အရင်းအမြစ်များ

အသိပညာဗဟုသုတ ရှာဖွေခြင်း

ပံ့ပိုးနိုင်မှုအားနည်းနေသည့် သွေး

လက်သင်
နိဒါန်း

ကျွန်ုပ်တို့၏ သွေးသည် သဘာ၀မှ အံ့သြဖွယ်တစ်ခုဖြစ်သည်။ အောက်စီဂျင်ကို သယ်ယူပို့ဆောင်ပေးခြင်း အပြင် ကျွန်ုပ်တို့၏ အင်္ဂါများအတွက်လည်း အရေးကြီးသော အာဟာရများကို ပံ့ပိုးပေးသည်။ သွေးမရှိဘဲ ကျွန်ုပ်တို့ အသက်မရှင်နိုင်ပေ။ သို့ရာတွင် ယနေ့ခေတ် ဆေးပညာရပ်တွင် သွေးရှားပါးမှုကို အဘယ်ကြောင့် ပြောဆိုနေကြသနည်း။

ပထမဆုံးအနေဖြင့် ကျွန်ုပ်တို့၏ လူ့အသိုင်းအဝိုင်းမှာ တဖြည်းဖြည်း ကြီးရင့်လာသည်ကို ဖော်ပြရန် လိုအပ်မည် ဖြစ်သည်။ ၎င်းကို ကျွမ်းကျင်သူများမှ လူဦးရေစာရင်း (အသက်အပိုင်းအခြား၊ လူဦးရေ အမျိုးအစား) အပြောင်းအလဲ ဟု ခေါ်ဆိုသည်။ အဆိုပါ လူမှုရေးသဘာဝဖြစ်စဉ်သည် မကြာခဏနှင့် လွန်ကဲစွာ ဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့် စက်မှုတိုးတက်သော တိုင်းပြည်များတွင် ဖြစ်သည်။ အရွယ်ရောက်သူများမှာ နောက်ဆုံးပေါ်ဆေးပညာရပ်များဖြင့် အသက်ရလာသည်နှင့်အတူ မွေးဖွားနှုန်းမှာ ကျဆင်းလာခဲ့သည်။ ထို့အပြင် အမျိုးသမီးငယ်အများအပြားနှင့် စုံတွဲများမှာ နောက်ကျကလေးယူရန် ဆုံးဖြတ်လာကြသည်။ သို့ဖြစ်၍ ကလေးများနှင့် လူငယ်အရေအတွက် နည်းပါးလာသည်။ အဆိုပါ အခြေအနေသည် ရှောင်လွဲ၍မရသော သွေးလှူဒါန်းသူများရှားပါးလာမှု မြင့်တက်လာမှုနှင့် လူမှု၀န်းကျင်၏ အသက်အရွယ် ကြီးရင့်လာမှု အနေအထားသို့ မလွဲမသွေရောက်ရှိအောင် တွန်းပို့လျက်ရှိသည်။ သွေးလိုအပ်မှုမှာ မြင့်တက်လာပြီး ဆေးပညာဆိုင်ရာ သိပ္ပံပညာမှလည်း အစားထိုးနိုင်သည့် အရင်းအမြစ်ကို အစွမ်းကုန် ရှာဖွေလျက်ရှိသည်။

