အရင်းအမြစ်များ

ဦးနှောက်၏လျို့၀ှက်ဆန်းကြယ်မှုများ

လူပျို/အပျိုဖော်ဝင်ချိန် -ဦး နှောက်၏အရေးပေါ်အခြေအနေ

လက်သင်
နိဒါန်း

လူပျို/အပျိုဖော်ဝင်ခြင်းဆိုသည်မှာ ကလေးများ နှင့် ဆယ်ကျော်သက်များ အတွက်သူတို့ဘ၀တွင် ကြီးမားသော ပြောင်းလဲမှုဖြစ်သည်။ ဦး နှောက်ထဲတွင် အရာများစွာ ပြောင်းလဲနေပြီး လူငယ်များ၏ အပြုအမူနှင့် ဘဝအပေါ် တိုက်ရိုက် သက်ရောက်မှုရှိသည်။

ကလေးအရွယ်မှ အရွယ်ရောက်သူသို့ ကူးပြောင်းခြင်းသည် ထူးခြားသော လက္ခဏာများစွာနှင့် ဆက်စပ် နေသည်။ ဦးနှောက်က အရေးကြီးတဲ့ နာဗ်ကြောဆက်(synapses) တွေကို ပြန်လည် အားကောင်းအောင် စီစဉ်ပေးပြီး အရေးမကြီးတဲ့ ဆက်သွယ်မှု တွေကိုတော့ ပြတ်တောက်ပစ် လိုက်ပါသည်။ ဤလုပ်ငန်းစဉ်တွင် ပုံမှန်အားဖြင့် ဆယ်ကျော်သက်များ နှင့် ဆက်နွယ်သော အမူအကျင့်ဆိုင်ရာ ပြသနာအချို့ရှိသည်။ ဥပမာအားဖြင့် စိတ်တိုလွယ်ခြင်း၊ယုံလွယ်ခြင်းမှ စွဲလမ်းအပြုအမူ သို့မဟုတ် စွန့်စားလုပ်ဆောင်မှုများ မှဖြစ်ပေါ်နိုင်သည်။ ထိုကိစ္စရပ်များသည် လူပျို/အပျိုဖော်ဝင်ချိန်တွင်း ဖြစ်ပေါ်တက်ပြီး ထိုအသက်အရွယ်အတွက် သာမန်ဖြစ်စဥ်လို့ တွေးတောလို့ ရပါသည်။

ပုံမှန် ဆယ်ကျော်သက်များသည် နောက်မှ အိပ်ရာဝင်ကြပြီး မနက်အိပ်ရာ ထရန် ခက်ခဲကြသည်။ ဤအချက် သည် ကျောင်းစနစ်နှင့် ပတ်သက်၍ အမြဲတမ်းဆွေးနွေးမှုများဖြစ်ပေါ်စေသည်။ လူငယ်ဘ၀ နှင့် အံဝင်ခွင် ကျဖြစ်ရန် သင်ခန်းစာများကို နောက်ကျမှ စတင်သင့်ပါသလား။ လိင်မတူညီခြင်း ခြားနားချက် များကိုလည်း တွေ့မြင်နိုင်သည်။ လူပျို/အပျိုဖော်ဝင်ခြင်းသည် ယောက်ျားလေးများတွင် မိန်းကလေးများထက် အနည်းငယ် နောက်ကျသည်။(၁၂ vs ၁၀)။ ထို့အပြင် မိန်းကလေးများသည် စိတ်ခံစားမှုကို ပိုမိုသိသာ ထင်ရှားနေစဥ်တွင် ယောက်ျားလေးများသည် ကြားကွက်လပ် စဉ်းစားတွေးခေါ်မှုတွင်ပိုမိုကောင်းမွန်သည်။
လူပျို/အပျိုဖော်ဝင်ခြင်းသည် လူငယ်များအတွက် အလွန်စိတ်လှုပ်ရှားစရာ ကောင်းသော အဆင့်ဖြစ်သည်။ သင်သည် ကလေး မဟုတ်တော့သော်လည်း ရင့်ကျက်သော အရွယ်ရောက်ပြီး သူနှင့် ဝေးနေဆဲဖြစ်သည်။ ခန္ဓာကိုယ် ပြောင်းလဲလာပြီး ဦး နှောက်သည်အရေးပါသော အခန်းကဏ္ဍမှ ပါ၀င်နေသည်။

အညွန်းပန်းတိုင်
  • လူပျို/အပျိုဖော်ဝင်ခြင်းနှင့် ပတ်သက်၍ နားလည်မှုအသစ်ရယူပါ။
  • လူပျို/အပျိုဖော်ဝင်စဉ်အတွင်း သင့်အပြုအမူကို ပြန်ပြောင်းစဉ်းစားပါ။
  • လူပျို/အပျိုဖော်ဝင်စဉ်အတွင်းကိုယ်ခန္ဓာအတွင်းရှိဖြစ်စဉ်များကိုပိုမိုနားလည်ရန်။
  • လူပျို/အပျိုဖော်ဝင်မှုကိုသိပ္ပံနည်းကျကြည့်ရူခြင်း။