အရင်းအမြစ်များ

အသိပညာဗဟုသုတ ရှာဖွေခြင်း

အက်စစ်သမုဒ္ဒရာ၏အန္တရာယ်များ

ပိုမိုကောင်းမွန်သော
နိဒါန်း

အက်စစ်နှင့်ဘေ့စ်တို့အကြောင်းသည် ဓာတုဗေဒဆိုင်ရာအခြေခံခေါင်းစဉ်များတွင်ပါဝင်သည်။ အရည်တစ်ခု၏အက်စစ်ဖြစ်ခြင်း သို့မဟုတ် ဘေ့စ်ဖြစ်ခြင်းကို ပီအိတ်ချ်တန်ဖိုးဖြင့်ဖော်ပြနိုင်သည်။ ပီအိတ်ချ်တန်ဖိုးနှိမ့်လေ ထိုအရည်သည်အက်စစ်ပါဝင်မှုပိုများလေဖြစ်သည်။ ဤတန်ဖိုးသည် ကျွန်ုပ်တို့၏ သမုဒ္ဒရာရေအတွက်လည်း အလွန်အရေးကြီးသည်။ ပင်လယ်အတွင်းရှိသတ္တဝါများနှင့်အပင်များသည် အခြားအရာများထက် သင့်လျော်သောပီအိတ်ချ်အဆင့်ကို ပိုမိုနှစ်သက်သည်။ လူသားတို့၏ ကာဘွန်ဒိုင် အောက်ဆိုက်ဒ်ဓာတ်ထုတ်လွှတ်မှု ပိုမိုများပြားလာခြင်းကြောင့် ပင်လယ်ရေသည် အက်စစ်ဖြစ်မှုပိုမိုမြင့်တက် လာပြီး အချို့မျိုးစိတ်များအတွက် အခက်ခဲများဖြစ်လာသည်။ ရုပ်ကြွင်းလောင်စာဆီများအသုံးပြုခြင်းကြောင့် ထွက်လာသော ကာဘွန်ဒိုင်အောက်ဆိုဒ်များသည် သမုဒ္ဒရာရေထဲသို့ များပြားစွာရောက်ရှိလာကြသည်။ သမုဒ္ဒရာရေသည် ထိုကာဘွန်ဒိုင်အောက်ဆိုဒ်များကိုစုပ်ယူပြီး ၎င်း၏ပီအိတ်ချ်တန်ဖိုးများကို ဖြည်းဖြည်းချင်းစီ ပြောင်းလဲလိုက်သည်။ ကာဘွန်ဒိုင်အောက်ဆိုဒ်သည် သမုဒ္ဒရာရေကို အက်စစ်ပါဝင်မှုနှုန်းများပြားစေပြီး ၎င်း၏ပီအိတ်ချ်တန်ဖိုးကိုလည်းလျော့ကျစေသည်။

ပင်လယ်အတွင်းရှိ သစ်ပင်နှင့်တိရိစ္ဆာန်များအတွက်အကျိုးဆက်မှာ ပိုမိုပြင်းထန်သည်။ သန္တာကျောက်မျိုးစိတ် တော်တော်များများသည် ၎င်းသို့နှိမ့်ကျသော ပီအိတ်ချ်တန်ဖိုးကို ခံနိုင်ရည်မရှိဘဲ သေကုန်ကြသည်။ များလှစွာ သော မျိုးကွဲသန္တာကျောက်မျိုးစိတ်များသည် ကြီးမားသော ကျောက်တန်းအဖြစ်သို့ဖြစ်ခွင့်မရကြတော့ပါ။ ထိုအစား သီးခြားမျိုးစိတ်များအနေဖြင့် ၎င်းအက်စစ်ပင်လယ်ရေများအတွင်း ပို၍ ရှင်သန်နိုင်ကြသည်။

