အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

အစ္စလာမ် ဘာသာဆိုင်ရာ ကုသခြင်း လမ်းကြောင်း ဆီသို့ − ဂျာမန် ဆရာဝန် တစ်ဦး၏ စူးစမ်းရှာဖွေခြင်း

iStock-528562083_Roveliu
ပိုမိုကောင်းမွန်သော
နိဒါန်း

ဆေးပညာသည် အာရပ်ကမ္ဘာတွင် အစဥ်အလာ အရှည်ကြီး ရှိသည်။ ကုသမှုများစွာသည် အီဂျစ်လူမျိုးများ လက်ထက်မှ စတင်ခဲ့ပြီး ရာစုနှစ်များစွာ ကတည်းက ကျင့်သုံးခဲ့ပါသည်။ ဤပညာပေးရုပ်ရှင်တွင် ဂျာမန်ဆရာဝန် တစ်ဦးသည် ထိုကုသမှု နည်းလမ်းများ၏ အောက်ခြေအထိ လေ့လာပြီး၊ ထိုနည်းလမ်းများအကြောင်း အသိပညာများကို ထိန်းသိမ်းထားနိုင်ရန် ကြိုးစားပါသည်။

ခွက်စုပ် ကုထုံးသည်လည်း နည်းလမ်းတစ်ခုဖြစ်သည်။ ဤကိစ္စရပ်တွင် လူနာ၏ နာကျင်ခံစားမှုကို သက်သာစေရန် ကျောဘက်တွင် စုပ်ခွက်ဖြင့် စုပ်စေရန် တွဲထားပါသည်။ ဆုတောင်းမှုများ ရွတ်ဆိုနေစဥ် လုပ်ဆောင်ထားသော နေရာကို အနည်းငယ် ခြစ်ပြီး၊ တစ်ဖန် သန့်စင်ပေးပါသည်။ သွေးယိုစီးမှု အပေါ် အခြေခံပြီး ကုသပေးသူသည် ဘယ်အရာရှိကြောင်းကို သိမှတ်နိုင်သည်။

အာရဗီ ဆေးပညာတွင် ခွက်စုပ်ကုထုံးအပြင် ဆေးဖက်ဝင် အပင်များ နှင့် ဟင်းခတ်အမွှေးအကြိုင်များသည် နောက်ထပ် အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည်။ ၎င်းသည် ရိုးရာ အိမ်လုပ်ဆေးများ အဖြစ်ရှိနေပြီး ၎င်းတို့နိုင်ငံတွင် ပေါက်ရောက်သော အရာများဖြင့်သာ သုံးသော အပြုသဘောဆောင်သည့် အဓိပ္ပါယ်ဖြင့် သာမန် လူများ၏ ဆေးဝါးများအဖြစ် အသုံးချနေပါသည်။ ဥပမာ − ထို့ကြောင့် စမုန်နက်ကို ဈေးကွက်များတွင် များစွာ တန်ဖိုးထားပြီး ရောင်းချပါသည်။

ထို့ပြင် အာရဗီ ကျန်းမာရေး ပညာတွင် လောဗန်သည် အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ၎င်းတွင် အေးဆေးတည်ငြိမ်ခြင်း၊ သက်သောင့်သက်သာရှိခြင်း နှင့် အဆစ်အမြစ်ရောင်ခြင်းကို လျော့ကျစေခြင်း စသော အကျိုးသက်ရောက်မှုများ ရှိပါသည်။ အာရပ်တို့သည် ၎င်းတို့၏ မေ့ပျောက်လုနီးပါး ဖြစ်နေသော ဆေးယဉ်ကျေးမှုကို ပိုမိုရှာဖွေ တွေ့ရှိလာပြီး၊ ယခုတွင် ၎င်းတို့၏ ဂန္ထဝင် ကုသမှုအနုပညာကို တိုးပွားလာရန်၊ အသိပညာကို ထိန်းသိမ်းရန်နှင့် ပိုမိုအသုံးချရန် အာရုံစူးစိုက်နေကြသည်။

