အရင်းအမြစ်များ

အနာဂါတ်နည်းပညာ

မိုးကောင်းကင်သည်သာ ကန့်သတ်ချက် − ဝေဟင်မှ ကေဘယ်လ်ကြိုးလမ်းများ

ပိုမိုကောင်းမွန်သော
နိဒါန်း

ကေဘယ်လ်ကားများကို ကမ္ဘာပေါ်ရှိ ကြီးမားသော နှင်းလျှောစီး အပန်းဖြေစခန်းများမှ အရင်းခံပြီး သိလာကြပါသည်။ ၎င်းသည် ခရီးသွားဧည့်သည်များနှင့် နှင်းလျှောစီးသူများကို တောင်ထိပ်ပေါ်သို့ ပို့ဆောင်ပေးပြီး၊ ပုံမှန်အားဖြင့် “သယ်ယူပို့ဆောင်ရေး နည်းလမ်း” အဖြစ် သိရှိထားခြင်း မဟုတ်ပါ။ သို့သော် ၎င်းအား ကွဲပြားနိုင်ပြီး မှတ်ယူနိုင်သည်ဟု ဆွစ်ဇာလန်နိုင်ငံမှ ပြသပါသည်။

ဆွစ်အဲလ်ပ်တောင်တန်းများ၏ မြေအနေအထား ခက်ခဲမှုကြောင့် ဆွစ်ပြည်သူများသည် ကေဘယ်လ်ကားများ၏ စွမ်းဆောင်မှုအပေါ် မှီခိုကြပါသည်။ ဥပမာ − မဲတက်ဟွန်း (Matterhorn) တောင်ပေါ်မှ ကြီးမားပြီး ကျော်ကြားသော ကေဘယ်လ်ကားများသည် လူများနှင့် ကုန်ပစ္စည်းများကို အများဆုံး သယ်ယူပို့ဆောင်ပေးသည်။ သို့သော်လည်း ခရီးသွားဧည့်သည် နည်းပါးသော ဒေသများတွင် ဆွစ်ဇာလန် တိုင်းသူပြည်သားများအတွက် သေးငယ်သော ကေဘယ်လ်ကားများစွာ ရှိပါသည်။ ဖြတ်သန်းသွားလာရန် မဖြစ်နိုင်သော နေရာများတွင် ရှိသည့် အလွန်ချောင်ကျသော အိမ်များကြောင့် ကလေးအချို့သည် ချိုင့်ဝှမ်းသို့ ကောင်းကင်ကြိုးသိုင်း ရထားတွင် တွဲလဲပါသော လူစီးရန် အိမ်ငယ်ဖြင့် ကျောင်းသွားကြပါသည်။

ကေဘယ်လ်ကားသည် အထူးသဖြင့် လုံခြုံစိတ်ချရပြီး ယုံကြည်အားထားရပြီး မည်သည့် မြေပြင်အနေအထား ကိုမဆို သက်သောင့်သက်သာ ကျော်လွှားနိုင်ပါသည်။ ထိုထူးခြားသော လက္ခဏာများကြောင့် ဆွစ်ဇာလန်တွင် ကေဘယ်လ်ကားအား သယ်ယူပို့ဆောင်ရေး နည်းလမ်းအဖြစ် အသိအမှတ်ပြုကြသည်။ ဆွစ်ဇာလန် နိုင်ငံသည် ၎င်းတို့၏ ကေဘယ်လ်ကားများအား ပုံမှန် အဆင့်မြင့်ခြင်း နှင့် စမ်းသပ်ခြင်းများ ပြုလုပ်ပြီး အသစ်ဆောက်လုပ်ရန်လည်း ဝန်မလေးပါ။ အစိတ်အပိုင်းများကို ရဟတ်ယာဥ်ဖြင့် ပို့ဆောင်ပြီး အပေါ်မှာ တပ်ဆင်ပါသည်။

နောက်ထပ် ပိုမိုပြီး ထူးခြားဆန်းပြားသော နေရသည် အယ်လ်ဂျီးရီးယားနိုင်ငံတွင် တည်ရှိသည်။ ထိုနေရာတွင် သယ်ယူပို့ဆောင်ရေးနည်းလမ်း အဖြစ် ကေဘယ်လ်ကားကို အလွန်အသိအမှတ်ပြုကြသည်။ လူဦးရေမှာ လျင်မြန်စွာ တိုးပွားနေပြီး လမ်းများတွင် နေရာမရှိတော့ပါ၊ မြေအောက်ရထား ဆောက်လုပ်ရေးမှာလည်း အချိန်အလွန် ကြာမြင့်နိုင်ပါသည်။ ထို့ကြောင့် ကေဘယ်လ်ကားကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ ကောင်းကင်ကြိုးသိုင်း ရထားတွင် တွဲလဲပါသော လူစီးရန် အိမ်ငယ်များသည် မြို့များ၏ ခေါင်မိုးများပေါ်မှ တိတ်ဆိတ်စွာ မျောပါပြီး၊ နိုင်ငံသားများမှ ကောင်းမွန်စွာ လက်ခံထားသော မြန်ဆန်၍ ထိရောက်သည့် သယ်ယူပို့ဆောင်ရေးအဖြစ် ဝန်ဆောင်ပေးပါသည်။ အနာဂတ်တွင် နေရာအကန့်အသတ် ရှိသော မြို့များအတွက် ကေဘယ်လ်ကားသည် လူတို့အတွက် လုံခြုံစွာ၊ မြန်ဆန်စွာနှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော သင့်တော်သည့် ရွေးချယ်စရာ တစ်ခုဖြစ်လာနိုင်သည်မှာ အမှန်ပင်။

အညွန်းပန်းတိုင်
  • ဆွစ်ဇာလန်နိုင်ငံအတွင်းသို့ ယဥ်ကျေးမှုဆိုင်ရာ ထိုးထွင်းသိမြင်မှု ရရှိရန်။
  • ကေဘယ်လ်ကား မည်ကဲ့သို့ လုပ်ဆောင်သည်ကို နည်းပညာပိုင်းဆိုင်ရာ နားလည်မှု တိုးတက်ရန်။
  • သယ်ယူပို့ဆောင်ရေး နည်းလမ်းအဖြစ် ကေဘယ်လ်ကား၏ ဖြစ်လာနိုင်ချေကို နားလည်ရန်။
  • ဘတ်စ်ကားများ (သို့) ရထားများနေရာတွင် ကေဘယ်လ်ကားကို ရွေးချယ်စရာအဖြစ် နားလည်ရန်။
  • သံမဏိကေဘယ်လကို မည်ကဲ့သို့ တည်ဆောက်သည်ကို နားလည်ရန်။