အရင်းအမြစ်များ

အသိပညာဗဟုသုတ ရှာဖွေခြင်း

အင်းဆက်ပိုးမွှားများ− ဇီဝယန္တယားဆိုင်ရာ (Bionics) အကျော်အမော်များ။

ပိုမိုကောင်းမွန်သော
နိဒါန်း

အင်းဆက်များအား ကမ္ဘာပေါ်ရှိ အအောင်မြင်ဆုံး သက်ရှိမျိုးစိတ်အဖြစ် သတ်မှတ်ထားသည်။ အင်းဆက် မျိုးစိတ်များသည် နို့တိုက် ကမ္ဘာပေါ်ရှိ သတ္တဝါ၊ အပင်၊ ဘက်တီးရီးယာနှင့် ဗိုင်းရပ်စ်မျိုးစိတ် အားလုံးပေါင်း ထက် ပို၍ များပြားသည်။ ၎င်းတို့သည် များပြားစွာ ပျံ့နှံ့လျက်ရှိပြီး ကမ္ဘာ့နေရာ အများစု၌ တွေ့ရသည်။ လူသားများအတွက် မေးခွန်းမှာ မည်သည့်အရာက အင်းဆက်ပိုးမွှားများအား အလွန်အောင်မြင်စေသနည်း နှင့် ၎င်းတို့ထံမှ ကျွန်ုပ်တို့ မည်သို့သင်ယူနိုင်မည်နည်း။

သဘာဝမှ အရာတစ်ခုကို သင်ယူပြီး သတ်မှတ်ထားသော ခေါင်းစဉ်အတွက် အသုံးချခြင်းကို ဇီဝယန္တယားဟု ခေါ်သည်။ အဆိုပါ စကားလုံး၏ ဆိုလိုရင်းမှာ လူသားများသည် သဘာဝမှ တစ်စုံတစ်ခုကို လေ့လာ၍ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် အသုံးပြုခြင်းဖြစ်သည်။ ဥပမာ ကြာပင်ပေါ်သို့ ရေများ တလှိမ့်လှိမ့်ကျဆင်းခြင်း။ အဆိုပါ ပုံစံအား ကြီးမားသော မှန်ဖြင့် ဆောက်လုပ်ထားသော အဆောက်အဦးကြီးများ၌ သန့်ရှင်းမှု လုပ်ငန်းကို လျော့ချနိုင်ရန် အသုံးပြုသည်။ ဇီဝယန္တယားကို အသုံးပြုခြင်းဆိုသည်မှာ မိခင်သဘာ၀ကြီးထံမှ သင်ယူခြင်းကို ဆိုလိုသည်။

ဤရုပ်ရှင်တွင် ကျွန်ုပ်တို့သည် အင်းဆက်မျိုးစိတ် ၃ ခုကိုတွေ့ရပြီး ၎င်းတို့တွင် လူသားများအတွက် စိတ်ဝင်စားဖွယ်စွမ်းရည်များ ရှိနေနိုင်သည်။ ထို့အပြင် ကျွန်ုပ်တို့သည် ယေဘုယျဥပမာ ၃ ခုကိုလည်း ထပ်မံတွေ့ရသည်။ ပထမဆုံးမှာ လေဒီဘတ်ဒ် ပိုးတောင်မာဖြစ်သည်။ ပြင်သစ်နှင့် ဂျာမဏီမှ သုတေသီများမှ အာရှပိုးတောင်မာသည် ၎င်း၏ မူလနေထိုင်ရာပတ်ဝန်းကျင်မဟုတ်သော်လည်း ဥရောပတွင် ကောင်းမွန်စွာ အသက်ရှင်နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သုတေသီများမှ ၎င်းမှာ ပိုးတောင်မာများ၏ ကိုယ်ခံစနစ်ကြောင့်ဟု မှတ်ယူထားသည်။ အာရှပိုးတောင်မာ၏ ပိုးလောင်းကောင်များသည် ကပ်ပါးကောင်များဖြင့် ပြည့်နှက် နေသော်လည်း ၎င်းတို့၏ ကိုယ်ခံစနစ်မှ ထိန်းချုပ်ထားနိုင်သည်။ အကယ်၍ ပိုးလောင်းကောင်သည် ရန်သူ ပိုးကောင်များ၏ စားသောက်ခြင်းခံရပါက ရန်သူပိုးကောင်မှာ ကပ်ပါးကောင်များကူးစက်ခံရပြီး အားနည်း သွားကြသည်။