ဇီဝမျိုးကွဲများလျော့ပါးလာခြင်းပြသနာသည် သိသာထင်ရှားလာသည်။ များပြားလှသောငါးမျိုးစိတ်များ၊ ဂဏန်းမျိုးစိတ်များနှင့် အခြားသောပင်လယ်သက်ရှိများသည် ကွဲပြားသောသန္တာကျောက်များအတွင်းနေထိုင် ကြသည်။ ထိုသက်ရှိများသည် ၎င်းကျောက်များအတွင်းအစာရှာခြင်း၊ နေထိုင်စားသောက်ခြင်းနှင့် အခြား အကောင်ကြီးများအတွက်အစာများအဖြစ် တဖန်ဖြစ်တည်ကြသည်။ အက်ဆစ်ပင်လယ်ရေသည် သက်ရှိ အကောင်ငယ်များ ဖြစ်သည့် ရေမျောကောင် သို့မဟုတ် ခရုငယ်များ အတွက်ပင်လျှင် အခက်အခဲဖြစ်စေသည်။ ထိုအက်စစ်ရေသည် ၎င်းအကောင်များနှင့်အခြားဂဏန်းမျိုးစိတ်များ၏ အခွံအတွက် ကယ်လ်စီယမ်ဖြစ်တည်မှု ကို ဟန့်တားသည်။ ထိုအခါ ၎င်းတို့၏အခွံများ သို့မဟုတ် အရေပြားများသည် ပိုမိုပါးလွှာနူးညံ့လာကာ ကြွပ်ဆတ်လာပြီး ၎င်းမျိုးစိတ်တို့၏အသက်ရှင်သန်မှုအတွက် အန္တရာယ်ဖြစ်လာသည်။ ဤအကြောင်းအရာ များသည် အစာကွင်းဆက်ပြတ်တောက်မှုအဓိကပြသနာဖြစ်စေသည့် မီးပွားငယ်များဖြစ်ပြီး အဏ္ဏဝါဂေဟ စနစ်အတွက် ကြီးမားသောအကျိုးဆက်ဖြစ်စေသည်။ သန္တာကျောက်တန်းမရှိခြင်းသည် ဇီဝမျိုးကွဲမရှိခြင်း၊ အစာရေစာမရှိခြင်းအဓိပ္ပာယ်ပင်ဖြစ်သည်။

ထို့ကြောင့် အဏ္ဏဝါဂေဟစနစ်ကို ကယ်တင်နိုင်ရန်အတွက် ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ထုတ်လုပ်မှုကိုထိထိ ရောက်ရောက်လျော့ချနိုင်ရန် အလွန်အရေးကြီးလှပါသည်။ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက သမုဒ္ဒရာ ရေအတွင်း အက်ဆစ်မြင့်တက်မှုရှိခဲ့ကြောင်း သုတေသီများကရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းကြောင့် သက်ရှိ မျိုးစိတ်အမြောက်အများမျိုးသုန်းမှုနှင့် ကမ္ဘာ့အပူချိန်သိသိသာသာမြှင့်တက်မှုဖြစ်လာခဲ့သည်။ ထိုအတွက် ကြောင့် ကျွန်ုပ်တို့အနေဖြင့် အချိန်မနှောင်းမီ ဤပြသနာကိုဂရုပြုအလေးထားရန်လိုအပ်သည်။

အညွန်းပန်းတိုင်
  • ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ကိုထိန်းသိမ်းရေး အသိပညာပေးရန်
  • သဘာဝတရားအတွင်း ရှုပ်ထွေးသောနှီးနှောဆက်နွယ်မှုကို နားလည်ရန်
  • အက်ဆစ်နှင့်ဘေ့စ်များကိုခွဲခြားရန် နှင့်ပီအိတ်ချ်တန်ဖိုးများကိုနားလည်ရန်
  • ကာဘွန်ဒိုင်အောက်ဆိုက်ဒ်သည်ပင်လယ်ထဲတွင်လည်းတွေ့နိုင်ပြီး သက်ရှိများစွာကို အန္တရာယ်ဖြစ်စေ နိုင်ကြောင်းကိုနားလည်ရန်