ကုသခြင်းတွင် ထိရောက်သော ပါဝင်ပစ္စည်းများအပြင် ဘာသာရေး ကဏ္ဍသည်လည်း အခန်းကဏ္ဍ တစ်ခု အဖြစ်ပါဝင်ပါသည်။ ဘာသာတရား အသိုင်းအဝန်း (သို့) တစ်ဦးချင်းစီ ကုသပေးသူများသည် အာရပ်ကမ္ဘာ တစ်ခွင်လုံးတွင် ဤကဲ့သို့ ကုသပေးမှုမျိုးကို ကျင့်သုံးကြသည်။ ၎င်းသည် စိတ် နှင့် စိတ်သဘောကို ကုသခြင်း အကြောင်း ဖြစ်သည်။ ယခင်အချိန်တွင် ဆရာဝန်များအားလုံးသည် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကိုသာ ရှာဖွေခြင်း မဟုတ်ဘဲ စိတ်အတွက်လည်း တာဝန်ရှိပါသည်။ ခန္ဓာကိုယ် နှင့် စိတ်ပိုင်းဆိုင်ရာ တစ်ခုလုံး သဟဇာတ ဖြစ်မှုသည် အာရဗီ ဆေးပညာ၏ ရှုထောင့်တစ်ခု ဖြစ်ပါသည်။

ဂျာမန် ဆရာဝန်သည် သူမ၏ ရှာဖွေစူးစမ်းခြင်း ခရီးတစ်လျှောက်လုံးတွင် ကွဲပြားခြားနားသော လေ့ကျင့်မှု အမျိုးမျိုး ကျင့်သုံးသော ကုသပေးသူများ နှင့် ဆရာဝန် များစွာကို တွေ့ရှိခဲ့ပါသည်။ သူမသည် ဤအသိပညာကို ထိန်းသိမ်းထားပြီး၊ ပြန်လည် လေ့ကျင့်လိုပါသည်။ သူမ၏ ထင်မြင်ယူဆချက် အရ အကောင်းဆုံး နည်းလမ်းမှာ သဘာဝ ပစ္စည်းများဖြင့် ပြုလုပ်ထားသော ဆေးပညာ နှင့် သမာရိုးကျ ဆေးပညာကို ပေါင်းစပ်ခြင်း ဖြစ်သည်။

အညွန်းပန်းတိုင်
  • အာရဗီ ယဥ်ကျေးမှု နှင့် အာရဗီ ကျန်းမာရေး စောင့်ရှောက်မှုကို သိရှိရန်။
  • အသိပညာ နှင့် ဓလေ့ရိုးရာကို ထိန်းသိမ်းခြင်း၏ အရေးကြီးမှုကို နားလည်ရန်။
  • သဘာဝ၏ ကုသမှု စွမ်းအားကို သိမှတ်နိုင်ရန်။
အကြံပြုသင်ခန်းစာအစီအစဥ်
  • ကျောင်းသား / သူများကို ခေါင်းစဥ်နှင့် မိတ်ဆက်ပေးပြီး ဤအထူးပြု ဆေးပညာ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ရေးချစေပါ။ ရုပ်ရှင်ကို စိတ်ထဲ၌ အနောက်တိုင်း ဆေးပညာနှင့် နှိုင်းယှဥ်၍ ကြည့်ရှု့စေပါ။
  • ပညာပေးရုပ်ရှင် ပြသပါ။
  • ကျောင်းသား / သူများကို လေ့ကျင့်ခန်းစာရွက် ဝေပါ။
  • ဇယားကို ဖြည့်ပြီး ပေးထားသော လေ့ကျင့်ခန်းများကို ဖြေရှင်းပါ။
  • ဇယားကို သင်ပုန်းပေါ်တွင် ဆွဲပြီး ကျောင်းသား / သူများမှ ဖြည့်နိုင်ပါသည်။
  • နောက်ထပ် လေ့ကျင့်ခန်း ၂ခုသည် အတန်းထဲတွင် ဆွေးနွေးလျှင် အကောင်းဆုံးဖြစ်သည်။
  • ဆရာ / မ မှ ဖြည့်စွက်ချက်များကို ဇယားတွင် ဖြည့်နိုင်သည်။
  • လေ့ကျင့်ခန်း ၃ − ဆေးပညာ နှင့် ယဥ်ကျေးမှု အကြောင်း ဆွေးနွေးမှု ရှိနိုင်ပါသည်။