သုတေသီများ၏ တွေ့ရှိချက်အရ ပိုးတောင်မာ၏ ကိုယ်ခံစနစ်သည် ကူးစက်ရောဂါများကိုပင် တားဆီး ကာကွယ်နိုင်ခြင်းကြောင့် ဆေးပညာအတွက် အလွန်အရေးကြီးသော အကူအညီ ဖြစ်စေသည်။ လူများစွာအတွက် စိုးရိမ်ဖွယ် ပြသနာဖြစ်သည့် ဆေးမျိုးစုံဒဏ်ကို ခံနိုင်ရည်ရှိသော ဘက်တီးရီးယားများအား တိုက်ဖျက်နိုင်ရန် သုတေသီများမှ အလေးထား ဆောင်ရွက်လျက်ရှိသည်။ ၎င်းကြိုးပမ်းမှုသည် ပိုးတောင်မာ၏ အကူအညီကြောင့် အပြီးသတ်ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။

အခြားအကူအညီပေးသည့် အင်းဆက်ပိုးမွှားမှာ ပိုးချည်ပိုးကောင်ဖြစ်သည်။ ၎င်းသည် အခြား ပစ္စည်းများ အတွက် အစားထိုးပစ္စည်းအဖြစ် အသုံးပြုနိုင်သည့် အလွန်ပေါ့ပါးပြီး ခိုင်မာသည့် ပိုးချည်ကို ထုတ်လုပ် ပေးသည်။ အမေရိကန်မှ သုတေသီများသည် ပလတ်စတစ်နှင့် အရိုးအစားထိုးကုသမှုအတွက် အသုံးပြု နိုင်မည့် ပထမဆုံး နမူနာပုံစံကို တီထွင်နိုင်ခဲ့ပြီဖြစ်သည်။ နူးညံ့သော ပိုးချည်ကို အထူးပြုလုပ်ထားသော ဓာတုဗေဒ ဖြစ်စဉ်ဖြင့် ပို၍ မာကြောအောင် ပြုလုပ်ခြင်းဖြင့် − ဥပမာ − ပလတ်စတစ်ကြောင့် ဖြစ်ပေါ် လာသည့် ညစ်ညမ်းမှုများအား လျော့ချစေပြီး သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းခြင်းအတွက် အရေးကြီးသော အထောက်အကူ ဖြစ်စေနိုင်သည်။ ထို့အပြင် ပိုးချည်အား အေးခဲစေခြင်းမရှိဘဲ ကာကွယ်ဆေး များ သယ်ယူရာတွင် ထည့်စရာ အဖြစ်သော်လည်းကောင်း ဒဏ်ရာများအတွက်လည်း အကာအကွယ် အပိုင်းအစအဖြစ်သော်လည်းကောင်း အသုံးပြုနိုင်သည်။ သို့ဖြစ်၍ ပိုးချည်ပိုးကောင်သည် သဘာ၀၏ အံ့သြဖွယ်ရာတစ်ခု ဖြစ်သည်။

နောက်ဆုံး ဖော်ပြထားသည့် အသုံးဝင်သည့်အရာမှာ ပုရွက်ဆိတ်ပင်ဖြစ်သည်။ ပုရွက်ဆိတ် အဖွဲ့အစည်း၏ ပြုမူနေထိုင်မှုမှာ စနစ်ကျ၍ စေ့စပ်သည်။ ပြင်သစ်မှ သုတေသနအဖွဲ့သည် အဆိုပါ ပုံစံအတိုင်းရှုပ်ထွေးသော လမ်းများ၌ ယာဉ်ကြောထိန်းသိမ်းမှုစနစ်အတွက် အသုံးပြုနိုင်ရန် မျှော်လင့်လျက်ရှိသည်။ ၎င်းတို့သည် ပရွက်ဆိတ်များအား ကွဲပြားသော အစာလမ်းကြောင်းများရှာဖွေစေခြင်းဖြင့် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။
အချိန်တိုအတွင်း၌ အတိုဆုံးအစာလမ်းကြောင်းအား ရှာဖွေနိုင်သည့်အပြင် အရည်အသွေးကောင်းသည့် အစာရရှိရန်နှင့် ကြပ်ညှပ်မှုမရှိစေရန်လည်း ဆောင်ရွက်နိုင်ကြောင်းကိုပါ တွေ့ရှိခဲ့ရသည်။ ပုရွက်ဆိတ် များသည် ရနံ့လမ်းကြောင်းမှတဆင့် အထူးသီးသန့်ဆက်သွယ်ခြင်းဟူသော ရိုးစင်းသည့် ပုံစံကိုသာ အသုံးပြုကြသည်။

