အရင်းအမြစ်များ

အသိပညာဗဟုသုတ ရှာဖွေခြင်း

သမုဒ္ဒရာထဲမှာပလက်စတစ် အမှုန်အမွှားများ (microplastic)

လက်သင်
နိဒါန်း

ပစ္စည်းအတုများ နှင့် ပလက်စတစ်များသည် ကျွန်ုပ်တို့၏ နေ့စဥ်ဘဝတွင် နေရာတိုင်း၌ မြင်ရပြီး ကျွန်ုပ်တို့ ဘဝနှင့် တစ်သားတည်း ဖြစ်နေသည်။ နယ်ပယ်တိုင်းတွင် ၎င်းတို့ကို အသုံးပြုနေကြသည်။ ရေဘူးများ၊ ကုန်ထုပ်ပစ္စည်းများ၊ အိတ်များ၊ ကစားစရာများ နှင့် အခြားပစ္စည်းများစွာ တို့ကို ပလက်စတစ်ဖြင့် ပြုလုပ်နိုင်ပါသည်။ ကံမကောင်းစွာဖြင့် စွန့်ပစ်ပလက်စတစ်များသည် ကျန်ုပ်တို့ ကမ္ဘာကြီး၏ သမုဒ္ဒရာများထဲတွင် ပိုပိုပြီး အဆုံးသတ်လာပါသည်။ သမုဒ္ဒရာထဲရှိ ပလက်စတစ် ညစ်ညမ်းမှုသည် လူသားများ နှင့် တိရစ္ဆာန်များအတွက် ကြီးမားသော အန္တရာယ်ကို ဖြစ်ပေါ်စေသည်။

တိရစ္ဆာန်များ စွန့်ပစ်ပလက်စတစ်များထဲ၌ ဖမ်းမိခြင်း နှင့် ဒဏ်ရာရခြင်း အန္တရာယ် အပြင် မမြင်ရသလောက်နီးပါးဖြစ်သော အခြားသော ခြိမ်းခြောက်မှုမှာ − ပလက်စတစ် အမှုန်အမွှားများ (microplastic) ဖြစ်သည်။ ပလက်စတစ် အမှုန်အမွှားများ (microplastic) သည် ၎င်း၏ အရောင်တင်နိုင်သော အကျိုးအကြောင့် အလှကုန် ပစ္စည်းများစွာတွင် ပါ၀င်ပါသည်။ ရာဘာတာရာ၏ ပွန်းပဲ့ခြင်း နှင့် ဓါတုဗေဒဆိုးဆေး အ၀တ်အစားများကို လျှော်ခြင်းဖြင့် ပလက်စတစ်အမှုန်အမွှားများကို ဖြစ်ပေါ်စေပါသည်။ ထိုဒြပ်မှုန်များသည် ယေဘုယျအားဖြင့် မြစ်များ မှတစ်ဆင့် သမုဒ္ဒရာများထဲသို့ ဖြတ်သန်းသွားကြသည်။ သမုဒ္ဒရာထဲရှိ (ရေဘူးများ၊ အိတ်များ၊ ကုန်ထုပ်ပစ္စည်း၊ စသဖြင့်) စွန့်ပစ်ပလက်စတစ်များသည် ဒီရေအားဖြင့် ဆေးကြောခြင်း ခံရပြီး၊ ထို့အပြင် နေ (သို့) လေထဲတွင် အချိန်အကြာကြီး ရှိနေပါက ပလက်စတစ်အမှုန်အမွှားများသည် ဖြစ်ပေါ်လာပါသည်။

ရလဒ်မှာ ပလက်စတစ် အမှုန် အသေးများသည် ၅မီလီမီတာထက် ပို၍ သေးငယ်ပြီး ရေစီးကြောင်း မှတစ်ဆင့် သမုဒ္ဒရာ တစ်လျှောက် ပျံ့နှံ့သွားသည်။ အာတိတ်ဒေသတွင် ပလက်စတစ် အမှုန်အမွှား (microplastic) ရေလှောင်ကန်ကို ပုံစံဖော်ထားပြီး ဖြစ်သည်ကို ထိုဒေသမှ နမူနာများက ပြသပါသည်။ ပလက်စတစ် အမှုန်အမွှားများ (microplastic) ကို ငါး၊ ခရု (သို့) အခွံမာ ရေနေသတ္တဝါများက ကောက်ယူကြပါသည်။ ၎င်းသည် သူတို့၏ ခန္ဓာကိုယ်တွင် စုပြီး သူတို့၏ အစာခြေစနစ်ကို အနာတရ ဖြစ်စေပါသည်။ ၎င်းတို့သည် ကင်ဆာရောဂါကို ဖြစ်စေသည်ဟု သံသယရှိပါသည်။ ထို့ကြောင့် ၎င်းသည် အဏ္ဏဝါဂေဟစနစ်၏ ဇီဝမျိုးစုံမျိုးကွဲများကို သာမက လူသားများကိုပါ ခြိမ်းခြောက်မှုရှိပါသည်။ ပလက်စတစ် အမှုန်အမွှား (microplastic) များဖြင့် ညစ်ညမ်းနေသာ ငါးကို စားသုံးမိပါက ကျွန်ုပ်တို့သည် အန္တရာယ်ရှိသော ဒြပ်ကို စုပ်ယူလိုက်ပြီး အန္တရာယ် အလားအလာရှိသည့် ကျန်းမာရေး အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။

အဆိုးဆုံးအခြေအနေတွင် အချို့သော ငါးမျိုးစိတ်များကိုမူ အစားအစာ ရင်းမြစ်အဖြစ် သုံးမရတော့ပါ၊ အဘယ့်အကြောင့်ဆိုသော် ၎င်းတို့မှာ အလွန်အကျွံ ညစ်ညမ်းနေပြီး တုံ့ဆိုင်းခြင်းမရှိဘဲ စားသုံး၍ မရတော့ပါ။ ထို့ကြောင့် ပလက်စတစ် အမှုန်အမွှား (microplastic) များကို ရှောင်ရှားရန် အလွန်အမင်း အရေးကြီးပါသည်၊ ထို့ပြင် စွန့်ပစ် ပလက်စတစ်များကို ပင်လယ်ထဲတွင် မဟုတ်ဘဲ မှန်ကန်စွာ စွန့်ပစ်ရန် ဖြစ်ပါသည်။

အညွန်းပန်းတိုင်
  • ပလက်စတစ် အသုံးပြုခြင်းအား သတိရှိရန်
  • သဘာ၀ သံသရာအား နားလည်ခြင်း တိုးတက်စေရန်
  • သန့်ရှင်းပြီး အကျိုးရှိသော အစားအစာ ကွန်ရက်၏ အရေးကြီးမှုအား နားလည်ရန်
  • အရေးမထားဘဲ စွန့်ပစ်သော အမှိုက်များ၏ အကျိုးဆက်များရဲ့ အသိပညာပေးခြင်းအား ဖန်တီးရန်