အရင်းအမြစ်များ

ကြယ်များဆီသို့အရောက်လှမ်းခြင်း

အာကာသအတွင်းမှ အမှိုက်

ပိုမိုကောင်းမွန်သော
နိဒါန်း

အာကာသခေတ် အစပြုချိန်မှစ၍ မရေမတွက်နိုင်သော ဒုံးပျံများနှင့် ဂြိုဟ်တုများအား အာကာသထဲသို့ လွှတ်တင်ခဲ့ကြသည်။ ယခုအခါ ကမ္ဘာပတ်လမ်းအတွင်း၌ အမှိုက်အပိုင်းအစများအဖြစ် ရောက်ရှိနေပြီး ဖြည်းဖြည်းချင်းသာ လျော့နည်းလာနေသည်။ တစ်ခုနှင့်တစ်ခုအကြား ပွတ်တိုက်ထိခိုက်မိသော အန္တရာယ် တိုးလာနိုင်ပြီး အဆိုပါ ပွတ်တိုက်မှုများကြောင့် အမှိုက်အစိတ်အပိုင်းများမှာ သေးငယ်လာသည်။ သို့ရာတွင် သေးငယ်သောအစများမှာ အန္တရာယ်လျော့ပါးသွားခြင်းမဟုတ်ပါ။ သေးငယ်သော အစိတ်အပိုင်းများအား ရေဒါမှ မြင်တွေ့ဖတ်ရှုနိုင်ခြင်း မရှိသောကြောင့် သိမြင်ရခြင်း မရှိဘဲ ထိခိုက်မှုများ ဖြစ်စေနိုင်သည်။ သို့ဖြစ်၍ အာကာသလုပ်ငန်း လုပ်ဆောင်နေသော နိုင်ငံများ၏ ရည်ရွယ်ချက်မှာ အပိုင်းအစများမဖြစ်ပေါ်စေရန်နှင့် ဖြစ်နိုင်လျှင် ရှိရင်းစွဲ အပိုင်းအစများကို ဖြစ်နိုင်ပါက ပြန်လည် စုစည်းသိမ်းဆည်ရန် ဖြစ်သည်။

ဂြိုဟ်တုအဟောင်းများ၊ ဒုံးပျံအပျက်အစီးများနှင့် အခြားသတ္တုအစိတ်အပိုင်းများသည် အာကာသအတွင်း လွင့်မျောနေပြီး အနာဂတ်စီမံချက်များကို အန္တရာယ်အနှောက်အယှက် ဖြစ်စေနိုင်သည်။ အနာဂတ်တွင် အာကာသနှင့် ဂြိုဟ်တုနည်းပညာ၏ အားသာချက်ကို ဆက်လက်အသုံးပြုနိုင်ရန်အတွက် ဤ ပြသနာကို ဖြေရှင်းရန် လိုအပ်သည်။ အဆိုပါ အကြောင်းကို အချိန်ကြာမြင့်စွာလျစ်လျူရှု့ ထားခဲ့ကြပြီး အရေးမကြီးဟုဆိုကာ ပယ်ချခဲ့ကြသည်။ ယခုအခါ ၎င်းမှာ အာကာသ ခရီးသွားခြင်းအတွက် အဓိက ပြသနာ တစ်ရပ် ဖြစ်လာခဲ့သည်။

အညွန်းပန်းတိုင်
  • ရေရှည်တည်တံ့နိုင်မှုသည် အာကာသအတွင်းတွင်ပင် အရေးကြီးကြောင်း လေ့လာနိုင်ရန်။
  • အာကာသအတွင်းမှာ အပျက်အစီးအပိုင်းအစများ၏ အန္တရာယ်နှင့် အချက်အလက်များနှင့် ပတ်သက်၍ နားလည်နိုင်ရန်။
  • နည်းပညာဆိုင်ရာ နားလည်မှုအသိပညာကို မြှင့်တင်ရန်။