အဆိုပါ စမ်းသပ်မှုများမှ တွေ့ရှိချက်များမှတဆင့် သိပ္ပံပညာရှင်များသည် အရှေ့ဂျာမဏီရှိ အလွန် ရှုပ်ထွေးသည့် လမ်းဆုံအတွက် အယူအဆတစ်ခုကို ဖော်ထုတ်ခဲ့သည်။ ပို၍မြန်ဆန်သော နည်းလမ်းမရှိနိုင်ဟု အဆိုပါမြို့မှ ယုံကြည်ထားချိန်၌ ယာဉ်လမ်းကြော စီစဉ်သူများသည် ပုရွက်ဆိတ်များ၏ နမူနာကို ရယူထားသည့် ဉာဏ်ရည်မြင့် မီးပွိုင့်ထိန်းချုပ်မှုစနစ်၏ အကူအညီဖြင့် လမ်းကြပ်တည်းမှုကို သိသိသာသာ တိုးတက် ကောင်းမွန်လာစေရန် စီမံနိုင်ခဲ့သည်။ ယာဉ်မောင်းသူများနှင့် စက်ဘီးစီးနင်းသူများအတွက် စောင့်ဆိုင်းချိန်မှာ ၃၀% နှင့် ၄၀% အထိ ကျဆင်းလာခဲ့ပြီး ဓာတ်ရထား၏ စောင့်ဆိုင်းချိန်ကို ၈၀% အထိ လျော့ချနိုင်ခဲ့သည်။ လမ်းဆုံများရှိ ယာဉ်ကြောထိန်းချုပ်မှုစနစ်မှာ ကွဲပြားမှုများဖြင့် လုပ်ဆောင်မှုရှိလာပြီး အချိန်အတိအကျဖြင့် သတ်မှတ်ထားခြင်း မရှိတော့ပေ။ အကယ်၍ မီးပွိုင့်မှ ယာဉ်ကြပ်တည်းသည့် ယာဉ်ကြောကို သတိပြုမိပါက ၎င်းမှာ ဦးစားပေးယာဉ်ကြောဖြစ်လာသည်။ ထိန်းချုပ်မှုစနစ်မှ ယာဉ်အရေအတွက်ကို အတိအကျ မှတ်တမ်းယူထားပြီး ယာဉ်ကြပ်တည်းမှု အခြေအနေပေါ်မူတည်၍ အလိုက်သင့်ဖြတ်သန်းခွင့် ပြုလုပ်ပေးသည်။

ယခုအချိန်၌ အင်းဆက်ပိုးမွှားများ၏ စွမ်းဆောင်ရည်ကို သိရှိခဲ့ပြီဖြစ်ပြီး လူသားများအနေဖြင့် အဆိုပါ စွမ်းရည်များကို နေ့စဉ်ပြသနာများကို ဖြေရှင်းနိုင်ရန် အသုံးပြုနိုင်မည် ဖြစ်သည်။

အညွန်းပန်းတိုင်
  • “ဇီဝယန္တယား”ဟူသော အသုံးအနှုန်းကို နားလည်ရန်။
  • အင်းဆက်ပိုးမွှားများအား စိတ်ရှုပ်စရာအဖြစ် မရှုမြင်ဘဲ အကျိုးရှိသည့်အရာအဖြစ် မှတ်ယူရန်။
  • သဘာဝမှတဆင့် မည်သို့လေ့လာမှုပြုလုပ်နိုင်ကြောင်းနှင့် လူသားများအတွက် မည်မျှ အရေးပါကြောင်းကို သတိပြုလာစေရန်။
  • သဘာဝအား ထိန်းသိမ်းရန်မှာ ထိုက်တန်ကြောင်း နားလည်ကြရန်။