အရင်းအမြစ်များ

ဦးနှောက်၏လျို့၀ှက်ဆန်းကြယ်မှုများ

ဦးနှောက်အာရုံလှိုင်းကို ကူညီထိန်းချုပ်ပေးသော အီလက်ထရောနစ် ကိရိယာ

လက်သင်
နိဒါန်း

ဦးနှောက်သည်လူသားတို့၏ထိန်းချုပ်စင်တာဖြစ်သည်။ ဤထိန်းချုပ်မှုစင်တာသည် ပုံမှန်လည်ပတ်နိုင်ခြင်း မရှိတော့ သည့်အခါ ဗဟိုအာရုံကြောစနစ်တွင် ရောဂါများဖြစ်ပွားလေ့ရှိသည်။ အဆိုပါ ၀ိသေသလက္ခဏာများသည် အမြဲကွဲပြား ခြားနားပါသည်။ ယခုရုပ်ရှင်တွင် ပါကင်ဆန်နှင့်ပါတ်သတ်၍ အထူးပြောထားသည်။ ဤရောဂါသည် ခန္ဓာကိုယ်အတွင်းရှိ dopamine ထုတ်လုပ်မှုကို အနှောက်အယှက်ဖြစ်စေသည်။ အခြားအရာများထဲမှ ဤဟော်မုန်းသည် ကြွက်သားအုပ်စုများ၏ ညှိနှိုင်းဆောင်ရွက်မှုကို သေချာစေသည်။ စကားပြောပရမ်းပတာဖြစ်စေခြင်းနှင့် တုန်တုန်ယင်ယင်ဖြစ်ခြင်းကဲ့သို့သော လုပ်ရှားမှုများကို ကန့်သတ်ထားစေသကဲ့သို့ ဖြစ်စေခြင်းများ ဖြစ်ပေါ်နိုင်သည်။

အာရုံကြောသိပ္ပံပညာရှင်များသည် ခေတ်သစ်ဆေး၀ါများအသုံးပြုခြင်းသည် ရောဂါလက္ခဏာများအား ပိုမိုကောင်းမွန်စေလိမ့်မည်ဟု ယုံကြည်ကြသည်။ လျှပ်စစ်ဓါတ်အားဖြင့် သွေးခုန်စေသောစက်လေးကို အသုံးပြုခြင်းဖြင့် အစီစဥ်တစ်ကျအလုပ်မလုပ်သော ဦးနှောက်ကို ပြန်ပြီးပုံမှန်လည်ပတ်စေနိုင်သည်။ လျှပ်စစ်ဖြင့် လှုံ့ဆော်ပေးမှုသည် ဦးနှောက်မှလိုအပ်သော ခွန်အားနှင့် သက်ရောက်မှုရှိပြီး ဟော်မုန်းထုတ်လုပ်မှုကို ပုံမှန်ဖြစ်စေသည်။ ကြား၀◌င်ခြင်းသည် အန္တရာယ်မရှိရုံသာမက ၁၀၀% အောင်မြင်နိုင်ကြောင်းကိုလည်း အာမခံချက်မပေးနိုင်ပါ။ မည်သို့ပင် ဆိုစေကာမူ အာရုံကြောသိပ္ပံပညာရှင်များသည် ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးထားသောပစ္စည်းများသည် အနာဂါတ်တွင်အဓိက အခန်းကဏ္ဍမှ ပါ၀င်လာလိမ့်မည်ဟု ယုံကြည်ကြသည်။

အညွန်းပန်းတိုင်
  • ဖြစ်လာနိုင်ချေရှိသော ဆေးပညာများအကြောင်းကို ထိုးထွင်းသိမြင်နိုင်စေရန်
  • အာရုံကြောသိပ္ပံနှင့်ပတ်သက်သည့် အခြေခံနားလည်မှု ရရှိစေရန်
  • ကုသနည်းလမ်းအသစ်များအကြောင်းသိရှိစေရန်
  • လူသားများ၏ဦးနှောက်အကြောင်း ပိုမိုကောင်းစွာ သိမြင်နိုင်စေရန်
  • ဆေးပညာကျင့်၀တ်ဆိုင်ရာ ပဍိပက္ခများကိုပြန်လည်သုံးသပ်သိမြင်နိုင်စေရန်