အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

သဘာဝဖြင့် ကုသခြင်း – မျှော့များနှင့် အတူ နာကျင်မှု ကုထုံး

လက်သင်
နိဒါန်း

မျှော့သည် ဆေးပညာ၏ အဓိက အစိတ်အပိုင်းဖြစ် အချိန်ကြာမြင့်စွာ ရှိနေခဲ့သည်။ အလယ်ခေတ်၌ ၎င်းသည် ရောဂါ အမျိုးမျိုးကို ကုသပေးရန် ကြိုးပမ်းရာတွင် “ရည်ရွယ်ချက် အမျိုးမျိုးရှိသော လက်နက်” ဖြစ်ခဲ့သည်။ ယခုခေတ်တွင် သုတေသနသည် ထိုထက် တိုးတက်ခဲ့ပြီး၊ သဲပလုပ်များ၏ အသင့်တော်ဆုံးမှာ မည်သည့်အရာဖြစ်သည်ကို တွေ့ရှိခဲ့ပါသည်။

၎င်းသည် အဓိအားဖြင့် နာကျင်မှု အားလုံးကို ထိန်းချုပ်ရန် သင့်တော်ပါသည်။ အထူးသဖြင့် အဆစ်အမြစ် ရောင်ရမ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ ပွန်းပဲ့ဒဏ်ရာများ၊ ဒူလာစွဲခြင်း၊ (သို့) ယာဥ်မတော်တဆမှုများကို မျှော့ကုထုံးဖြင့် သက်သာစေပါသည်။ ထိခိုက်သော နေရာသို့ အကောင် အရေအတွက် အချို့ကို ချထားပါသည်။ ဥပမာ − ဒူးခေါင်းတွင် မျှော့ ၅ကောက် ချထားသည်။ ၎င်းတို့သည် နေရာတစ်ခု ချက်ချင်း ရှာပြီး၊ သွေးစတင် စုပ်ယူပါသည်။ သင် နာကျင်မှုကို မခံစားရပါ။ လူနာအများစုသည် ၎င်းကို ပြင်းထန်သော ယားယံခြင်းဟု ဖော်ညွှန်းပါသည်။ ယခုတွင် မျှော့များသည် ၎င်းတို့ဘာသာ ရပ်သည်အထိ သွေးစုပ်ရပါမည်။ ၎င်းသည် အချိန် ၁နာရီခန့် ကြာနိုင်ပါသည်။ တံတွေး၏ သွေးကျဲခြင်း အကျိုးသက်ရောက်မှုကြောင့် သွေးထွက်ခြင်း ရပ်တန့်ရန် အချိန်အတော်ကြာပါသည်။ ထို့ကြောင့် အနာကို သေချာစွာ ပတ်တီးစီးရပါမည်။ ကုသမှု ပြီးလျှင် မျှော့များကို အရက်ပြန်ထဲတွင် ထည့်၍ သတ်ပါသည်။ ၎င်းသည် မဖြစ်မနေ လိုအပ်ရခြင်းမှာ သန့်ရှင်းမှု နှင့် ရောဂါပြန့်ပွားခြင်းမှ ကာကွယ်ပေးရန် ဖြစ်သည်။ အထူးမှာ ရွေ့လျားနိုင်သော စနစ်၏ ချက်ချင်းနီးပါး တိုးတက်ကောင်းမွန်မှု (သို့) ထိခိုက်ထားသော နေရာ၌ နာကျင်မှု သိသာစွာ သက်သာရခြင်းကို လူနာမှ ခံစားရပါမည်။

