အရင်းအမြစ်များ

အသိပညာဗဟုသုတ ရှာဖွေခြင်း

အဆိပ်သင့်နေသော တိရိစ္ဆာန်များ

အဆင့်အားလုံး
နိဒါန်း

အရက်သေစာသည် ကျွန်ုပ်တို့အတွက် ထိခိုက်မှုပေးသော်လည်း လူများစွာမှ နေ့စဉ်သောက်သုံးလျက်ရှိကြသည်။ ထိန်းချုပ်နိုင်မှု ဆုံးရှုံးခြင်း၊ မှီခိုအားကိုးမှုပြုလုပ်ရခြင်းနှင့် ကျန်းမာရေးအစရှိသည် အန္တရာယ်ရှိကြောင်း သိရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး သုတေသနများပြုလုပ်ခဲ့ကြသော်လည်း လူများစွာမှာ အရက်သေစာအများအပြား ဆက်လက်၍ မှီဝဲနေဆဲဖြစ်သည်။

အချို့မှ အရက်သေစာသောက်သုံးခြင်းသည် လူသားများ၏ အမူအကျင့် တစ်ခုဖြစ်သည်ဟု ထင်မြင်ကြမည် ဖြစ်သော်လည်း တိရိစ္ဆာန်ကမ္ဘာတွင်လည်း အရက်သေစာ မှီဝဲမှုရှိကြောင်း ဥပမာတစ်ချို့ကို တွေ့ရသည်။ လူသားတို့ သောက်သုံးသော အရက်သေစာကို နည်းပညာအသုံးအနှုန်းအရ အီသာနော (ethanol) ဟုခေါ်သည်။ အီသာနော (ethanol) အား သကြားကိုစားသုံးသည့် တဆေးမှိုမှ ချက်လုပ်ပြီး ၎င်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အီသာနော (ethanol) သို့မဟုတ် အရက်သေစာကို ထုတ်လုပ်သည်။ အဆိုပါနည်းသည် ကမ္ဘာတဝှမ်းရှိ အရက်အများစုအား ချက်လုပ်သည့် နည်းပင်ဖြစ်သည်။

သဘာဝအရလည်း အဆိုပါသဘောတရားအတိုင်းပင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အသီးများ၊ ဝတ်ရည်၊ ပျားရည် သို့မဟုတ် အသီးအရွက်အရည်များတွင်လည်း သကြားဓာတ် (ဂလူးကို့စ် − glucose နှင့် ဖရက်ခ်ထို့စ် − fructose) ပါ၀င်သည်။ တဆေးမှိုသည် ကမ္ဘာတဝှမ်းတွင် ပျံ့နှံ့လျက်ရှိသည့်အပြင် တိရိစ္ဆာန်များမှလည်း သယ်ယူကြခြင်းကြောင့် အသီးကို အခြေခံသော အစားအသောက်အရင်းအမြစ် အားလုံးနီးပါးတွင် အရက်ဖောက်မှုဖြစ်ပေါ်တတ်ကြောင်း တွေ့ရသည်။

အဆိုပါအသီးများကို စားသုံးသော တိရိစ္ဆာန်များ (နို့တိုက်သတ္တဝါများ၊ ငှက်များ၊ အင်းဆက်များ) သည် အရက်နှင့် ထိတွေ့မှု ရရှိစေသည်။ သို့ရာတွင် ကြွက်များနှင့် အသီးအနှံစား ယင်ကောင်များဖြင့် ဓာတ်ခွဲစမ်းသပ်လေ့လာမှုများအရ အဆိုပါ တိရိစ္ဆာန်များသည် အရက်ကို မနှစ်သက်သည့် သဘာဝရှိသည်။ တိရိစ္ဆာန်များသည် ရွေးချယ်စရာရှိပါက အရက် မပါဝင်သည့် အစာကိုသာ စားလိုကြသည်။ လူသားများနှင့် ယှဉ်ကြည့်နိုင်မှုလည်း ပြုလုပ်နိုင်သည်။ အကယ်၍ ကလေး တစ်ဦးအား ဝိုင်နှင့် ရှောက်သီးဖျော်ရည်ကို ရွေးချယ်စေမည် ဆိုပါက ကလေးသည် ရှောက်သီးဖျော်ရည်ကိုသာ ရွေးချယ်ပြီး ဝိုင်ကိုနှစ်သက်မည်မဟုတ်ဆိုသည်မှာ သဘာဝကျသည့် အခြေအနေဖြစ်သည်။ အီသာနောသည် အဘယ်ကြောင့် အပင်နှင့် သစ်သီးများမှ ဖြစ်ပေါ်လာသနည်း။ သဘာ၀အတွက် မည်သည့်ကောင်းကျိုးရှိသနည်း။ သဘာ၀ကျသည့် အဖြေတစ်ခုရှိပါသည်။ အင်းဆက်များသည် အီသာနော၏ အနံ့ကိုရရှိပြီး ဆွဲဆောင်မှု ဖြစ်စေသည်။ ၎င်းတို့အတွက် အစာအရင်းအမြစ်၏ အနံ့ကဲ့သို့ဖြစ်ပြီး အပင်မှာလည်း ၎င်းတို့၏ ဝတ်မှုန်အား အင်းဆင်များမှတဆင့် ဖြန့်ဖြူးနိုင်ခြင်းကြောင့် ပျော်ရွင်မှုရှိသည်။

