အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

အဆိပ် − ဆေးပမာဏတိုင်းတွင် ပါဝင်သည်

ပိုမိုကောင်းမွန်သော
နိဒါန်း

ဘရာဇီး မိုးသစ်တောတွင် နေထိုင်သော ကာတုကီးနား အင်ဒီးယန်းများသည် သဘာဝနှင့် အမြဲ ရင်းနှီးသော ဆက်ဆံရေးရှိသည်။ အထူးသဖြင့် ထိုနေရာတွင် နေထိုင်သော ကမ်ဘိုဖားများဖြင့် ဖြစ်သည်။ သူတို့သည် ၎င်း၏ အရေပြားမှ စိမ့်ထွက်သော အရည်ကို ဆေးတစ်မျိုးအဖြစ် အသုံးပြုသည်။ ၎င်းသည် အလွန်အဆိပ်ပြင်းပြီး၊ ဒေသခံ နတ်ဆရာများသာ ထိုအရည်ကို စီမံနိုင်သည်။ ကုသနေစဥ် အတောအတွင်းတွင် မိုးသစ်တောထဲ၌ ဖားများကို ခြေရာခံရပါသည်။ ထို့နောက် ၎င်း၏ အရေပြားသို့ အဆိပ်ကို စိမ့်ထုတ်စေရန် စိတ်ဆိုးအောင် ပြုလုပ်ရပါသည်။ နတ်ဆရာသည် အဆိပ်ကို သစ်သားတုတ်ဖြင့် ဖယ်ရှားပြီး ကုသမှုအတွက် ပြင်ဆင်ပါသည်။ ထို့နောက် လူနာကို ရွှန်းဝေနေသော သစ်သားတုတ်ဖြင့် ဥပမာ − လက်မောင်းသို့ ထိုးလိုက်ပါသည်။ ဖြစ်စဥ် တစ်ခုလုံးသည် ပျမ်းမျှအားဖြင့် ၅ကြိမ်မျှ ဖြစ်ပြီး အရေးပြားကို အပေါ်ယံအားဖြင့် အနာတရ ဖြစ်စေပါသည်။ ကမ်ဘိုအဆိပ်ကို ဒဏ်ရာငယ်များသို့ သုတ်လိမ်းပြီး ချက်ခြင်း အာနိသင် ပြပါသည်။ လူနာသည် များသောအားဖြင့် အော့အန်ပြီး ပြင်းထန်သော ကိုယ်ခံအား တုံ့ပြန်မှု ရှိပါသည်။ ကာတုကီးနား အင်ဒီးယန်းများသည် ဤကုသမှုဖြင့် တိုင်တည်ပြီး၊ ၎င်းတို့ မျိုးနွယ်စု၏ နာကျင်ခံစားရမှုများ အားလုံးအတွက် အသုံးပြုပါသည်။ ၎င်းသည် ပူဆွေးမှုများကို ပပျောက်စေပြီး၊ အာရုံများကို ထက်မြက်စေပြီး၊ ခန္ဓာနှင့် စိတ်ကို သန့်ရှင်းစေပါသည်။

ဖား၏ အစွမ်းထက် ပါဝင်သော ပစ္စည်းသည် ဆေးဝါးလုပ်ငန်းအတွက်လည်း စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ မတူညီသော ဒြပ်ထုများ၏ သက်ရောက်မှုများသည် ဇီဝဗေဒဆိုင်ရာ ခြေရာခံနိုင်ပြီး သက်သေပြနိုင်ပါသည်။ ပြဿနာမှာ ပေါင်းစပ်မှု နှင့် အသုံးပြုမှုအား ခန့်မှန်းရခက်ခြင်းတွင် ဖြစ်သည်။ ထို့ကြောင့် ဒြပ်ထုများကို စစ်ထုတ်ပြီး၊ ဘေးထွက်ဆိုးကျိုးများ (သို့) ဆေးချိန်လွန် မှီဝဲခြင်းကို ရှောင်ရှားနိုင်ရန် ဖန်တီးထုတ်လုပ်ရန် ကြိုးစားနေပါသည်။

ပိုင်ဆိုင်မှု သဘောတရားအရ ၎င်းသည် အထက်ပါအားလုံး၏ ပြဿနာ ဖြစ်လာသည်။ ကုမ္ပဏီများသည် မူပိုင်ခွင့်များ အတွက် လျှောက်ထားသည်၊ သို့သော်လည်း ဌာနေတိုင်းရင်းသားများသည် သူတို့ကို လုံးဝ မသိသလို၊ သူတို့၏ ပညာ အသုံးချခံရမှုအတွက်လည်း နစ်နာကြေး လုံးဝ မရရှိပါ။ အင်ဒီယန်း လူမျိုးနွယ်စုများတွင် ဖားအဆိပ်ကို အမဲလိုက်ခြင်း အတွက်လည်း အသုံးပြုပါသည်။

