အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

ပုံဆောင်ခဲများ၏ ကုသခြင်း စွမ်းအား

ပိုမိုကောင်းမွန်သော
နိဒါန်း

ပုံဆောင်ခဲများ ကုသခြင်း စွမ်းအားသည် စိန်းများ (သို့) ကျောက်ဆောင် ဖန်ကျောက်များ၏ ကုသခြင်း စွမ်းအားကို ဆိုလိုခြင်း မဟုတ်ဘဲ ကျွန်ုပ်တို့၏ ကျန်းမာရေးအတွက် ဆား၊ ကန့် နှင့် မြေဖြူ တို့၏ အရေးကြီးခြင်းကို ဆိုလိုပါသည်။ ဥရောပတွင် ဤအရာဝတ္ထု သုံးခုကို ရာစုနှစ် များစွာကတည်းက သဘာဝကုထုံး အဖြစ် အသုံးပြုခဲ့သည်။

ဥရောပတွင် ဆားကို “ ရွှေဖြူ” အဖြစ် အချိန်ကြာမြင့်စွာ သတ်မှတ်ခဲ့ကြသည်။ ထိုအချိန်တွင် ၎င်းမှာ အများအပြား မရှိခဲ့ဘဲ ဝယ်လိုအား အလွန်မြင့်တက်နေခြင်းကြောင်း ၎င်းသည် အလွန် အဖိုးတန်ပါသည်။ ဆားနှင့် ပတ်သက်သော စစ်ပွဲများပင် ရှိခဲ့ပါသည်။ ကံကောင်းစွာဖြင့် ထိုအလယ်ခေတ် အချိန်များ ပြီးဆုံးသွားခဲ့ပြီ။ ဆားသည် ပုံမှန် အစားအစာ ဖြစ်လာပြီး ကျန်းမာရေး အတွက် ရည်ရွယ်ထားသည့် အစားအစာ များတွင် ဟင်းခတ်ပစ္စည်း အဖြစ်လည်း ထည့်သွင်းအသုံးပြုခဲ့သည်။

ဥပမာ − ဆားငန် နှင့် စိုထိုင်းသော လေတို့သည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများကို အထောက်အကူ ပြုသည်။ ပိုလန်တွင် အပန်းဖြေနေရာ အဖြစ် ပြောင်းလဲထားသော ဆားမိုင်းတွင်း အဟောင်းတစ်ခု ရှိသည်။ ထိုနေရာတွင် အကုန်လုံးမှာ ဆားဖြင့် ပြုလုပ်ထားပြီး လူနာများသည် မြေအောက်ထဲတွင် ၆နာရီအထိ နေကြပါသည်။ ဥပမာ − မိုင်းတွင်း၏ အခန်းသေး ဥတုရာသီသည် ဘတ်တီးရီယား (သို့) အခြား ဒြပ်ဆိုင်းများ လုံးဝ မပါပါဝင်သောကြောင့် ပန်းနာ (သို့) ချောင်းဆိုးခြင်း တို့အတွက် အထောက်အကူပြုပါသည်။ ဤမိုင်းတွင်းသို့ လူများစွာသည် ၎င်း၏ အလှအပ နှင့် ကုသခြင်း စွမ်းအားကို တွေ့ကြုံခံစားရန် အတွက် နှစ်စဥ် နှစ်တိုင်း လာပါသည်။ ထို့ပြင် ရေပူချိုးကန်ရှိ ဆားချိုးရေများသည် လှုပ်ရှားရန် ခက်ခဲသည့် လူနာများကို အထောက်အကူပြုပြီး၊ အဆစ်များတွင် ညင်သာသော ဖိအားမှ တစ်ဆင့် ဗဟိဒ္ဓကုထုံး ကုသဖို့အတွက် တိုးတက်ကောင်းမွန်စေရန် ပံ့ပိုးပေးပါသည်။

ဆားအပြင် ကန့်ကိုပါ သဘာဝ ဆေးတစ်လက် အဖြစ် အသုံးပြုပါသေးသည်။ ဟန်ဂေရီတွင် ကမ္ဘာပေါ်ရှိ အကြီးဆုံး သဘာဝ ရေပူအိုင်မှာ ရှိပါသည်။ ၎င်း၏ ရေသည် ကန့်၊ ထုံးဓါတ်၊ မဂ္ဂနီဆီယမ်၊ နှင့် ဗိုင်ကာဗွန်နိတ် တို့ဖြင့် ကြွယ်ဝပါသည်။ အိုင်အောက်ခြေရှိ ရွှံ့သည် ကန့်ဓါတ် အလွန်ပါဝင်ပြီး ကုသမှုများတွင် အသုံးပြုပါသည်။ အိုင်ထဲရှိ ရေသည် တစ်နှစ်ပတ်လုံး နွေးနွေး (သို့) ပူပါသည်။ ဆောင်းတွင်းတွင် ၂၃ မှ ၂၅ ဒီဂရီ စင်တီဂရိတ် ရှိပါသည်။ ဒေသခံများ အပြင် ခရီးသွားဧည့်သည်များသည် ဤကုသပေးသော စမ်းရေသို့ လာရောက်ပြီး ကုသမှု ခံယူကြပါသည်။