ဝတ်ရည်သောက်သုံးရခြင်းကို နှစ်သက်သော တွားသွားသတ္တဝါ သို့မဟုတ် နို့တိုက်သတ္တဝါ အချို့လည်းရှိသည်။ တိရိစ္ဆာန်များစွာမှာ ၎င်းတို့၏ ခန္ဓာကိုယ်နှင့်ယှဉ်လျှင် များစွာစားသောက်ကြသော်လည်း မူးယစ်သွားခြင်းကို မတွေ့ရ တတ်ပေ။ သုတေသီများသည် ၎င်းမှာမြန်ဆန်သော အစာချေဖျက်မှုနှင့် တနေ့တာ စားသောက်မှု ပမာဏကြောင့်ဟု မှတ်ယူထားကြသည်။ တိရိစ္ဆာန်များ (ဤနေရာတွင် မျောက်များ) သည် သွယ်ဝိုက်စွာသောက်သုံးမိခြင်း သို့မဟုတ် လူသားများအပေါ်၌ မှီခိုမှုရှိသည်။ ဥပမာ − ကာရေဗီယန်ရှိ ခရီးသွားများ သွားရောက်သည့် ကမ်းခြေများတွင် မျောက်များသည် ခရီးသွားများ၏ သောက်စရာများအား ခိုးယူသောက်သုံးမှုရှိခဲ့သည်။

ကျွန်ုပ်တို့ လူသားများမှာလည်း အရက်သေစာကို မနှစ်သက်သည့် သဘောတရားရှိပြီး အသက်တာတစ်လျှောက် ကွဲပြားသည့် အချိန်တွင် ဖြစ်ပေါ်လာတတ်သည်။ အရက်သေစာမှီဝဲခြင်းမှာ လူမှုဆက်ဆံရေး သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာများကြောင့်သာဖြစ်ပြီး ၎င်းမှရရှိနိုင်သော အာဟာရကြောင့်မှီဝဲခြင်း မဟုတ်ပေ။ အရက်မှာ ကျွန်ုပ်တို့အား အန္တရာယ်ပေးနိုင်ပြီး တပါးသူအပေါ်မှီခိုရခြင်းသို့ တွန်းပို့ပေးနိုင်သည်။

အညွန်းပန်းတိုင်
  • အရက်မှာ အန္တရာယ်ကင်းသည့် အားတိုးဆေးတစ်ခုမဟုတ်ဘဲ ဆိုးရွားသောအကျိုးဆက်များ (စွဲလမ်းမှုကို ကြိုတင်ကာကွယ်ခြင်း) ရှိကြောင်း လေ့လာသိရှိနိုင်ရန်။
  • အရက်ပမာဏအနည်းငယ်မှာ သဘာ၀အရဖြစ်တတ်ကြောင်းနှင့် သဘာဝကျသည့်ကိစ္စဖြစ်ကြောင်းကို နားလည်သဘောပေါက်ရန်။
  • သက်ရှိသတ္တဝါအားလုံးသည် အရက်စစ်စစ်ကို မနှစ်သက်သော သဘာဝရှိကြောင်း သတိပြုမိစေရန်။
  • အရက်ကို
  • အရက်ကို တာဝန်သိသိအသုံးချတတ်မှုကို သင်ကြားပေးသင့်ကြောင်းသိရှိရန်။