အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

အင်ဒီးယားမှ ကုသသူ − ကာလဝေးယား ဆရာဝန်များ၏ လျှို့ဝှက်ချက်များ

ပိုမိုကောင်းမွန်သော
နိဒါန်း

အင်ဒီးစ် တောင်တန်း အမြင့်များတွင် ကာလဝေးယား လူမျိုးများ နေထိုင်ကြသည်။ ၎င်းတို့သည် ဘိုလီးဗီးယားနိုင်ငံမှ ရှေးလူမျိုးစု တစ်စုဖြစ်ပြီး၊ ရာစုနှစ်များစွာ ကြာအောင် အင်ကာ၏ ရှေးကုသခြင်းဆိုင်ရာ ပညာကို လေ့ကျင့်ခဲ့ကြသည်။ ထိုဒေသရှိ သစ်ပင်ပန်းမန်များ နှင့် သတ္တဝါများ နှင့်ပက်သက်သော အသိပညာများကို နောက်ဆက်တွဲ မျိုးဆက်များကို ထုံးထမ်းဓလေ့များ နှင့်အတူ လက်ဆင့်ကမ်းပေးပါမည်။ ကာလဝေးယား လူမျိုးများသည် လူဦးရေများအကြားတွင် ဂုဏ်သတင်းမွှေးပါသည်။ ၎င်းတို့၏ ဆရာဝန်များ နှင့် ကုသပေးသူများသည် အင်ဒီးစ် ကုန်းပြင်မြင့်များကို ပုံမှန် ဖြတ်ကျော်၍ နေထိုင်သူများကို ဆေးကုသပေးရန် သွားပါသည်။ ဆေးဖက်ဝင် အပင်များကို အဓိက ထားပါသည်။ ကုသပေးသူများသည် မတူကွဲပြားသော အပင်မျိုးစိတ်ပေါင်း ၁၈၀ ကျောက်ကို သိရှိပြီး၊ ရောဂါအမျိုးမျိုးအတွက် အသုံးပြုပါသည်။

ဘိုလီးဗီးယားနိုင်ငံ နှင့် ပီရူးနိုင်ငံ တို့၏ မတူညီသော ဒေသများကို သွားရောက်ရခြင်းမှာ ပညာရေး၏ အစိတ်အပိုင်း ဖြစ်ပြီး၊ အရေးကြီးသော အပိုင်းလည်း ဖြစ်သည်။ ထိုမှသာလျှင် ကာလဝေးယား လူမျိုးတို့သည် တောင်အမေရိကရှိ မတူညီသော အပင်များကို သိရှိပြီး ၎င်းတို့ကို မှန်ကန်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ အရင်အချိန်အခါတုန်းက လမ်းပဲ လျှောက်ရပါသည်။ ယခုအချိန်တွင် လမ်းလျှောက်ခြင်းနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး အရောအနှော ဖြစ်သည်။

ရုပ်ရှင်ထဲမှ ကာလဝေးယားလူမျိုး ၂ဦးသည် မြို့တော် လာ ပက်ဇ် မှ အင်ကာအင်ပါယာ၏ အထွတ်အမြတ်နေရာသို့ ဆက်သွားနေပါသည်။ မာချူး ပီချူး သည် အင်ကာအင်ပါယာ၏ ရှေးဟောင်းမြို့တော် ဖြစ်သည်။ ထိုနေရာတွင် သူတို့သည် နေဓလေ့ကို ပြုလုပ်ပြီး ကာလဝေးယား၏ သားသည် ဆုတောင်းရွတ်ဆိုမှုကို ပထမဆုံး ပြောဆိုပါမည်။ သူသည် ကုသပေးသူ တစ်ဦး ဖြစ်လာရန်နှင့် သူ့အဖေ နှင့် သူတို့၏ ယဥ်ကျေးမှု ဓလေ့ထုံးထမ်းကို ဆက်လက် ကျင့်သုံးရန် ကောင်းမွန်သူ တစ်ဦးဖြစ်သည်။

အညွန်းပန်းတိုင်
  • တောင်အမေရိကန် လူမျိုးများ၏ ဆေးပညာဆိုင်ရာ ထုံးတမ်းဓလေ့များကို မိတ်ဆက်ပေးခြင်း။
  • အင်ကာ အင်ပါယာ၏ ယဥ်ကျေးမှုကို မိတ်ဆက်ပေးခြင်း။
အကြံပြုသင်ခန်းစာအစီအစဥ်
  • တောင်အမေရိကာကို မိတ်ဆက်ပေးခြင်း -> ထိုအကြောင်းအရာနှင့် ပက်သက်၍ အနည်းငယ် ဖြစ်ဖြစ် သိသူ ရှိမရှိ မေးပါ။ မည်သည့် ဌာနေတိုင်းရင်းသားများ ရှိခဲ့ပါသလဲ။ မည်သည့် နိုင်ငံများ ရှိခဲ့ပါသလဲ။ ဤဒေသ၏ ထုံးစံမှာ အဘယ်နည်း။
  • ကုသပေးသူ အော်ရီလီယို နှင့် သူ့သား တို့၏ ခရီးကို ကျွန်ုပ်တို့ အတူလိုက်ပါသွားမည်ကို ရှင်းပြပါ။
  • လေ့ကျင့်ခန်းစာရွက် ပေးဝေပြီး၊ အချက်အလက်များနှင့် အဖြေများကို ပြသမည့် ပညာပေး ရုပ်ရှင်တွင် ရှာတွေ့နိုင်သည်ကို ရှင်းပြပါ။
  • အဖြေများကို ခဲတံဖြင့် ဖြေဆိုနိုင်ပြီး၊ ဇာတ်လမ်းပြီးမှသာလျှင် ဘေးချင်းကပ် သူငယ်ချင်းနှင့် ဆွေးနွေးတိုင်ပင် နိုင်ပါသည်။ ရုပ်ရှင်ကြည့်နေစဥ် စကားမပြောရပါ။
  • ပညာပေးရုပ်ရှင် ပြပါ။
  • ကျောင်းသား / သူများကို အဖြေတိုက်ကြည့်ခြင်း နှင့် ဆွေးနွေးရန် အချိန် ပေးပါ။
  • ထိုအချိန်တွင် မေးခွန်းများကို သင်ပုန်းပေါ်တွင် ရေးသားခြင်း (သို့) ပရောဂျက်တာတွင် ရေးသားထားနိုင်သည်။
  • မေးခွန်း တစ်ခုချင်းစီ ဆွေးနွေးပြီး၊ ကျောင်းသား / သူများကို အဖြေများ ချရေးစေပါ။
  • လိုအပ်ပါက အဖြေများကို အကျဥ်းချုပ် ဆွေးနွေးပြီး ရှင်းပြနိုင်ပါသည်။