မြေဖြူသည်လည်း အကျိုးရှိသည့် သဘာဝထုတ်ကုန် တစ်ခုဖြစ်သည်။ ၎င်းသည် အထူးသဖြင့် ဂျာမနီရှိ ရူဂင်ကျွန်းတွင် ဖြစ်ပေါ်သည်။ ကျွန်းတစ်ခုလုံးသည် မြေဖြူဖြင့် ပြုလုပ်ထားသည်။ ဤမြေဖြူ၏ ထူးကဲမှုမှာ အလွန်ညက်ညောခြင်း နှင့် သတ္တုဓါတ် ပါဝင်မှု မြင့်မားပါသည်။ ထိုမြေဖြူကို ကွဲပြားသော ကျန်းမာရေး ကုသမှု များစွာတွင် အသုံးပြုပါသည်။ သွေးလည်ပတ်မှုကို နှိုးဆွပေးပြီး၊ ချေးချွတ်ပေးခြင်း အဖြစ် (သို့) ညစ်နေသော အသားရေကို သန့်စေပေးရာတွင် အသုံးပြုနိုင်ပါသည်။ နုညက်သော အမှုန်များသည် သွားမှ အညစ်အကြေားများကို ကောင်းမွန်စွာ ဖယ်ရှားနိုင်ခြင်းကြောင့် မြေဖြူကို သွားတိုက်ဆေးအဖြစ် ကမ်းလှမ်းပါသည်။ ဒေသခံများ နှင့် ခရီးသွားဧည့်သည်များ သည် မြေဖြူ၏ ကုသေပေးသော အကျိုးသက်ရောက်မှုများကို ခံစားနေကြပါသည်။

သဘာဝတရားသည် လူသားများကို ပြဿနာပေါင်းစုံ (သို့) ရောဂါများစွာကို ဖြေရှင်းရန် အခွင့်အရေး များစွာ ပေးပြီး လူများသည် ထိုအခွင့်အရေးများကို ရာစုနှစ်များစွာ အခွင့်ကောင်းအဖြစ် အသုံးချနေသည်ကို မြင်ရသည်မှာ စိတ်လှုပ်ရှားစရာပင် ဖြစ်သည်။

အညွန်းပန်းတိုင်
  • သတ္တုဓါတ်များ၏ ကုသပေးခြင်းဆိုင်ရာ အကျိုးကျေးဇူးများကို မိတ်ဆက်ပေးခြင်း။
  • သတ္တုဓါတ်များကို အသုံးပြုပြီး ကျန်းမာရေးဆိုင်ရာ ဓလေ့များကို မိတ်ဆက်ပေးခြင်း။
အကြံပြုသင်ခန်းစာအစီအစဥ်
  • ဆားကို မိတ်ပေးရန်အတွက် ယူဆောင်လာခဲ့ပါ။ ဖြစ်နိုင်လျှင် ကန့် (ဆာလဖာ) ပါ ယူဆောင်ခဲ့ပါ။ သင်ပုန်းပေါ်မှ မြေဖြူကို ယူပါ။
  • ကျောင်းသား / သူများသည် ၎င်းတို့ကို ကိုင်တွယ်နိုင်သည်၊ ဆန်းစစ်နိုင်သည်၊ အနံ့ခံကြည့် နိုင်သည် (ကန့် (ဆာလဖာကိုတော့ သတိပြုပါ။)။
  • ရုပ်ရှင်ကို မိတ်ဆက်ပေးပြီး ပြီးမြောက်ရမည့် လေ့ကျင့်ခန်းများကို ပြောပြပါ။
  • လေ့ကျင့်ခန်း စာရွက်များကို ဝေပေးပြီး၊ လိုအပ်ပါက ရှင်းပြပါ။ ကျောင်းသား / သူများသည် ရုပ်ရှင် တစ်လျှောက် ဖြည့်နိုင်ပါသည်။
  • ပညာပေးရုပ်ရှင် ဖွင့်ပြပါ။
  • ကျောင်းသား / သူများကို လေ့ကျင့်ခန်းစာရွက် ဖြည့်ရန် အချိန်ပေးပါ။
  • ဆွေးနွေးခြင်းဖြင့် စတင်ပြီး၊ သတ္တုဓါတ်များကို တစ်ဆင့်ပြီး တစ်ဆင့် တင်ပြဆွေးနွေးပါ။
  • လိုအပ်ပါက ဇယားကို သင်ပုန်းပေါ်တွင် ပြသနိုင်ပါသည်။ ကျောင်းသား / သူများ (သို့) ဆရာ / မများ မှဖြည့်နိုင်ပါသည်။
  • လေ့ကျင့်ခန်းတွင် လိုအပ်သည့် နိုင်ငံများ ရုပ်ပုံကို မြေပုံပေါ်တွင် ဖော်ပြပါ။
  • လေ့ကျင့်ခန်း ၂ ကို လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်။ ထိုနေရာတွင် ဆရာ / မ မှ လိုအပ်သလို ကူညီ ထောက်ပံ့ပေးနိုင်ပါသည်။