အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

သဲကန္တာရ ဆေးဆိုင်

ပိုမိုကောင်းမွန်သော
နိဒါန်း

သဲကန္တာရသည် လျှို့ဝှက်ချက်များနှင့် ပြည့်နေသော ကြမ်းတမ်းသော နေရာဖြစ်သည်။ သဲကန္တာရ နှင့် ဆာဗားနား မြက်ခင်းပြင်တွင် နေထိုင်သူများသည် ထိုလျှို့ဝှက်ချက်များကို ၎င်းတို့အတွက် မည်ကဲ့သို့ အသုံးပြုရမည်ကို သိရှိကြပါသည်။ သဘာဝတရားသည် သင့်အား ကုသနည်း အမျိုးစုံဖြင့် ထောက်ပံ့ပေးသည် − သင့်အနေဖြင့် မည်သည့် နေရာက ရရှိနိုင်သည်ကို သိရန် လိုအပ်ပါသည်။

ကွဲပြားသော အပင်များတွင် ကွဲပြားသော အကျိုးသက်ရောက်မှုများ ရှိပါသည်။ အချို့မှာ ဆာလောင်မှုကို ထိန်းချုပ်ပေးသည်၊ အချို့မှာ စိတ်ကို ကုသပေးသည်၊ အချို့မှာ ဒဏ်ရာများကို သက်သာစေသည် (သို့) အအေးမိခြင်းကို တိုက်ဖျက်ပေးသည်။ ဤအရာများသည် ဆာဗားနားမြက်ခင်းပြင်၏ ကြွယ်ဝသော သစ်ပင်ပန်းမန်များ၏ အကျိုးသက်ရောက်မှု အနည်းငယ်သာ ဖြစ်ပါသည်။ ဒေသခံ နာမီးဘီးယား၊ ဘော့ဆွာနာ (သို့) တောင်အာဖရိက လူမျိုးနွယ်စုများသည် အပင်များ၏ အသိပညာများ နှင့် ၎င်းတို့၏ ထိရောက်မှုများကို မျိုးဆက်များသို့ လက်ဆင့်ကမ်းခဲ့သည်မှာ နှစ်ပေါင်း ၃၀၀၀၀ ရှိခဲ့ပါသည်။ ဤအသိပညာများသည် ထိုဆေးဖက်ဝင် အပင်များကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်သော အခြေခံ အသိပညာ ဖြစ်ပြီး၊ ထိန်းသိမ်းစောင့်ရှောက် ထားသင့်ပါသည်။

ကိပ် ပလာဂိုနီယမ် နှင့် အာဖရိက မာရ်နတ်လက်သည်း အပင်များ၏ ဥပမာများသည် အာဖရိကရှိ ဌာနေတိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းများကို ထိန်းသိမ်းရမည်ကို ရှင်းလင်းစွာ ပြသနေပါသည်။ ဥပမာ − ကိပ် ပလာဂိုနီယမ်ကို အာဖရိကတွင် အဆုတ်ရောဂါများအတွက် အမြဲ အသုံးပြုခဲ့ပါသည်။ ဤဆေးကို ကမ္ဘာတစ်ဝှမ်းလုံးသို့ တင်ပို့ဖို့ရန် ဤအပင် အမြောက်အမြား လိုအပ်ပါသည်။ ထို့ကြောင့် ထိုအပင်ကို စိုက်ပျိုး ထုတ်လုပ်ပါသည်။ ၎င်းသည် တောထဲရှိ လူဦးရေများကို ကာကွယ်ပေးပြီး ဒေသခံများအတွက် အလုပ်အကိုင် ဖန်တီးပေးပါသည်။ မာရ်နတ်လက်သည်း အပင် ကိစ္စရပ်တွင် အလားတူပင် ဖြစ်သည်။ တရားမဝင် ရှာဖွေသူများသည် အပင်၏ ရေရှည်တည်တံ့ခိုင်မြဲမှု နှင့် ကြီးထွားမှု အဆင့်များကို ဂရုမပြုဘဲ ရိတ်သိမ်းခြင်းသာ ပြုလုပ်သော်လည်း၊ ဌာနေတိုင်းရင်းသားများသည် ရေရှည်တည်တံသော ရိတ်သိမ်းမှုကို အာရုံစိုက်ပြီး၊ အမြစ်ကို သင့်တော်သော ဈေးနှုန်းဖြင့် ရောင်းချပါသည်။ သို့သော်လည်း ကမ္ဘာပေါ်တွင် ဝယ်လိုအား များပြားလာြခင်းသည် မဝေးတော့ အနာဂတ်တွင် စိုက်ပျိုးခြင်းကို မရှိမဖြစ် လိုအပ်စေသည်။

အညွန်းပန်းတိုင်
  • အာဖရိက၏ သဘာဝအားဖြင့် ကုသမှု လုပ်ဆောင်ခြင်းများကို ထိုးထွင်း သိမြင်မှု ရရှိရန်။
  • အပင်များကို ဆေးများအဖြစ် သိရှိလာရန်။
  • ရေရှည်တည်တံခိုင်မြဲသော စိုက်ပျိုးရေး၏ အရေးကြီးမှုကို နားလည်ရန်။
  • အာဖရိက လူမျိူးနွယ်စုများ၏ ဘဝ နှင့် ယဥ်ကျေးမှုအကြောင်းကို သိရှိရန်။
အကြံပြုသင်ခန်းစာအစီအစဥ်
  • ကျောင်းသား / သူများကို “သဲကန္တာရ ဆေးဆိုင်” အကြောင်း ရုပ်ရှင်ကို မိတ်ဆက်ပေးပါ။
  • ကျောင်းသား / သူများ ဖော်ပြခဲ့သော အပင်များကို မှတ်သားထားပြီး၊ ၎င်းတို့၏ အကျိုးသက်ရောက်မှု ကိုလည်း စိတ်ထဲတွင် မှတ်သားထားစေပါ။ ထိုအပင် ၃ခုအမည်ကိုလည်း ကြိုတင်ပြီး ပြောပြနိုင်သည် − ဟူးဒီယား၊ မာရ်နတ်လက်သည်း၊ ကိပ် ပလာဂိုနီယမ်။ ထို့နောက် ကြည့်ပြီးနောက်တွင် ဘာဆက်လုပ်ရမည်ကို ရှင်းပြပါ။
  • ပညာပေးရုပ်ရှင်ကို ပြသပါ။
  • ချက်ချင်း လေ့ကျင့်ခန်း စာရွက်ကို ပေးဝေပြီး ကျောင်းသား / သူများ ဖြည့်စွက်စေပါ။
  • ပြီးသွားလျှင် အတန်းထဲတွင် ပွင့်လင်းစွာ ဆွေးနွေးနိုင်ပါသည်။
  • ဖြစ်နိုင်လျှင် ဆေးဆိုင်မှ အစွမ်းထက် ပစ္စည်းများ ပါဝင်သည့် ဆေးအချို့ဝယ်ပြီး အတန်းထဲတွင် ပြသပါ။
  • ဆွေးနွေးမှု အပြီးတွင် ဒေသခံ ဆေးဖက်ဝင် အပင်များ သို့ ကူးပြောင်းမှု ဖန်တီးပြီး၊ ၎င်းတို့၏ ထိရောက်မှုများ အကြောင်း ပြောပြီး၊ သင်တို့ မိသားစုတွင် မည်ကဲ့သို့ အသုံးပြုသည်ကို ဆွေးနွေးပါ။