အရင်းအမြစ်များ

အနာဂါတ်နည်းပညာ

လျှင်မြန်၍ သန့်ရှင်းသော – မျိုးဆက်သစ်ဓာတ်အားလိုင်း

ပိုမိုကောင်းမွန်သော
နိဒါန်း

ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်လာရခြင်းကြောင့် ရေရှည်တည်တံ့သောစွမ်းအင် ပံ့ပိုးနိုင်မှုမှာ ပို၍ အရေးကြီးလာသည်။ လေစွမ်းအင်သည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ပင်လယ်ပေါ်ရှိ လေရဟတ်တာဘိုင်များမှာ အထူးသဖြင့် စိတ်ဝင်စားဖွယ် ဖြစ်လာသည်။ မြောက်ဖက်ပင်လယ်တွင် တည်ဆောက်ထားသည့် လေရဟတ်တာဘိုင်အစုအဝေးသည် အထူး ထိရောက်မှုရှိပြီး ရာသီဥတု အတွက်လည်း သင့်လျော်ကောင်းမွန်သည်။ ၎င်းတို့အား မည်သည့်သင်္ဘောသွားရာလမ်းကြောင်းအတွင်းမှ ရှိမနေစေရန် ဆောင်ရွက်ထားပြီး လေစွမ်းအားကောင်းမွန်သောတည်နေရာကိုလည်း ရွေးချယ်ထားသည်။

လေရဟတ်များသည် လျှပ်စစ်ဓာတ်အားကို AC ဖြင့် ထုတ်လုပ်ပေးသည်။ ပင်လယ်အတွင်းရှိ စွမ်းအင် ပြောင်းလဲမှုစနစ်မှ လျှပ်စစ်ကို DC လျှပ်စစ်အဖြစ်သို့ ပြောင်းလဲပေးသည်။ ၎င်း DC အား ပင်လယ်အတွင်းမှ ၇၀ ကီလိုမီတာအကွာအဝေးရှိ ကုန်းမြေသို့ ပို့ဆောင်ပြီး ကုန်းမြေအရောက်တွင် AC အဖြစ်ပြန်ပြောင်းကာ အိမ်များတွင် အသုံးပြုသည်။ AC ကို အကွာအဝေးများစွာ သယ်ယူပို့ဆောင်ပါက စွမ်းအင်ဆုံးရှုံးမှု ဖြစ်နိုင် သောကြောင့် ထိုသို့သော ပြောင်းလဲမှုများ ပြုလုပ်ရခြင်းဖြစ်သည်။ DC မှာမူ အကွာအဝေးများစွာ သယ်ဆောင်စေကာမူ ဆုံးရှုံးမှု မရှိသလောက်ပင် ဖြစ်သည်။ AC အီလက်ထရွန်များသည် အမြဲမစေ ဦးတည်ရာပြောင်းလဲတတ်ခြင်းကြောင့် ၎င်းတို့သည် သယ်ယူပို့ဆောင်မှုကြိုး (flux) အတွင်း ဦးတည်မှု မတည်ငြိမ်ဘဲ ရှိနေတတ်သည်။ တစ်ဖက်တွင် DC သည် အိမ်ထောင်စုများတွင် အသုံးပြုရန်အတွက် မကောင်းမွန်ပေ။ အဘယ်ကြောင့်ဆိုသော် လျှပ်စစ်အားကို အလွယ်တကူ ချိန်ညှိရ မရခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ လျှပ်စစ်ဓာတ်အားကို အကြိမ်ကြိမ် ပြောင်းလဲမှုပြုလုပ်ရန် လိုအပ်ခြင်းဖြစ်သည်။

ဤဆန်းသစ်သော ပြောင်းလဲခြင်းနည်းပညာသည် အင်ဂျင်နီယာများအား လျှပ်စစ်ဓာတ်အားကို ဝေးလံသော နေရာများသို့ သယ်ဆောင်နိုင်ရန် ပံ့ပိုးပေးသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ (Renewable energies) သည် ပြည်ပမှ ရောက်လာသည်ဟုပင် ယူဆနိုင်သည်။ ဥပမာအားဖြင့် လေစွမ်းအင်သည် ဂျာမနီမှ နော်ဝေးသို့ ရောက်ရှိနိုင်သည်။ တည်ငြိမ်သွားချိန်တွင် ရေအားလျှပ်စစ်စက်ရုံများသည် စွမ်းအင်ကို ဂျာမနီသို့ ပြန်၍ တွန်းပို့ပေးသည်။ ဤနည်းဖြင့် အရင်းအမြစ်များ ရှားပါးလာချိန်၌ နေနှင့်လေတို့၏ သဘာဝအရ ကွဲပြားမှုများကို နော်ဝေရှိ ရေအားလျှပ်စစ်စက်ရုံများတွင် သိုလှောင်သိမ်းဆည်းခြင်းနှင့် အသုံးပြုခြင်း အားဖြင့် အပြန်အလှန်အကျိုးသက်ရောက်စေသည်။

ပင်လယ်သမုဒ္ဒရာပေါ်တွင် လျှပ်စစ်စွမ်းအင် ပြောင်းစက်အတွက် စင်များတည်ဆောက်ရခြင်းမှာလည်း စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ ၎င်းစင်ကို ထိန်းချုပ်ပေးရန် ကြီးမားသော တိုင်ကြီးများကို ပင်လယ်အတွင်းသို့ ထည့်သွင်းကာ နှစ်မြုပ်ပေးရသည်။ အဆိုပါ ပလက်ဖောင်းတွင် လိုအပ်သော မီးစက်များပါဝင်ပြီး လျှပ်စစ် ပြောင်းလဲမှုလုပ်ငန်းအားလုံးကို အလိုအလျောက်ပြုလုပ်နိုင်သည်။ စောင့်ကြည့်မှုပြုလုပ်ခြင်းကို ကုန်မြေပေါ်၌ ပြုလုပ်သည်။ စီမံကိန်းတစ်ခုလုံးသည် ရေရှည်တည်တံ့သော တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားထောက်ပံ့မှုကို အာမခံချက်ပေးပြီး ပြန်လည်ထုတ်လုပ်နိုင်သောစွမ်းအင် ဖွံ့ဖြိုးမှုကိုအသုံးပြုရန်လည်း တွန်းအားဖြစ်စေသည်။

အညွန်းပန်းတိုင်
  • DC နှင့် AC တို့၏ သိသာသော ကွာခြားချက်၏ အခြေခံကို နားလည်ရန်။
  • ကမ်းလွန်ပင်လယ်တွင် လျှပ်စစ်ဓာတ်အားစက်ရုံတည်ဆောက်မှုနှင့်ပတ်သက်၍ သိရှိနိုင်ရန်။
  • ဂျာမဏီ/ဥရောပတွက် လျှပ်စစ်ပံ့ပိုးမှု အခြေအနေကို အခြေခံမျှ သိရှိနိုင်ရန်။
  • စွမ်းအင်ထုတ်လုပ်ခြင်းနှင့် ရေရှည်တည်တံ့နိုင်ခြင်းတို့သည် သီးခြားစီမဟုတ်ကြောင်းကို သတိပြုရန်။
  • ကောင်းမွန်သန့်ရှင်းသည့် စွမ်းအင်ထုတ်လုပ်မှု၏ အရေးပါပုံကို သတိပြုမိရန်။