အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

ဓာတ်ရောင်ခြည် − မမြင်နိုင်သောစွမ်းအင်

အဆင့်အားလုံး
နိဒါန်း

ဓါတ်ရောင်ခြည်သည် ကမ္ဘာမြေပေါ်တွင် သဘာဝအတိုင်း အလိုအလျောက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ရေဒီယိုသတ္တိကြွမှု၊ ကမ္ဘာ့သံလိုက်စက်ကွင်းနှင့် နေ၏ ခရမ်းလွန်ရောင်ခြည်များမှာ အဓိကဓာတ်ရောင်ခြည်သုံးမျိုးဖြစ်သည်။ ၎င်းတို့အား ပမာဏများစွာ ထိတွေ့ခြင်းသည် ကျွန်ုပ်တို့လူသားများအား အန္တရာယ်ဖြစ်စေနိုင်သော်လည်း ပုံမှန်ပမာဏသည် ကျန်းမာရေးအတွက် ကောင်းမွန်သောအကျိုးသက်ရောက်မှုရှိစေသည်။

ဥပမာ − ရေဒွန်အနည်းငယ်ပါဝင်သော စမ်းရေသည် နာကျင်မှုများစွာအတွက် ကောင်းမွန်သည်။ အဆစ်အမြစ် ရောင်ရမ်းခြင်းနှင့် အရိုးပွရောဂါများ၏ လက္ခဏာများအား ဤရေဒီယိုသတ္တိကြွ ကုသခြင်းဖြင့် သက်သာစေနိုင်ပြီး လူနာအား အကူအညီဖြစ်စေသည်။ ၎င်းရေသည် သောက်သုံးခြင်းနှင့် ရေချိုးခြင်းပြုလုပ်ခဲ့သည်။ ထို့အပြင် သဘာဝ ဓါတ်ရောင်ခြည်အား တောင်တစ်လုံးအတွင်း၌စုပ်ယူထားမှုပြုနိုင်သည်။ အပူချိန်မြင့်မားခြင်းနှင့် ရေဒွန်ပါဝင်သော လေထုတို့ ပေါင်းစပ်ထားသော မြင့်မားသည့်စိုထိုင်းဆသည် ထိုကဲ့သို့သောရောဂါများကိုကုသရန် အကောင်းဆုံးသော ရာသီဥတုကိုဖြစ်စေသည်။ သို့ဖြစ်၍ လူနာများသည် တောင်ပေါ်သို့ သွားရောက်၍ သင့်တော်သော ကုသခန်းအတွင်း၌ နေထိုင်ကြသည်။

အနာရောဂါကို ကုသပေးနိုင်သော အခြားဓါတ်ရောင်ခြည်အမျိုးအစားတစ်ခုမှာ သံလိုက်စက်ကွင်းမှ သံလိုက် ဓါတ်ရောင်ခြည် ဖြစ်သည်။ ဤနေရာတွင် ကမ္ဘာမြေ၏ သံလိုက်စက်ကွင်းအား ကုသခြင်းတွင် အသုံးပြုနေသည်။ လူနာများသည် အဆစ်နာခြင်း သို့မဟုတ် ဆီးချိုရောဂါများ သက်သာစေရန် မျှော်လင့်ကာ ဤမိုင်းတွင်းသို့လည်း လာရောက်ကြသည်။ အရိုးကျိုးသည့်အချိန်မျိုးတွင် သံလိုက်လှိုင်းများဖြင့် ပစ်မှတ်ထားကုသခြင်းဖြင့် အနာရောဂါကို သက်သာစေနိုင်သည်။

