အရင်းအမြစ်များ

ဦးနှောက်၏လျို့၀ှက်ဆန်းကြယ်မှုများ

စွမ်းအင် အရင်းအမြစ်တစ်ခုဖြစ်သည့် အိပ်စက်ခြင်း

လက်သင်
နိဒါန်း

လူတိုင်းက ပင်ပန်းနွမ်းနယ်မှုကို သိရှိခံစားကြသည်။ ၎င်းမှာ မိမိတို့အား ကိုယ်ခန္ဓာမှ အိပ်ရန် လိုအပ်ကြောင်း အချက်ပြခြင်း ဖြစ်သည်။ အိပ်စက်ချိန်၊ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်နှင့် အင်အားပြည့်ဝရန် လိုအပ်သည့် အိပ်စက်ချိန်တို့မှာ လူတစ်ဦးနှင့် တစ်ဦးအကြား ကြီးမားသော ခြားနားမှုရှိသည်။ သို့ရာတွင် လူတိုင်းအတွက် အိပ်စက်ရန် လိုအပ်ကြောင်း သတိပြုရမည်ဖြစ်သည်။ ၎င်းသည် ခွန်အားအသစ် ဖြစ်ထွန်းရန်နှင့် ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရန် ဆောင်ရွက်ပေးသည်။ အိပ်စက်ခြင်းသည် အသက်အရွယ်နှစ်အလိုက် အပြောင်းအလဲ ဖြစ်နိုင်သည်။ ကလေးတစ်ဦးအနေဖြင့် နှစ်ခြိုက်စွာ ပို၍အိပ်စက်နိုင်ပြီး အသက်အရွယ် ကြီးမြင့်လာသည်နှင့် အမျှ မကြာခဏ အိပ်ရာမှနိုးခြင်း ဖြစ်ပေါ်လာတတ်သည်။

ယနေ့မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းတွင် ညပိုင်းအလုပ်နှင့် အချိန်အဆိုင်းဖြင့် လုပ်ရသောအလုပ်များမှာ အထူးအဆန်းမဟုတ်ပေ။ သို့ရာတွင် ထိုသို့သော အလုပ်များသည် သဘာဝနှင့် ဆန့်ကျင်ပြီး ရေရှည်တွင် ပြသနာများ ဖြစ်လာစေနိုင်သည်။ ဥပမာ − အိပ်စက်ခြင်း မူမမှန်မှုရောဂါမှာ ၎င်းတို့၏ အကျိုးဆက်များ ဖြစ်ကြသည်။ ကျွန်ုပ်တို့၏ ဇီဝနာရီမှာ အစဉ်မပြတ် ပြောင်းလဲနေမှုများကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ် လာသည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် ပုံမှန်အားဖြင့် မှောင်လာသောအချိန်၌ အိပ်စက်ရန် သတ်မှတ် ထားသည်။ ထို့ကြောင့် ညပိုင်းလုပ်ရသည့် အလုပ်မှာ ပြသနာဖြစ်လာနိုင်သည်။

ဆယ်ကျော်သက်ကာလများတွင် အိပ်စက်ရန် လိုအပ်သောအချိန်မှာ တစ်ခါတစ်ရံ အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခု ဖြစ်သည်။ နောက်တစ်နေ့ မနက်တွင် ကျောင်းသို့ သွားရန် လိုအပ်သော်လည်း ဆယ်ကျော်သက်များသည် အိပ်ရာဝင် နောက်ကျလေ့ရှိသည်။ လူငယ်တစ်ဦးအနေဖြင့် အမြဲတမ်း ပြုမူလုပ်ဆောင်ခြင်း မဟုတ်ပါက ခန္ဓာကိုယ်မှာ အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိမည် ဖြစ်သည်။ လူတိုင်းမှာ မိမိ၏ ခန္ဓာကိုယ် ပြန်လည် ကြံ့ခိုင်လန်းဆန်းရန် အိပ်ချိန် မည်မျှလိုအပ်သည်ကို ကိုယ်တိုင် ဆုံးဖြတ်ရမည်ပင် ဖြစ်သည်။ ၎င်းကို လွှမ်းမိုးနိုင်သော အချက်များ မရေမတွက်နိုင်အောင်ရှိပြီး သိပ္ပံပညာရပ်မှ အပြင်းအထန် သုတေသနပြုလျက်ရှိသည်။

အညွန်းပန်းတိုင်
  • မိမိ၏ အိပ်စက်မှု အမူအကျင့်နှင့်ပတ်သက်၍ ပြန်လည် ဆန်းစစ်ရန်။
  • လူသားများအတွက် အိပ်စက်မှုမှာ အရေးကြီးကြောင်းကို သိရှိနားလည်ရန်။
  • အိပ်စက်ခြင်းသည် ဖွံ့ဖြိုးမှုနှင့် ဘဝအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း နားလည်ရန်။
  • အိပ်စက်ခြင်းနှင့်ပတ်သက်၍ သိပ္ပံဆိုင်ရာ ချဉ်းကပ်မှုကို သိရှိရန်။
  • အနောက်တိုင်းမှ ဆယ်ကျော်သက်များ၏ နေ့စဉ်ဘဝနှင့်ပတ်သက်၍ သိရှိနားလည်ရန်။