အရင်းအမြစ်များ

အသိပညာဗဟုသုတ ရှာဖွေခြင်း

အာတိတ်သို့ လေ့လာရေးခရီး

အဆင့်အားလုံး
နိဒါန်း

ကျွန်ုပ်တို့ ကမ္ဘာမြေပေါ်တွင် အာတိတ်သည် နဂိုအတိုင်းရှိနေသော ဒေသများထဲမှ တစ်ခုဖြစ်သည်။ အာတိဒေသရှိ ပတ်၀န်းကျင်နှင့် ရာသီဥတု အားစူးစမ်းလေ့လာရန် နှင့် တစ်ကမ္ဘာလုံးအား သင်ခန်းစာ ရရှိစေရန် လေ့လာရေးခရီးစဥ် များစွာ သွားရောက်ကြပါသည်။ ဤပညာပေးရုပ်ရှင်တွင် ဒေသရှိ နှင်း နှင့် ရေခဲအလွှာများအား စမ်းသပ်ပါသည်။ အထူးသဖြင့် ဒေသရှိ ရေခဲများ နှင့် ၎င်းတို့၏ အရည်ပျော်နှုန်း အခြေအနေအားဖြင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုကို ခိုင်မာသော သုံးသပ်ချက် ပြုလုပ်နိုင်ရန် ဖြစ်နိုင်ပါသည်။

အထူးသဖြင့် ရေခဲထု အထူကို မည်ကဲ့သို့ အကောင်းဆုံး တိုင်းတာနိုင်ခြင်း အကြောင်း ဖြစ်သည်။ သုတေသီများ နှင့် ဘူမိဗေဒပညာရှင်များသည် လျှပ်စစ်သံလိုက်လှိုင်းများကို အသုံးပြုပြိး အထူကို သတ်မှတ်ပါသည်။ ထို့ပြင် ရေညှိများသည် စိစစ်ခြင်းအတွက် အလွန်အထောက်အကူ ဖြစ်ပါသည်။ ထိုရေညှိများသည် ကြီးထွားရန် နေရောင်ခြည် လိုအပ်ပါသည်၊ ပို၍ကြီးထွားသည့် ရေညှိပင်သည် အလင်းရောင် ပို၍ ရရှိသည်၊ ထို့ကြောင့် ရေခဲ၏အထူ အပေါ် အခြေခံပြီး သုံးသပ်ချက် ရေးဆွဲရန် ဖြစ်နိုင်ပါသည်။ ဆိုလိုသည်မှာ နေရောင်ခြည် စုစည်းမှု မြှင့်တက်လာပြီး၊ ဖြတ်သန်းသွားသည့် ထိုနေရာများတွင် ရေခဲအထူမှာ ပါးလာပါသည်။ ထို့ကြောင့် ရေညှိကြီးထွားနှုန်း နှင့် ရေခဲအထူ တို့မှာ ရှင်းလင်းသော အပြန်အလှန် ဆက်စပ်နှီးနွှယ်နေသည်။ ရေညှိများ ကြီးထွားလေ၊ ရေခဲပါးလေ ဖြစ်သည်။

ထိုအနုတ်သဘောဆောင်သော ဆက်စပ်မှုသည် ကျွန်ုပ်တို့ကို သတိမူမိစေပါသည်။ ရေခဲသည် အရင်ကထက် ပို၍ မြန်ဆန်စွာ အရည်ပျော်လာပြီး၊ ပင်လယ်ရေမျက်နှာပြင်များ မြှင့်တက်လာပါသည်။ ကမ္ဘာ့မျက်နှာပြင်ကို ခရမ်းလွန်ရောင်ခြည် ပုံစံဖြင့် နေရောင်ခြည် ပို၍ တိုက်ရိုက်ထိခြင်းမှာလည်း အိုဇုန်းအပေါက်၏ အကြောင်းအရင်းခံကြောင့် ဖြစ်သည်။ သုတေသီများသည် ရာစုနှစ် အကုန်ပိုင်းတွင် ရေခဲပြင်အလွှာ ဖုံးအုပ်နေခြင်းမှာ ပျောက်ကွယ်သွားနိုင်သည်ဟု မှန်းဆထားပါသည်။ ရလဒ်အနေဖြင့် ပင်လယ်ရေ မျက်နှာပြင်များ မြှင့်တက်လာနိုင်ပြီး ရေကြီးခြင်းများကို ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် တိရစ္ဆာန် များစွာ နှင့် အပင်များတို့သည် ရာသီဥတု ပြောင်းလဲခြင်း၏ ရလဒ်အဖြစ် မြှင့်တက်လာသော ရေအပူအချိန်ကို ခံနိုင်ရည် ရှိမည် မဟုတ်ပါ။

အညွန်းပန်းတိုင်
  • ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုအား အသိပညာပေးရန်
  • ဝင်ရိုးစွန်း ရေခဲတောင်များ အရည်ပျော်ခြင်း၊ ရေညှိကြီးထွားခြင်း နှင့် အပူချိန်မှာ ပိုပိုပြီး မြှင့်တက်လာြခင်း သုံးသပ်ချက် အကြား ဆက်စပ်မှုကို နားလည်စေရန်
  • မြှင့်တက်လာသော ရေအပူချိန် နှင့် မြှင့်တက်လာသော ပင်လယ်ရေ မျက်နှာပြင် တို့အား ဘေးအန္တရာယ်အဖြစ် မြင်သာအောင် ပြခြင်း နှင့် သိပ်မဆိုးရွားဘူး ဟု သတ်မှတ်ပြီး အရေးမထားခြင်း မရှိစေရန်
  • ရာသီဥတု ပြောင်းလဲခြင်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်သည်ကို နားလည်စေရန်