အရင်းအမြစ်များ

အနာဂါတ်နည်းပညာ

မိုးကောင်းကင်သည်သာ ကန့်သတ်ချက် − ဝေဟင်မှ ကေဘယ်လ်ကြိုးလမ်းများ

iStock-1085342290_AlbertPego_1600x900
လက်သင်
နိဒါန်း

နေကဲ့သို့ပင် လေကို သဘာဝအလျောက် ဖြစ်ပေါ်နေသော စွမ်းအင် အရင်းအမြစ် အဖြစ် မှတ်ယူပါသည်။ ရာသီဥတု ကာကွယ်ရေး အခြေအနေတွင် ၎င်းအသုံးဝင်ပုံမှာ ပို၍ ပို၍ အရေးကြီးလာပါသည်။ ခေတ်မီလေအား လျှပ်စစ်စက်ရုံများသည် အလွန်စွမ်းဆောင်ရည်ရှိပြီး နှစ်စဥ် အိမ်ထောင်စုပေါင်းများစွာကို လျှပ်စစ်မီးပေးပါသည်။

ဂျာမနီမြောက်ပိုင်းတွင် ကမ္ဘာပေါ်တွင် အကြီးမားဆုံး လေအားလျှပ်စစ်စက်ရုံကို လက်ရှိတွင် တည်ဆောက်နေပါသည်။ အခြေခံအုတ်မြစ်ချခြင်းမှ အပေါ်ထိပ် တည်ဆောက်ခြင်းအထိ ရှုပ်ထွေးသော ဆောက်လုပ်ရေးလုပ်ငန်းသည် ရုပ်ရှင် နှင့်အတူ ပါလာပါသည်။ ပထမဆုံး အခက်အခဲမှာ လျှပ်စစ်စက်ရုံသည် ခိုင်မာတောင့်တင်းသော အခြေအမြစ် ရှိရပါမည်။ အလေးချိန် တန်ချိန်ပေါင်းများစွာကို ခံနိုင်ရည်ရှိရန် အထူးကျင်းပေါက်များဖြင့် မြေပြင်ကို တည်ငြိမ်စေပြီး သိပ်သည်းအောင် ပြုလုပ်ထားပါသည်။ ထို့နောက် လေရဟတ်၏ ပထမအပိုင်းကို ကြီးမားသော ကွန်ကရစ် အုတ်မြစ်ပေါ်သို့ နေရာချပါသည်။ ၎င်းသည် အပိုင်းကြီး ၃ပိုင်းဖြင့်လာပြီး ပဟေဠိကဲ့သို့ တစ်ခုတည်းဖြစ်အောင် ဆက်ရပါသည်။ အပေါ်ထိပ်အပိုင်း တည်ဆောက်ခြင်းသည်လည်း သဘောတရား တူညီပါသည်။ အပိုင်းများကို အပိုင်းအစ တစ်ခုချင်းစီဖြင့် တည်ဆောက်ပါသည်။ ဤနေရာ၌ အထူးစိန်ခေါ်မှု တစ်ခုမှ လေကိုယ်၌ ပင်ဖြစ်သည်။ ကြီးမားသော ဝန်ချီစက်သည် အပိုင်းများကို သင့်လျော်သော အမြင့်သို့ တင်ရမည်ဖြစ်သောကြောင့် တပ်ဆင်နေသော အချိန်အတွင်းတွင် လေ၏အခြေအနေအပေါ် အဓိအားဖြင့် မူတည်ပါသည်။ နောက်ဆုံးဆိုသော်လည်း အဓိကဖြစ်သည့် အရေးအကြီးဆုံးအပိုင်းကို ထိပ်ဆုံးတွင် တပ်ဆင်ရပါမည်။ ရဟတ်၏ လျှပ်ထုတ်စက် နှင့် ဒလက်ပန်ကာရွက်များ ဖြစ်သည်။

လျှပ်ထုတ်စက်နှင့်အတူ တန်ချိန်များစွာလေးသည့် အစိတ်အပိုင်းတစ်ရပ်ကို တကယ့်ကို တိတိကျကျ တပ်ဆင်ရန် အရေးကြီးပါသည်။ ဝက်အူရစ်နှင့် လျှပ်ထုတ်စက် အထိုင်ထားရာနေရာ အကြားသည် စင်တီမီတာ အနည်းငယ်သာ လိုအပ်ပါသည်။ နောက်ဆုံးအဆင့်တွင် ဒလက်ပန်ကာရွက် ၃ကို တပ်ဆင်ခဲ့ပါသည်။ ဤနေရာတွင် ပကတိ တိကျမှုသည် သိပ်အရေးမကြီးပါ၊ သို့သော် ပေါ့သော ဒလက်များသို့ လေ၏ သက်ရောက်မှုက ပိုပြီး အရေးကြီးပါသည်။ လေသည် ထိုပေါ့သော အပိုင်းများကို အလွယ်တကူ လည်စေနိုင်ခြင်း (သို့) ၎င်းတို့ကို မထိန်းချုပ်နိုင်ခြင်း ကိုဖြစ်စေနိုင်ပြီး ၎င်းသည် တပ်ဆင်ခြင်းကို ခက်ခဲစေပါသည်။

အကုန်လုံး အပြီးသတ် တပ်ဆင်ပြီးချိန်တွင် နေ့စဥ်လုပ်ငန်းလည်ပတ်မှု စတင်နိုင်ပါသည်။ လေအားလျှပ်စစ်စက်ရုံသည် ဂီယာအုံ မပါဘဲ လည်ပတ်နိုင်ပြီး လေစွမ်းအားဖြင့် တိုက်ရိုက်လည်ပတ်ခြင်း မှတစ်ဆင့် တစ်နှစ်လျှင် ထောင်ပေါင်းများစွာသော အိမ်ထောင်စုများအတွက် လုံလောက်သော လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးပါသည်။ အနာဂတ်တွင် လေစွမ်းအင်သည် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများ (သို့) အဏုမြူစွမ်းအင် တို့ထက် ဆက်လက်၍ အရေးကြီးသော ရွေးချယ်စရာ ဖြစ်လာမည်မှာ သေချာပါသည်။

အညွန်းပန်းတိုင်
  • လေအားလျှပ်စစ်စက်ရုံ တည်ဆောက်ခြင်း အကြောင်း ထိုးထွင်းသိမြင်မှု ရရှိရန်။
  • ကြီးမားသော ဆောက်လုပ်ရေး စီမံကိန်းများ၏ အခက်အခဲ မျိုးစုံကို နားလည်ရန်။
  • လေစွမ်းအင်၏ ပတ်ဝန်းကျင်ဆိုင်ရာ ရှု့ထောင့်ကို နားလည်ရန်။
  • လေရဟတ်၏ လုပ်ဆောင်ပုံကို အခြေခံ နားလည်မှု ရရှိရန်။