မျှော့များသည် ၎င်းတို့အား လိုအပ်မှု မြှင့်တက်ခြင်းကြောင့် ထပ်မံ၍ သုတေသန ပြုရပါမည်။ ၎င်းတို့အား အသုံးပြုခြင်းသည် ဘေးကင်းစိတ်ချရပြီး၊ အန္တရာယ် လုံးဝ မရှိသင့်ပါ။ ဥပမာ − ၎င်းသည် အချို့သော သူများအတွက် ရောဂါကူးစက်နိုင်မှု မည်မျှမြင့်မားသည် ဟူသော မေးခွန်းကို ပေါ်ပေါက်စေသည်။ ဓါတ်ခွဲခန်း အခြေအနေတွင် မွေးမြူသော မျှော့များပင်လျှင် ၎င်းတို့အတွက် အရေးကြီးသော ဘတ်တီးရီးယား ပါဝင်ပြီး၊ ၎င်းသည် ခုခံအားကျဆင်းသော အချို့သော လူများအတွက် အန္တရာယ် ဖြစ်စေနိုင်ပါသည်။ ထို့အပြင် အစွမ်းထက် ပါဝင်ပစ္စည်းများ နှင့် ကုသပေးသော ဂုဏ်သတ္တိများအား မျှော့များ၏ တံတွေးမှ ထုတ်ယူနိုင်ခြင်း ရှိမရှိကို စုံစမ်းစစ်ဆေး နေပါသည်။ ဥပမာ − မျှော့များကို အသုံးပြုရန် မလိုအပ်ဘဲ၊ စီမံခန့်ခွဲရန် လွယ်ကူသော ဆေးဝါးများ နှင့် ကုထုံးများကို တီထွင် ထုတ်လုပ်ရန် ဖြစ်သည်။

အညွန်းပန်းတိုင်
  • မျှော့များ နှင့် ၎င်းတို့၏ ကုထုံးများကို သိရှိရန်။
  • သုတေသန နှင့် မွေးမြူရေး ကြိုးပမ်းအားထုတ်မှုများကို နားလည်ရန်။
  • အနောက်တိုင်း ဆေးပညာအကြောင်းကို ထိုးထွင်းသိမြင်မှု ရရှိရန်။
အကြံပြုသင်ခန်းစာအစီအစဥ်
  • သင်ခန်းစာ အစတွင် ကျောင်းသား / သူများကို မျှော့များဖြင့် ကုသမှုကို ကြားဖူးသလားကို မေးမြန်းရန်။
  • ရုပ်ရှင်သို့ ကူးပြောင်းမှုကို ဖန်တီးပါ − ဒေသရှိ ဆေးဆိုင်များတွင် မျှော့များကို ဝယ်ယူနိုင်ပါသလား။ ဝယ်ယူနိုင်ပါက ၎င်းကို ကျောင်းသား / သူများကို ပြပြီး၊ လေ့လာစေပါ၊ ဖော်ပြစေပါ။
  • ပညာပေး ရုပ်ရှင် ဖွင့်ပြပါ။
  • လေ့ကျင့်ခန်းစာရွက်ကို ပေးဝေပြီး တာဝန်များကို ရှင်းပြပါ။
  • ကျောင်းသား / သူများသည် လေ့ကျင့်ခန်းကို ပြင်ဆင်၍ ဖြည့်စွက်ရပါမည်။
  • ထို့နောက် ကျောင်းသား / သူ တစ်ဦးချင်း သင်ပုန်းရှေ့သို့ ထွက်လာပြီး မျှော့နှင့် ပတ်သက်၍ သူတို့သိသော အကြောင်းအရာ တစ်ခုကို ရေးစေပါ။ (ဆရာ / မ အနေဖြင့် မျှော့ပုံ ချိတ်ခြင်း (သို့) ဆွဲထား နိုင်ပါသည်)။
  • အဆုံးတွင် မျှော့ကုထုံး အပေါ်တွင် ကျောင်းသား / သူများ၏ အမြင်ကို မေးမြန်းနိုင်ပါသည်။ သင့်အနေဖြင့် ၎င်းသည် ထိရောက်သည်ဟု ထင်ပါလား (သို့) ရွံစရာကောင်းသည်ဟု ထင်ပါသလား။