ပြင်သစ်မှ သုတေသီများသည် အဆိုပါနယ်ပယ်၌ စူးစမ်းရှာဖွေမှုကို စတင်လျက်ရှိသည်။ ၎င်းတို့သည် သဲပလုပ်ကောင်မှ အရေးပါသည့် ဒြပ်ဖြစ်သည့် ဟီမိုဂလိုဗင်ကို ခွဲထုတ်ပြီး လူသားများအတွက် အသုံးပြုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အလားအလာကောင်းသော စမ်းသပ်မှုများစွာကို ပြုလုပ်နိုင်ခဲ့သော်လည်း အဆိုပါ သွေးအစားထိုးအရာနှင့်ပတ်သက်၍ ရှင်းလင်းသော ရလဒ်ကို မရရှိသေးပေ။ အဆိုပါ သဲပလုပ်ကောင် များမှ ဟီမိုဂလိုဗင် ခွဲထုတ်ရန် အသင့်တော်ဆုံးဖြစ်သည့် အကြောင်းရင်းမှာ ၎င်းတို့သည် ရေအောင်၌သော် လည်းကောင်း၊ လေထဲ သို့မဟုတ် သဲပေါ်တွင် အသက်ရှုနိုင်ခြင်းကြောင့် ဖြစ်သည်။ သုတေသီများမှ လူသားများတွက် အသုံးပြုနိုင်လျှင် တီထွင်မှုအသစ်တစ်ရပ် ဖြစ်လာမည်ဟု ယုံကြည်ထားသည်။

အခြားသော နည်းလမ်းများမှာ ကျွဲနွားတိရိစ္ဆာန်များမှ သွေးများထုတ်ယူခြင်း သို့မဟုတ် ဓာတ်ခွဲခန်းမှ သွေးအတု ထုတ်လုပ်ခြင်းပင်ဖြစ်သည်။ သုတေသနများကို အရှိန်မြှင်လုပ်ဆောင်လျက်ရှိသည်။ အဆိုပါ နည်းလမ်း ၂ မျိုးလုံးအား လက်ရှိအချိန်တွင် အသုံးပြုခြင်းမရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် စမ်းသပ်မှုများမှ သံသယကင်းသည့် အဖြေများ မဖော်ထုတ်နိုင်သေး၍ ဖြစ်သည်။ လှူဒါန်းထားသော သွေးများကို ထာ၀ရသိမ်းဆည်းထားရန် မဖြစ်နိုင်သကဲ့သို့ သွေးအမျိုးအစားတိုင်းကိုလည်း လိုသလို အခြားသွေးတစ်မျိုးဖြင့် ရောနှောခြင်း ပြုလုပ်၍ မရနိုင်ပေ။ သို့ဖြစ်၍ သွေးလိုအပ်မှု မြင့်တက်လာခြင်းအား အစားထိုးနည်းလမ်းများအား အတည်ပြုခြင်းမပြုနိုင်မှီအချိန်အထိ မိမိတို့ကိုယ်တိုင် ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ကျွန်ုပ်တို့၏ တာ၀န်မှာ လူဦးရေစာရင်း (အသက်အပိုင်းအခြား၊ လူဦးရေအမျိုးအစား) အပြောင်းအလဲကို အရင်းခံရန်၊ သွေးလှူဒါန်းမှုကို တတ်နိုင်သမျှပြုလုပ်ရန်နှင့် သင့်တော်သော် အစားထိုးနည်းလမ်းများကို ဖော်ထုတ်နိုင်ရန်ဖြစ်သည်။

အညွန်းပန်းတိုင်
  • သွေးအား အရေးကြီးသည့် “ကုန်ကြမ်း” အဖြစ် သိရှိရန်နှင့် လူသားများအတွက် ၎င်း၏ အရေးပါမှုကို နားလည်ရန်။
  • လူဦးရေစာရင်း (အသက်အပိုင်းအခြား၊ လူဦးရေအမျိုးအစား) အပြောင်းအလဲနှင့် ၎င်း၏ အကျိုးဆက်များကို နားလည်ရန်။
  • လူများစွာသည် သွေး သို့မဟုတ် ကိုယ်အင်္ဂါ လှူဒါန်းမှုအပေါ် မှီခိုနေရကြောင်းနှင့်ပတ်သက်၍ အသိပညာ ဖြန့်ဖြူးရန်။
  • သွေးတုထုတ်လုပ်ရန်ဖြစ်နိုင်ပြီး စိတ်၀င်စားဖွယ် ခေါင်းစဉ်တစ်ခုဖြစ်ကြောင်း နားလည်ရန်။
  • သွေးအမျိုးအစား အမျိုးမျိုးရှိကြောင်း နားလည်ရန်။