အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

Qi – တရုတ်တိုင်းရင်းနည်းဖြင့်ကုသခြင်းနည်း

ပိုမိုကောင်းမွန်သော
နိဒါန်း

Qi သည် ရိုးရာတရုတ်ဆေးပညာဗဟိုစွမ်းအင်၏ သင်္ကေတဖြစ်သည်။ Qi နည်းစနစ်များသည် နှစ် (၃၀၀၀)ကျော် သက်တမ်းရှိပြီဖြစ်သော အစဥ်အလာနှင့် သွန်သင်ချက်များတွင် အခြေခံသည်။ ရိုးရာတရုတ်ဆေးပညာအများစုက Qi သည် အစွမ်းသတ္တိများ၏အရင်းအမြစ်ဖြစ်ပြီး ကျွန်ုပ်တို့ကို အားဖြည့်ပေးသည်ဟူသော ယူဆချက်ကိုအခြေခံသည်။ ၄◌င်းသည် ကျွန်ုပ်တို့အတွင်းမှစီးဆင်းပြီး ကုသခြင်းကိုအသက်သွင်းနိုင်သည်။ သို့သော် စီးဆင်းမှုကို ကန့်သတ်ထားပါက နေထိုင်မကောင်းခြင်းကိုဖြစ်စေနိုင်ပါသည်။ ဥပမာအနေဖြင့် Qi သည် အဆစ်များထဲတွင် မစီးဆင်းနိုင်ပါက ဖောခြင်း၊ ရောင်ရမ်းခြင်း နှင့် အဆစ်အမြစ်များနာကျင်ကိုက်ခဲခြင်းများ ဖြစ်စေနိုင်ပါသည်။

တရုတ်ကျေးလက်နေပြည်သူများသည် ဓလေ့ထုံးစံများအရ တင်းကြပ်စွာတားမြစ်ထားပြီး သူတို့၏ စွဲမြဲယုံကြည်မှုကိုသာ ဦးစားပေးသည်။ ဥပမာအားဖြင့် အရိုးကျိုးခြင်းအတွက် ခွဲစိတ်ကုသမှုများ မပြုလုပ်ဘဲ သမာရိုးကျနည်းလမ်းဖြင့်သာကုသကြသည်။ ဤအရာသည် နာတာရှည်ဖြစ်စဥ်တစ်ခုကဲ့သို့ထင်ရသော်လည်း သဘာ၀၏အနာရောဂါငြိမ်းခြင်းဖြစ်စဥ်တစ်ခုအဖြစ်လက်ခံကြသည်။

တရုတ်လူမျိုးအများစုသည် Qigong ဟုခေါ်သော နည်းကိုလည်း လေ့ကျင့်ကြသည်။ Qigong သည် Qi ကို သက်၀င်စေရန် ပြုလုပ်သော လေ့ကျင့်ခန်းများဖြစ်သည်။ သူသည်လည်း ကိုယ်ခန္ဓာအတွင်သို့ ကိုယ်တိုင်စီးဆင်းဖြန့်ဖြူးသင့်သည်။ အပ်စိုက်ကုထုံးမှ တစ်ဆင့် Qi ကိုလည်း သက်၀င်လှုပ်ရှားစေနိုင်သည်။ အနောက်တိုင်းဆေးပညာအရ Qi ကိုမသိရှိရသေးပါ။ သို့သောလည်း တရုတ်လူမျိုးများသည် ၄င်းကို ဘ၀၏အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံပြီး သူတို့၏ ဆေး၀ါးများနှင့်ကိုက်ညီအောင် ပြုလုပ်ကြသည်။

အညွန်းပန်းတိုင်
  • Qi ကို စွမ်းအင်တစ်ခုအနေဖြင့်နားလည်ထားရန်နှင့် တရုတ်နိုင်ငံတွင် ရောဂါအမျိုးမျိုးကို ကုသရာ၌ အရေးပါသောကဏ္ဍတစ်ခုအဖြစ်ပါ၀င်သည်ကို သိရှိနားလည်စေရန်
  • အခြားသောကုသနည်းများရှိကြောင်းကိုလည်း သိရှိစေရန်
  • တရုတ်ဆေးပညာအကြောင်းပိုမိုသိရှိကာ ၀ိညာဏစွမ်းအင်အကြောင်းကိုလည်း နားလည်သဘောပေါက်စေရန်
အကြံပြုသင်ခန်းစာအစီအစဥ်
  • Qi အကြောင်းအကြမ်းဖျင်း မိတ်ဆက်ပေးပါ။
  • ပညာရေးဆိုင်ရာရုပ်ရှင်ပြသပါ။ (ကျောင်းသူကျောင်းသားများ မှတ်စုရေးမှတ်ခြင်းပြုလုပ်စေပါ)
  • မှတ်တမ်းစာရွက်များ ဖြန့်ဝေကာ လုပ်ဆောင်ရမည်များကို ရှင်းပြပါ။
  • ကျောင်းသူ ကျောင်းသားများ တစ်ဦးချင်းစီ စာကြောင်းများအား ပြန်ဖတ်ပြခိုင်းပါ။
  • နှုတ်ဖြင့်ဖြေကြားရသည့် စကားစုများတွင် မည်သည့်အရာများထည့်သွင်းဖြေကြားရမည်ကိုဖော်ပြပါ။ ကျောင်းသူ ကျောင်းသားများအတွက် စီကုံးဖော်ထုတ်ခြင်းတွင် အခက်အခဲမရှိစေရန် အဖြေတစ်ခုအတွက် စာကြောင်းအများကိုလည်း ဖြေကြားနိုင်ပါသည်။
  • စုရုံးတိုင်ပင်မှုများပြီးသည့်နောက် အချိန်ပိုသေးပါက ကျောင်းသူ ကျောင်းသားများနှင့်အတူ ရိုးရှင်းသော Qi-Gong လေ့ကျင့်ခန်းတစ်ခုကို လုပ်ဆောင်နိုင်ပါသည်။