ခရမ်းလွန်ရောင်ခြည်သည်လည်း ဆေးဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက် အသုံးပြုသော ဓါတ်ရောင်ခြည်တစ်မျိုး ဖြစ်သည်။ atopic အရေပြားရောင်ရမ်းခြင်းနှင့် အခြားအရေပြားရောဂါများကို ခံစားနေရသော လူနာများအတွက် နေရောင်ခြည်ခံယူခြင်းအား ကုသမှုအဖြစ်သတ်မှတ်ပေးသည်။ ဆွစ်ဇာလန်နိုင်ငံ အဲလ်ဖ်တောင်တန်းမှ ညစ်ညမ်းသည့် အမှုန်အမွှား မပါဝင်သလောက်ရှိသည့် သန့်ရှင်းသောလေသည် နေရောင်ခြည်ကို အရေပြားသို့တိုက်ရိုက် ဝင်ရောက် စေနိုင်သည်။ နေမှရောင်ခြည်များသည် အရေးပြား၏ တစ်ရှူးများကိုကုသပေးပြီး ယားယံခြင်းကို အလုံးစုံ သက်သာစေသည်။

ကမ္ဘာမြေ၏ သဘာဝဓါတ်ရောင်ခြည်သည် လူသားများအား နည်းလမ်းများစွာဖြင့် ကူညီနိုင်သည်။ ၎င်းတို့အား သင့်တော်သည့် ပမာဏအား ကျန်းမာရေးအတွက် အသုံးပြုသင့်ပြီး ကုသမှုပြုလုပ်အတွက် အလုံးစုံ ပြည့်စုံသော အလားအလာအထိ ဖော်ထုတ်နိုင်မည်ဖြစ်သည်။

အညွန်းပန်းတိုင်
  • ဥရောပမှဆေးပညာနှင့်ပြန်လည်ထူထောင်ရေးကို အသေးစိတ်သိရှိနိုင်ရန်။
  • ဓါတ်ရောင်ခြည်ကုသမှုဆိုင်ရာ အကြောင်းအရာများ (ရေဒီယိုသတ္တိကြွ၊ သံလိုက်၊ ခရမ်းလွန်) ကိုသိရှိနိုင်ရန်။
  • သဘာဝဆေးဝါးများ၏ ကုသနိုင်စွမ်းကို သိရှိနိုင်ရန်။
  • ဓါတ်ရောင်ခြည်အသုံးပြုမှု သမိုင်းကြောင်းကို သိရှိနိုင်ရန်။
အကြံပြုသင်ခန်းစာအစီအစဥ်
  • ကျောင်းသားများအား သင်ခန်းစာအစတွင် ဓါတ်ရောင်ခြည်နှင့်ပတ်သက်သော အကြောင်းအရာကို မိတ်ဆက်ပေးနိုင်သည်။ ဥပမာ – သံလိုက်များပြသခြင်း။
  • သင်ခန်းစာစာရွက်ကို ဝေပေးပါ။
  • ထို့နောက် ရုပ်ရှင်အတွင်း၌ ပါဝင်သော ဓာတ်ရောင်ခြည်သုံးမျိုးကို ကျောင်းသားများအား မြင်ယောင်ကြည့် စေပါ။ ကျောင်းသားများသည် ဇယားအထက်မှ ပထမစာကြောင်းကို မှတ်သားမိပြီးလည်း ဖြစ်နေနိုင်သည်။
  • ရုပ်ရှင်ကိုဖွင့်ပြပြီး ကျောင်းသားများအား သင်ခန်းစာစာရွက်ကို ဖြည့်စေပါ။
  • ရုပ်ရှင်ပြပြီးနောက် ဇယားကွက်ကို ဆွေးနွေးစေပါ။
  • သင်ပုန်းပေါ်တွင်ဇယားကို ရေးဆွဲပြီး ကျောင်းသား၏အဖြေများကို ဖြည့်စွက်ခြင်းလည်း ပြုလုပ်နိုင်သည်။
  • ဆွေးနွေးမှုတွင် အသုံးပြုနိုင်မှု ပမာဏ၏ အရေးကြီးပုံကို အလေးထား ပြောဆိုပါ။ သို့မှာသာ အဆိုပါ ကုထုံးကို အသုံးပြုနေသည့် ကလေးများနှင့် ပတ်သက်သည့် အသေးအဖွဲကိစ္စကို ဖယ်ထုတ်နိုင်မည် ဖြစ်သည်။