အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

လောက်ကောင်ဖြင့်ကုသခြင်း − ပဋိဇီဝဆေးများမှ အခြားရွေးချယ်စရာတစ်ခု။

ပိုမိုကောင်းမွန်သော
နိဒါန်း

ဖျတ်ခနဲ အကြည့်၌ လောက်ကောင်များသည် ဆေးဘက်ဆိုင်ရာ အခြေအနေ အသုံးပြုရန် မသင့်တော်ပါ။ မည်သို့ပင် ဆိုစေကာမူ လောက်ကောင်များဖြင့် ကုထုံးသည် လူကြိုက် ပိုများလာပြီး၊ ၎င်းအား အသုံးပြုခြင်းသည် ရလဒ်ကောင်းများကို ပေးစွမ်းပါသည်။ ထိုယင်ကောင်များ၏ ပိုးလောင်းများသည် အထူးသဖြင့် ပျောက်ကင်းရန် ခက်ခဲသော ဒဏ်ရာများတွင် အသုံးပြုပါသည်။ အနာပွင့်များ၊ မကုနိုင်သော နေရာများ (သို့) ခွဲစိတ်ရာတွင် ကျန်ခဲ့သော အနာရွတ်များ တို့ကို လောက်ကောင် ကုသနည်းဖြင့် ထိရောက်စွာ ကုသနိုင်ပါသည်။

ဓါတ်ခွဲခန်းတွင် ပိုးသတ်ထားသော လောက်ကောင်များကို ထိခိုက်ထားသော နေရာတွင် ချထားပြီး၊ စိုစွတ်နေစေပါသည်။ ထိုအကောင်သည် တစ်သျှူးအသေများကို စားသုံးပြီး၊ ချက်ချင်း စတင်၍ စားသုံးပါသည်။ တစ်သျှူးအသေများကို လောက်ကောင်များမှ ဖယ်ရှားပြီး စားသုံးပစ်ပါသည်။ ဤဖြစ်စဥ်သည် တစ်သျှူးများကို ပြန်လည် သန်စွမ်းစေပြီး၊ တစ်သျှူးအသစ် ထုတ်လုပ်မှုများကို အစပျိုးပေးပါသည်။ ထို့ပြင် လောက်ကောင်များတွင် ပဋိဇီဝ အကျိုးသက်ရောက်မှု ရှိပါသည်။ ၎င်းတို့၏ စွန့်ထုတ်ရည်များသည် ဇီဝရုပ်များကို မထိခိုက်စေဘဲ ဘတ်တီးရီးယားများကို ယုံကြည်စိတ်ချစွာ သတ်ပစ်နိုင်ပါသည်။

ဤနေရာကို ဆက်လက်၍ စူးစမ်း လေ့လာနေပြီး ဥရောပတွင် လူကြိုက် အလွန်များပါသည်။ မည်သို့ပင် ဖြစ်စေ လူအများစုသည် လောက်ကောင်နှင့် အပျက်သဘောဆောင်သော ဆက်စပ်မှု ရှိသည်။ သူတို့သည် အညစ်အကြေးများ၊ ဆွေးမြည့်မှုများကို တွေးမိပြီး၊ ထိုကဲ့သို့ ကုထုံးကို ပြုလုပ်ရန် ဟန့်တားပါသည်။ ကိစ္စရပ်များစွာတွင် လောက်ကောင်များကို အသုံးပြုချိန်တွင် သူတို့၏ ကြောက်ရွံ့ခြင်းများကို ကျော်လွှားနိုင်ပါသည်။ မည်သို့ပင် ဖြစ်စေ စွန့်ထုတ်ရည်ကို ထုတ်ယူထားသော ပုံစံဖြင့် ပါဝင်သည့်ဆေးကို သုတေသန ပြုနေပြီး၊ ထိခိုက်ဒဏ်ရာ နေရာတွင် လောက်ကောင်ကို အသုံးမပြုဘဲ လောက်ကောင်ကဲ့သို့ ကုသပေးနိုင်သော အကျိုးသက်ရောက်မှု ရှိရပါမည်။

အညွန်းပန်းတိုင်
  • အနောက်တိုင်း ဆေးပညာ နှင့် သုတေသန လုပ်ငန်းကို ထိုးထွင် သိမြင်မှု ရရှိရန်။
  • သမာရိုးကျ ကုသပေးသော ကုထုံးမှ အခြားရွေးချယ်စရာများကို သိရှိစေရန်။
  • သမာရိုးကျ မဟုတ်သော ကုသမှု နည်းလမ်းများကို သိရှိလာပြီး ၎င်းတို့၏ အရေးပါမှုကို တန်ဖိုးထားရန် (ပဋိဇီဝ ဆေးနှင့် ခုခံမှုနှင့် ဆက်စပ်၍)
အကြံပြုသင်ခန်းစာအစီအစဥ်
  • အတန်းထဲတွင် လောက်ကောင်များကို မြင်ဖူးလားဟု မေးပါ။ ဘယ်နေရာတွင် တွေ့မြင်ပါသလဲ။ ဘယ်မှာ ၎င်းတို့ကို ရှာတွေ့နိုင်ပါလဲ။ ၎င်းတို့ကို ဘာအတွက် ထုတ်လုပ်ပါသလဲ။ လောက်ကောင်နှင့် ပတ်သက်၍ အနည်းငယ် စဥ်းစား ဆွေးနွေးပါ။
  • ကျောင်းသား / သူများ အနေဖြင့် ဤအကောင်ငယ်လေးကို ဆေးပညာတွင် အသုံးပြုနိုင်သည်ကို စိတ်ကူးကြည့်နိုင်ပါသလား စသဖြင့် ကူးပြောင်းသွားရန်။
  • အဖြေများနှင့် တွေးခေါ်မှုများကို သင်ပုန်းပေါ်တွင် ရေးသားနိုင်ပြီး ရုပ်ရှင်အပြီးတွင် အကြောင်းအရာတွင် ပြန်လည် ဖြည့်ပါ။
  • လေ့ကျင့်ခန်းစာရွက်များကို ပေးဝေပြီး၊ တာဝန်များကို ရှင်းပြပါ။ ရုပ်ရှင်ကြည့်စဥ် လေ့ကျင့်ခန်း စာရွက်ကို ဖြည့်ပါ။
  • ပညာပေးရုပ်ရှင် ပြသပါ။
  • ထိုအချိန်အတောအတွင်းတွင် ရုပ်ပုံကို သင်ပုန်းပေါ်တွင် ရေးဆွဲနိုင်ပါသည်။
  • ရုပ်ရှင်ပြီးလျှင် ဆရာ / မ မှ ကျောင်းသား / သူများ၏ အဖြေကို ဖြည့်ပေးနိုင်ပါသည်။
  • အဆုံးတွင် သင်မှ ကျောင်းသား / သူများမှ ထိုကုသမှုကို ခံယူနိုင်ပါသလားဟု မေးပါ။