ရုပ်ရှင်တွင် ပါသော နောက်ထပ် သုတေသန ခေါင်းစဥ် တစ်ခုမှာ ဘရာဇီး မိုးသစ်တောမှ အလွန်အဆိပ်ပြင်းသော ပင့်ကူဖြစ်သည်။ ထိုနေရာတွင် အဆိပ်ကို အလားအလာရှိသော အစွမ်းထက် အာနိသင် ပစ္စည်းအဖြစ် စူးစမ်းရှာဖွေပါသည်။ တောထဲတွင် အကိုက်ခံရသော အမျိုးသားများသည် ၎င်းတို့၏ အင်္ဂါ အချိန်ကြာရှည်ပြီး နာကျင်သော ထောင်မတ်နေမှုကို ညည်းညူပါသည်။ ဤအချက်ကို ဆောပေါလိုပြည်နယ်မှ သုတေသီများက စုံးစမ်းစစ်ဆေးနေသည်။ ကမ်ဘိုဖား နည်းလမ်းနှင့် အလားတူပင် ၎င်းတို့သည် အရေးပါသော ဒြပ်ထုကို စစ်ထုတ်ပြီး ၎င်းတို့ကို ဖန်တီးရန် ထုတ်လုပ်ရန် ကြိုးစားနေပါသည်။ ဆေးဝါးသည် ဘေးထွက်ဆိုးကျိုး လုံးဝမဖြစ်ပေါ်စေဘဲ၊ စားသုံးရန်အတွက် လုံးဝဘေးကင်း ရပါမည်။

ဆေးမှာ အဆိပ်ကို ပြုလုပ်ရသည်ကို သိရှိပြီး ဖားနှင့် ပင့်ကူ ကိစ္စရပ်တွင် အထူးသဖြင့် မှန်ကန်ပါသည်။ အဆိပ် လွန်ကဲလျှင် အလွန် မအီမသာ (သို့) သေစေနိုင်သော ဘေးထွက်ဆိုးကျိုးကို ဖြစ်စေနိုင်ပြီး၊ ၎င်းတို့ကို လုံးဝ ဖယ်ထုတ်ရပါမည်။ ဆေးဖြစ်စေ (သို့) အမဲလိုက်ဖို့ရန် မြှားအဆိပ် ဖြစ်စေ၊ အပူပိုင်း မိုးသစ်တော၏ ကုန်းနေရေနေ သတ္တဝါများ နှင့် ပင့်ကူများသည် သေစေနိုင်သော အာရုံကြော အဆိပ်များကို ထုတ်လုပ်ပေးနိုင်ပြီး၊ လူသားများသည် ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်အတွက် သတိနှင့် အမြော်အမြင်ဖြင့် အသုံးပြုနိုင်ပါသည်။ သို့သော်လည်း သမာရိုးကျ ဆေးပညာ နယ်ပယ်တွင် သုတေသီများအတွက် အလုပ်များစွာ ရှိနေပါသေးသည်။

အညွန်းပန်းတိုင်
  • အပင်များနှင့် တိရစ္ဆာန်များသည် အလားအလာရှိသော ဆေးပညာဆိုင်ရာ ဒြပ်ထုများစွာကို ထုတ်လုပ်ပေးသည်ကို မိတ်ဆက်ပေးရန်။
  • ဒြပ်ထုတစ်ခု၏ ပမာဏသည် အဆိပ်ဖြစ်စေသော အကျိုးသက်ရောက်မှု နှင့် ကုသေးပေးနိုင်သော သက်ရောက်မှု အကြား ကွာဟမှုရှိသည်ကို နားလည်ရန်။
  • အမေဇုန် အင်ဒီးယန်း လူမျိုးများမှ ရိုးရာ ကုသခြင်း ဓလေ့ကို မိတ်ဆက်ပေးရန်။
အကြံပြုသင်ခန်းစာအစီအစဥ်
  • ကျောင်းသား / သူများသည် ပထမဦးစွာ စဥ်းစား ဆွေးနွေးပြီး၊ သူတို့သိသော အဆိပ်အပြင်းဆုံး တိရိစ္ဆာန်မှာ ဘာဖြစ်ပါသလဲ (သို့မဟုတ် အဆိပ်ရှိသော အခြား မျိုးစိတ်များမှာ ဘာဖြစ်ပါသလဲ)။
  • ပညာပေးရုပ်ရှင်၏ ခေါင်းစဥ်သို့ ပြောင်းပါ။
  • ပညာပေးရုပ်ရှင် ပြသပါ။
  • လေ့ကျင့်ခန်းစာရွက် ဝေပြီး၊ ကျောင်းသား / သူများအား လုပ်ဆောင်ရမည့် အရာများကို ရှင်းပြပါ။
  • ကျောင်းသား / သူများ လုပ်ဆောင်နိုင်ရန် အချိန်ပေးပါ။
  • မေးခွန်းများကို လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်။
  • ထို့နောက် ဆွေးနွေးမှုပုံစံသို့ ပြောင်းပါ။
  • တုံ့ပြန်မှုပေါ် မူတည်၍ ဆရာ / မ အနေဖြင့် ဆွေးနွေးမှုကို ဆက်လက် ဖြစ်ပေါ်စေရန် တန်ပြန် အငြင်းပွားမှုများကို ထည့်သွင်းပြောဆိုနိုင်ပါသည်။