အရင်းအမြစ်များ

အသိပညာဗဟုသုတ ရှာဖွေခြင်း

ပင့်ကူတို့၏ဆန်းကြယ်သောကမ္ဘာ

လက်သင်
နိဒါန်း

လူတော်တော်များများအတွက် ပင့်ကူများသည် ကြောက်မက်ဖွယ်ရာ၊ ထူးခြားဆန်းကြယ်ပြီး မနှစ်မြို့ဖွယ်ရာဖြစ်သည်။ မကြာခဏဆိုသလို ကျွန်ုပ်တို့အမြင်တွင် ပင့်ကူများသည် အန္တရာယ်ရှိသည့် အကောင်ဖြစ်ပြီး တချို့လူများအတွက် ဤခြေရှစ်ချောင်းသတ္တဝါနှင့်ပတ်သက်ပြီး ကြောက်စိတ်လွန်ကဲမှု သဖွယ်ဖြစ်ပေါ်စေသည်။ မည်သို့ပင်ဆိုစေကာမူ ပင့်ကူများသည် သူတို့၏ ဂုဏ်သတင်းထက်ပိုပြီးကောင်းမွန် ကြသည်။

တောင်နှင့်မြောက်ဝင်ရိုးစွန်းမှလွဲ၍ ကမ္ဘာ့တိုက်ကြီးများအားလုံးတွင် ပင့်ကူမျိုးစိတ်ပေါင်း ၃၀,၀၀၀ ကျော် ရှိပြီး ပင့်ကူများသည် သက်ဆိုင်ရာဂေဟစနစ်များတွင် အလွန်အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်ကြသည် ကိုတွေ့ရမည်။ ပင့်ကူများသည် အလွန်အောင်မြင်သောမျိုးစိတ်များအဖြစ်လည်း သတ်မှတ်ခြင်းခံရသည်။ သူတို့၏လျို့ဝှက်ချက်မှာ အလွန်လိုက်လျောညီထွေနေနိုင်မှုနှင့် အထူးပြုနိုင်ခြင်းစွမ်းရည်တို့ကြောင့်ဖြစ်သည်။

တချို့ပင့်ကူများသည် ပင့်ကူအိမ်ကိုတည်ဆောက်ပြီး သားကောင်ကိုစောင့်ကြသည်။ ပင့်ကူအိမ်များသည် ပုံစံ စုံနှင့်ဒီဇိုင်းအစုံရှိပြီး နေ့တိုင်းပြန်လည်တည်ဆောက်လေ့ရှိသည်။ ပင့်ကူအိမ်ဆောက်ရာတွင် သုံးသောပင့်ကူ မျှင်သည် အလွန်ထူးခြားစိတ်ဝင်စားဖွယ်ကောင်းသောအရာဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ ပင့်ကူသည် မိမိထုတ်သောအမျှင်မည်မျှထူထဲမည်၊ မည်မျှဆန့်ထုတ်နိုင်မည်နှင့် တည်ဆောက်ရေးတွင် မည်သည့်နေရာ တွင်အသုံးပြုမည်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်သည်။ ထိုပင့်ကူမျှင်၏ထူးခြားချက်မှာ ၎င်းသည် စတီးထက်ပိုမိုခိုင် မာပြီး နိုင်လွန်ကြိုးထက် ပိုခံနိုင်ရည်ရှိသည်။

