အရင်းအမြစ်များ

အနာဂါတ်နည်းပညာ

ပုံစံငယ်ပြုလုပ်ခြင်း နည်းပညာ − ကမ္ဘာ၏ ပုံစံငယ်

အဆင့်အားလုံး
နိဒါန်း

ဟမ်းဘတ်မြို့ရှိ ပုံစံငယ်ပြသရာနေရာ (Miniature Wonderland) သည် ကမ္ဘာ့အကြီးဆုံး မီးရထားလမ်း ပုံစံငယ်ပြသရာ နေရာတစ်ခု ဖြစ်သည်။ ရထားလမ်းကွန်ရက်တစ်ခုလုံးသည် ၁၂ ကီလိုမီတာရှည်လျားပြီး သမိုင်းဝင် ဟမ်ဘာဂါ ရှပိုက်ချာစတာ့ထ် (Hamburger Speicherstadt) အဆောက်အဦး၏ အလွှာ ၄ လွှာလုံးအထိ ချဲ့ထွင် တည်ဆောက်ထားသည်။ အဆိုပါပြပွဲ၏ တည်ဆောက်မှုကုန်ကျစရိတ်မှာ ယူရို သန်းပေါင်းများစွာရှိပြီး နှစ်စဉ်သောင်းချီသော လည်ပတ်သူများကို ဆွဲဆောင်နေသည်။ အထူးသဖြင့် အသေးစိတ်ပြုလုပ်ထားခြင်းမှာ အဆိုပါပြပွဲ၏ အထူးစိတ်ဝင်စားဖွယ်အချက်ဖြစ်သည်။ သမိုင်းဆိုင်ရာ အချက်အနည်းငယ်ကို နေရာတိုင်းတွင် တွေ့ရှိနိုင်သည်။ အသေးစိတ်ပြုလုပ်မှု သာမက နောက်ခံနည်းပညာ အားထုတ်မှုမှာလည်း အထင်ကြီးဖွယ် ဖြစ်သည်။
ပုံစံငယ်ပြသရာနေရာ (Miniature Wonderland) အား ကွန်ပြူတာများဖြင့် စဉ်ဆက်မပြတ် စောင့်ကြည့်မှု ပြုလုပ်သည်။ ၎င်းတို့သည် ခလုတ်များ၊ ရထားများနှင့် ကားများကို ထိန်းချုပ်မှုပြုလုပ်ထားသည်။ အရာအားလုံးမှာ ချိတ်ဆက်မှုရှိပြီး ထိန်းချုပ်မှုဌာနမှ တင်းကြပ်စွာ စောင့်ကြည့်မှု ပြုလုပ်သည်။ အလိုအလျောက်စနစ်ကို အရာအားလုံးတွင် အသုံးပြုထားသော်လည်း မတော်တဆမှုကိုမူ မရှောင်လွှဲနိုင်ပေ။ အဆိုပါ မတော်တဆများ ဖြစ်ပေါ်လာပါက ပြန်လည်လည်ပတ်ရန်အတွက် ထိန်းချုပ်သူမှ လုပ်ဆောင်ရန် လိုအပ်သည်။ များပြားလှသည့် ရထားများနှင့် ကားများအပြင် ဖုန်မှုန့်များမှာလည်း ပုံစံငယ်တည်ဆောက်ပုံ အတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ လာရောက်လည်ပတ်သူများသည် အဆိုပါနေရာသို့ ဖုန်မှုန့်များ သယ်ဆောင်လာခြင်းကြောင့် ပြတိုက်အတွင်း ဖုန်မှုန့်အလွှာတစ်ထပ် ဖြစ်ပေါ်လာသည်။ ဖုန်မှုန့်များအား လက်ဖြင့် ဖယ်ရှားမှုကို နေ့စဉ်နီးပါး ပြုလုပ်ကြရသည်။ တစ်ပုံစံတည်းပြုလုပ်သည့် (Off-the-peg) နည်းပညာကို ဤနေရာတွင် အသုံးမပြုပေ။ အရာဝတ္တုအားလုံးကို တိကျစွာဖြင့် လိုအပ်ချက်နှင့် ကိုက်ညီအောင် ပြုလုပ်ထားသည်။ ဤပြခန်းသည် ဟမ်းဘတ်မြိုံ၏ အလယ်ဗဟိုရှိ အလွန်သေးငယ်သည့် ကမ္ဘာငယ်နှင့် တူသောကြောင့် လည်ပတ်သူများစွာအား ဆွဲဆောင်လျက်ရှိသည်။

အညွန်းပန်းတိုင်
  • ကမ္ဘာ့အကြီးဆုံး မီးရထားလမ်းပုံစံငယ်အကြောင်းကို သိရှိခြင်း။
  • ကန့်လန့်ကာနောက်ကွယ်မှာ အခြေအနေကို သိရှိခြင်း။
  • ခလုပ်များ၊ ရထားများနှင့် ကားများအား ထိန်းချုပ်သည့် နည်းပညာကို နားလည်ခြင်း။
  • ဤရုပ်ရှင်၏ ရည်ရွယ်ချက်တွင် သင်ယူလေ့လာမှုမှာ ဒုတိယဖြစ်ပြီး စိတ်ဝင်စားမှုနှင့် စိတ်အားထက်သန်မှုတို့မှာ ပထမဖြစ်သည်။