အရင်းအမြစ်များ

အသိပညာဗဟုသုတ ရှာဖွေခြင်း

မိုလ်နာ ယာနိုးစ် ဂူ (Molnár János Cave) ၏ လျှို့ဝှက်ချက်များ

လက်သင်
နိဒါန်း

ဟန်ဂေရီ မြို့တော် ဘူဒါပတ်စ်မြို့ အလယ်တွင် မြို့၏ လမ်းများနှင့် အိမ်များအောက်တွင် လျှို့ဝှက်သော ကမ္အာတစ်ခု ပုန်းခိုလျက်ရှိသည်။ မျက်နှာပြင် အောက်တွင် ကြီးမားပြီး ရှာဖွေတွေ့ရှိမှု တစ်စိတ်တစ်ဒေသ မရှိသေးသည့် ဂူစနစ် တည်ရှိနေပြီး ရေပူများဖြင့် တစ်စိတ်တစ်ပိုင်း ရေးဖုံးလွှမ်းလျက် ရှိသည်။ ဂူများသည် လုံးဝ သုတေသန ပြုထားခြင်း မရှိသလို သွားလာရန်လည်း မလွယ်ကူပေ။

ကမ္ဘာတစ်ဝှမ်းရှိ ဇီဝဗေဒပညာရှင်များ နှင့် ဂူငုပ်သမားများ အတွက် ထိုထူးခြားသော ဂူများသည် သူတို့၏ သုတေသနအတွက် သင့်တော်သော အရာဖြစ်သည်။ ၎င်းတွင် တစ်မူထူးသော ဂေဟစနစ် ပါရှိပြီး စိတ်၀င်းစားဖွယ်ကောင်းပြီး ရှာဖွေတွေ့ရှိခြင်း မရှိသေးသည် လျှို့ဝှက်ချက် အမြောက်အမြားကို ပေးနိုင်စွမ်း ရှိသည်။ ထို့အပြင် ကျောက်ဖွဲ့စည်းမှုများ၊ ရေအောက်ထဲရှိ တောရိုင်းတိရစ္ဆာန်များသည် အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းပါသည်။ ဂူများသည် ဇီဝများနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ အစားအစာ မရှိသလောက် နီးပါးပင်၊ ထို့ပြင် အလွန်မှောင်ပါသည်။ မည်သို့ပင် ဆိုစေကာမူ သတ္တဝါအသေးလေး များသည် ဂူအနက်တွင်းပိုင်းတွင် အခြေချနေထိုင်ကြသည်။

ဂူစနစ်အတွင်းရှိ ဆိုးဝါးသော အခြေအနေများကြောင့် ထိုမျိုးစိတ်များသည် ဒေသပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ကြရသည်။ ထို့ကြောင့် စနစ်ထဲရှိ ရေသန်းများ နှင့် ခရုပတ်ကျိ တို့သည် အတော်ကို ပူနွေးသောရေတွင် တွေ့ရှိရသော ဘတ်တီးရီးယားများကို စားသုံးကြသည်။

၎င်းတို့၏ အုပ်စုဝင် ရေသတ္တဝါငယ်လေးများနှင့် နှိုင်းယှဥ်လျှင် ရေသန်းများသည် အလွန်ကို ပြောင်းလဲသွားပါသည်။ ထိုပြောင်းလဲမှုကို ဂူငုပ်သမားများမှ ဓါတ်ခွဲခန်းသို့ ယူလာသော မျိုးဗီဇ (DNA) နမူနာတွင် တွေ့ရှိရပါသည်။ ထိုပြောင်းလဲမှုသည် သုတေသီများကို စိတ်ဝင်စားစေပါသည်။ ၎င်းသည် ဆင့်ကဲဖြစ်စဥ် သီအိုရီအား သက်သေပြသော အချက်နောက်တစ်ခု ဖြစ်လာနိုင်သည်။ သတ္တဝါများသည် အသက်ရှင် ရပ်တည်ရေးအတွက် နုံချာသော အခြေအနေကို အလိုက်သင့် နေထိုင်ရပြီး ၎င်းတို့သည် အထူးလေ့ကျင့်ပြီးနေခြင်း (သို့) လိုအပ်သလို အလိုက်သင့်နေနိုင် မှသာလျှင် အသက်ရှင်နိုင်မည် ဖြစ်သည်။ ဤလေ့လာချက်သည် ချားလ်စ် ဒါဝင် (Charles Darwin) သည် ဂါလာပါဂိုကျွန်း (Galapagos Islands) တွင် စူးစမ်းရှာဖွေခဲ့သော ငှက်ပုတီးများ လေ့လာချက် နှင့် အတူဒွန်တွဲလျက်ရှိသည်။ ငှက်ပုတီးများသည် မတူညီသော အစားအစာ ရင်းမြစ်တွင် အထူးလေ့ကျင့်ပြီး နေစဥ် (၎င်းတို့၏ နှုတ်သီးပုံသဏ္ဍာန်ဖြင့် တွေ့မြင်နိုင်ပါသည်) ရေသန်းသည် အလိုက်သင့်နေထိုင်ပြီး မှောင်သောဂူထဲတွင် ဖြစ်ပေါ်သော ဘတ်တီးရီးယားအား စားသုံးပါသည်၊ ဂူအပြင်ဘက်တွင် ရှိသော ၎င်းတို့၏ မျိုးတူ မျိုးစိတ်များနှင့် ကွဲပြားပါသည်။ ထိုမှသာလျှင် ၎င်းတို့သည် ထိုနေရာတွင် အသက်ဆက် ရပ်တည်နိုင်ပါသည်။ ထို့ကြောင့် ဇီဝသက်ရှိများသည် အမြဲ နည်းလမ်း ရှာနိုင်ကြောင်း နှင့် ထောင်စုနှစ်အတွင်း ကျွန်ုပ်တို့၏ ပတ်၀န်းကျင်သည် ၎င်းတို့အပေါ် အစဥ်မပြတ် ပုံသွင်းနေကြောင်းကို တွေ့ရှိရသည်မှာ စိတ်လှုပ်ရှားစရာပင် ဖြစ်သည်။

အညွန်းပန်းတိုင်
  • ဂူငုပ်ခြင်း ခေါင်းစဥ်အကြောင်း အကြမ်းဖျင်းနားလည်စေရန်
  • မြေအောက်တွင် ကျယ်ပြန့်စွာ မြုပ်ပြီး ရှိနေသော ဂူစနစ်၏ သဘာဝအား နားလည်ရန်
  • ထိုကဲ့သို့ တစ်သီးတစ်ခြားရှိသော နေရာများကို သုတေသနပြုခြင်းသည် အရေးကြီးကြောင်း အသိပညာပေးခြင်းကို ဖန်တီးရန်
  • ထိုကဲ့သို့ ဂူများကို မည်ကဲ့သို့ မြေပုံမှတ်သားခြင်း (သို့) စူးစမ်းရှာဖွေခြင်းကို မိတ်ဆက်ရန်
  • ဆင့်ကဲဖြစ်စဥ် သီအိုရီအား နားလည်ခြင်း (သို့) များစွာသော ဇီဝ သက်ရှိများသည် သီးသန့် နေရာတွင် အလိုက်သင့်နေထိုင်နိုင်စွမ်း ရှိသည်ကို နားလည်စေရန်
  • မျိုးရိုးဗီဇ ခေါင်းစဥ်အား အကြမ်းဖျင်း ဆွေးနွေးထားခြင်း