ထို့အပြင် အခြားအမဲလိုက်နည်းစနစ်များလည်း အများအပြားရှိသည်။ အချို့ပင့်ကူများသည် ကြောင်များကဲ့သို့ အမဲလိုက်လေ့ရှိပြီး မိမိသားကောင်ဆီသို့တဟုန်ထိုးသွားခြင်း သို့မဟုတ် ချောင်းမြောင်းဖမ်းဆီးခြင်းများပြုလုပ် သည်။ အခြားအကောင်များမှာ သားကောင်များဖမ်းဆီးရန် ထောင်ချောက်များ သို့မဟုတ် ကတော့များ ပြုလုပ် ကြသည်။ ထို့နောက် ပင့်ကူသည် မိမိ၏သားကောင်ထဲသို့ မိမိအဆိပ်ကိုထိုးသွင်းလိုက်သည်။ ထိုအဆိပ်သည် အစာခြေခြင်းလုပ်ငန်းစဉ်၏ ပထမအဆင့်ကိုစတင်လိုက်ပြီး ပင့်ကူများအတွက် မိမိအစာကို စားသုံးရာတွင် ပိုမိုလွယ်ကူစေသည်။ ထို့ကြောင့် သူတို့အနေဖြင့် အစာဝါးစရာမလိုသလောက်ဖြစ်ပြီး သူတို့၏ သားကောင်ကို စုပ်ယူလိုက်သည်။ ထိုအဆိပ်သည် အင်းဆက်အများစုအတွက်သေစေနိုင်သော်လည်း ကျွန်ုပ်တို့အတွက်မူ အခြေအနေတော်တော်များများတွင် အန္တရာယ်မပေးနိုင်ပါ။

မိတ်လိုက်ခြင်းနှင့်ပတ်သက်ရာတွင်လည်း ပင့်ကူများမှာထူးခြားသည့်မျိုးစိတ်များဖြစ်သည်။ မျိုးစိတ်အများစုမှာ အကြားအာရုံမရှိသောကြောင့် ခြေလက်သင်္ကေတကဲ့သို့ ပုံစံများဖြင့်ဆက်သွယ်လေ့ရှိကြသည်။ ဤကခုန်လှုပ် ရှားမှုများသည် အထူးသဖြင့် ခုန်နေသော ပင့်ကူများတွင် သိသာထင်ရှားလှပါသည်။ သူတို့သည် မိမိနောက် ကျောကို ကြမ်းပြင်တွင် ပုတ်ပြီး အမများကို ခေါင်းပေါ်မှနေ၍ ပွတ်သတ်သည်။ ပင့်ကူအဖိုအများစုအဖို့ ဤမိတ်လိုက်ခြင်းဓလေ့သည် ယေဘုယျအားဖြင့် အလွန်အန္တရာယ်များသည်။ အကြောင်းမှာ ပင့်ကူအမ အများစုသည် သိသိသာသာအကောင်ကြီးပြီး အဆိုးဆုံးမှာ အဖိုကိုပင် စားတတ်သောကြောင့်ဖြစ်သည်။

ဤအပြုအမူများနှင့် စွမ်းရည်များသည် ပင့်ကူကိုထူးခြားသောသတ္တဝါဖြစ်စေသည်။ သူတို့သည် အင်းဆက်အ မျိုးစုံကို ရှင်းလင်းသတ်ဖြတ်ခြင်းဖြင့် မျှတသောဂေဟစနစ်အတွက်အကူညီပေးကြသည်။ ထို့ကြောင့်ကျွန်ုပ်တို့ သည် ပင့်ကူများကို စိတ်ဝင်စားဖွယ်ကောင်းပြီး အထောက်အကူဖြစ်သော သတ္တဝါများအဖြစ် ပိုမိုမြင်လာကြပြီး ထူးခြား၍ မနှစ်မြို့ဖွယ်သတ္တဝါအဖြစ် ဂုဏ်သတင်းကျော်စောခြင်းကို တိုက်ဖျက်ပေးရန်လိုအပ်လှပါသည်။

အညွန်းပန်းတိုင်
  • ပင့်ကူတို့၏ကမ္ဘာနှင့်ပတ်သက်ပြီး စိတ်ဝင်စားလာခြင်း
  • ပင့်ကူများကိုမည်သည့်အရာများကထူးခြားစေသည်ကို တွေ့ရှိလာခြင်း
  • ပင့်ကူများ၏ကောင်းကျိုးများနှင့်ပတ်သက်ပြီး အသိပညာတိုးပွားလာခြင်း