှပ်စစ်ဓါတ်အားပေး စက်ရုံ နှင့် ဂျာမန်အိမ်ထောင်စုများအတွက် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးပါသည်။ ဇီဝဓါတ်ငွေ့ကန်များထဲရှိ အနည်များကို လောင်စာအဖြစ် အသုံးပြုနိုင်ပါသည်။ ၎င်းကို အခြောက်ခံကာ လောင်စာအခဲ အသွင်သို့ ဖိအားပေးထားပြီး ပြန်လည် အသုံးပြုနိုင်ပါသည်။

နောက်ဆုံး နှင့် တစ်ချိန်တည်းမှာပင် အများဆုံး စမ်းသပ်လေ့လာနေဆဲ ယူဆချက်သည် နယ်သာလန်နိုင်ငံမှ လာပါသည်။ ထိုနေရာတွင် အာရုံခံကိရိယာအသေးများသည် ဆိုလာဆဲလ်များနှင့် ခန္ဓာကိုယ် အပူချိန် မှတစ်ဆင့် အလုပ် လုပ်ဆောင်ပါသည်။ အပြင် နှင့် ခန္ဓာကိုယ် အပူချိန် ကွာခြားချက်သည် ခလုတ်ငယ်များ (သို့) အာရုံခံကိရိယာငယ်များကို အားဖြည့်ပေးရန် လုံလောက်ပါသည်။

ခြုံငုံကြည့်လျှင် လူသားစွမ်းအင်ကို အသုံးပြုခြင်းသည် ကောင်းမွန်သော အနာဂတ် အလားအလာ နှင့်အတူ အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းသော ခေါင်းစဥ်ဖြစ်သည်။ တိုးပွားလာသော လူဦးရေကို ထည့်သွင်းစဥ်းစားပါက ရေရှည်တည်တံ ခိုင်မြဲသော စွမ်းအင်ကို ပေးနိုင်ရန် နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန် အမြဲတမ်း အရေးကြီးပါသည်။ ခြေလှမ်းများ၊ ခန္ဓာကိုယ် အပူချိန် နှင့် အညစ်အကြေးများ ပုံစံဖြင့် လူ့သာစွမ်းအင်ကို ရယူခြင်းသည် ၎င်း၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။

အညွန်းပန်းတိုင်
  • အခြားရွေးချယ်စရာ စွမ်းအင်များသည် အရေးကြီးကြောင်း ကျောင်းသား/သူများမှ နားလည်သင့်ပါသည်
  • လူ့ခန္ဓာကိုယ်သည် စွမ်းအင်ကို တစ်ချိန်လုံး ထုတ်လုပ်နေကြောင်း နားလည်ရန်
  • မတူညီသော နိုင်ငံများရှိ မတူညီသော နည်းလမ်းများကို ထိုးထွင်းသိမြင်နိုင်ရန်
  • ရာသီဥတုပြောင်းလဲခြင်း နှင့် အတွင်း၌ ဖြစ်နေသော ရေရှည်တည်တံ့ခိုင်မြဲသော ပြဿနာများကို ဆက်သွယ်ခြင်း