အရင်းအမြစ်များ

အသိပညာဗဟုသုတ ရှာဖွေခြင်း

စိတ်ခံစားမှုများကို တိုင်းတာခြင်း

အဆင့်အားလုံး
နိဒါန်း

တစ်ဦးနှင့် တစ်ဦး အချင်းချင်း ဆက်ဆံရေး နှင့် ဆက်သွယ်ရေးအတွက် စိတ်ခံစားမှုသည် အခြေခံကို ဖန်တီးပေးပါသည်။ အပြောအဆို နှင့် အမှုအရာ ကဲ့သို့မဟုတ် စိတ်ခံစားမှုသည် လူတိုင်းအတွက် တူညီပါသည်။ ၎င်းတို့သည် ရှင်းလင်းသော ဝိသေသလက္ခဏာများ မှတစ်ဆင့် ဖော်ပြပါသည်၊ ထို့ကြောင့် နိုင်ငံသား၊ အသက် (သို့) ကျားမ တို့ပေါ် မှီတည်ခြင်းမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် စိတ်ခံစားမှု အခြေအနေအပေါ် မူတည်၍ ဆက်သွယ်စေပါသည်။ စိတ်ပညာရှင်များသည် ထိုစိတ်ခံစားမှုများကို စူးစမ်းစစ်ဆေးပြီး၊ လူသားများနှင့် သူတို့၏ ပတ်၀န်းကျင်ပေါ် သက်ရောက်မှုကို လေ့လာပါသည်။ အင်တာနက် မှတစ်ဆင့် ကျွန်ုပ်တို့သည် လုံလောက်သော စိတ်ခံစားချက် လှုံဆော်မှုကို ဖော်ထုတ်ပါသည်ဟု ပညာရှင်များမှ ယုံကြည်ပါသည်။

စိတ်ခံစားမှုများကို ပိုင်းခြားစိတ်ဖြာခြင်းသည် စိတ်ပညာဘောင် အပြင်ဘက်၏ အရေးကြီးမှုကို ပိုပိုပြီး ရရှိလာပါသည်။ လူမှုကွန်ရက်တွင် သင့်လျော်သော စိတ်ခံစားမှုများဆီသို့ သတ်မှတ်ပေးရန်အတွက် အချို့သော ရုပ်ပုံများ နှင့် မျက်နှာအမူအရာများကို စိစစ်ပါသည်။ ရလဒ်အားဖြင့် ကြော်ငြာခြင်းများကို ပို၍တိကျစွာ ချိန်ရွယ်နိုင်ခြင်း၊ စိတ်ခံစားမှုများကို ပို၍ သင့်လျော်အောင် ပြသနိုင်ခြင်း၊ နှင့် အခြားသော စီစဥ်ထားသည့် လှု့ဆော်ပေးသည့်အရာကို ဖန်တီးနိုင်သည်။ ဥပမာ − ဝမ်းနည်းကြေကွဲနေချိန်အတွက် ဤဗီဒီယိုသည် ရယ်စရာကောင်းသော (သို့) ချစ်ဖွယ်ကောင်းသော ဗီဒီယို ဖြစ်နိုင်ပါသည်။ ပရိုဂရမ်သည် စိတ်ခံစားမှုကို မှတ်သားပြီး သင့်တော်သော တိုင်းတာမှုများကို စတင်လုပ်ဆောင်ပါသည်။ အယ်လဂိုရီသမ်သည် စိတ်နေစိတ်ထားကို မှတ်သားရန် သင်ႏယူပြီး နောက်ထပ် အကြောင်းအရာများ အတွက် အသုံးပြုပါသည်။

မျက်နှာအမူအရာ သရုပ်ဖော်ခြင်း မှတစ်ဆင့် စိတ်နေစိတ်ထားများကို မေးမြန်းစုံးစမ်းထားသော ခံစားချက်များကို ဖော်ပြသည့် ရုပ်ပုံကလေးများသည် ပို၍ လူသိများလာကြသည်။ စိတ်ခံစားမှုများကို ကိုယ်စားပြုခြင်းသည် ဆန်းသစ်ပြီး ရှင်းလင်းလွယ်ကူသော ဆက်သွယ်ရေး နည်းလမ်း တစ်ခု ဖြစ်နိုင်သည်။ စာတို (သို့) အီးမေးလ်များတွင် ၎င်းတို့သည် ရုပ်ပြောင် (emoji) ပုံစံဖြင့် ရေးသားဖော်ပြနေပြီး ဖြစ်သည်။

ဥပမာ − စက်ရုပ်ပုံစံဖြင့် စာနာမှုကို အသွင်ဆောင်ပေးနိုင်သော ဉာဏ်ရည်တု (Artificial Intelligence) ကို ထုတ်လုပ်ရန်မှာ နောက်ထပ် ရည်မှန်းချက် ဖြစ်သည်။ အခြားသော စိတ်ခံစားမှုများလည်း ဖြစ်နိုင်ပါသည်။ ဥပမာ − ခန့်မှန်းရသော ကစားနည်း (သို့) အားကစား လေ့ကျင့်ခန်းများ အသွင်ဆောင်ပေးနိုင်သော ပထမဆုံး စက်ရုပ်ကို ဂျပန်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီး ဖြစ်ပြီး သူနာပြု ဝန်ထမ်းအပေါ် ဝန်ပိခြင်းကို သက်သာစေရန် အသုံးချနေပြီးဖြစ်ပါသည်။

အညွန်းပန်းတိုင်
  • စိတ်ခံစားမှု အကြောင်းကို သင်ယူရန် နှင့် နားလည်စေခြင်း
  • အခြားသူတစ်ဦးအား နားလည်ခြင်း (စာနာြခင်းကို) ကို ပြသနိုင်ရန်
  • လူလူချင်း ဆက်သွယ်ရေး နှင့် လူသားများ၏ မျက်နှာအမူအရာကို စိစစ်ခြင်း
  • ဉာဏ်ရည်တု (Artificial Intelligence) အကြောင်းအရာ ဖြင့် ဆက်စပ်ခြင်း