အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

အရှေ့တိုင်းဂီတကုထုံး – ဥဇဘက်ကစ္စတန်၏ ရှေးကျသောနည်းလမ်းများအရ

ပိုမိုကောင်းမွန်သော
နိဒါန်း

တေးဂီတကုထုံးသည် အလယ်ပိုင်းခေတ်ကာလကတည်းက ရှိခဲ့သောကုထုံးတစ်ခုဖြစ်သည်။ အထူးသဖြင့် အရှေ့တိုင်းတွင် ဤကုထုံးကို စောစီးစွာရှာဖွေတွေ့ရှိခဲ့ပြီး ရောဂါအမျိုးအမျိုးကို ကုသရန်အတွက်မကြာခဏအသုံးပြု ခဲ့သည်။ ရှေးဟောင်းကုသမှုနည်းစနစ်များကို ပြန်လည်ရှာဖွေကာ ကုသခြင်းများသည် အခုပျံ့နှံ့နေသည်။ ဗီယင်နာတွင် အရှေ့တိုင်းဂီတကုထုံးကို ပြန်လည်ထူထောင်ရေးဌာနများတွင် မကြာခနအသုံးပြုနေသည်။ ဦးနှောက်ပျက်စီးမှုများ ရှိသည့် လူနာများကို ဤနည်းဖြင့်ကုသနေသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ အံ့ဖွယ်မှုတစ်ခုကို မမျှော်လင့်ပါ သို့သော်ဤနည်းအားဖြင့် လူနာများပြန်လည်တုန့်ပြန်မှု၊ သက်သောင့်သက်သာရှိမှုနှင့် အစွဲတစ်မျိုးမျိုးကို ခံစားရကြောင်း သိပ္ပံနည်းကျသက်သေပြနိုင်ခဲ့သည်။

ဤရုပ်ရှင်တွင်တွေ့ရှိရသည့် ဂီတကုထုံးသည် ဥဇဘက်ကစ္စတန်ရှိ ရှေးဟောင်းဓလေ့ထုံးစံများ၏ အရင်းအမြစ်များကို ခြေရာခံရန် ကြိုးပမ်းသည်။ ၄င်းသည် မူလဇစ်မြစ်နှင့် ဂီတကုထုံး၏ ရှေးဟောင်းသင်ကြားမှုများနှင့် ပတ်သက်၍ လက်ရှိအခြေနေကို စူးစမ်းသည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ဥဇဘက်ကစ္စတန်တွင် များစွာပြောင်းလဲသွားသည်။ ဗလီဟောင်းများနှင့်သန့်ရှင်သောအဆောက်အအုံများကို ပြန်လည်တည်ဆောက်ပြုပြင်ပြီး ပြန်လည်နေရာချထားပေးခဲ့သည်။ သီချင်းသီဆိုခြင်းနှင့်ကခုန်ခြင်းကို ယခင်ကထားမြစ်ပိတ်ပင်ထားခြင်းမရှိသော်လည်း လျှို့၀ှက်စွာပြုလုပ်လေ့ရှိသည်။ ထိုအချိန်များ ကုန်ဆုံးသွားခဲ့ပါပြီ။ သို့ပေမယ့်လည်း သြစတြီးယားမှ ဧည့်သည်တစ်ယောက်သည် နှစ်ပေါင်းများစွာမေ့သွားပြီဖြစ်သော ရှေးရိုးရာအစဥ်အလာများစွာကို ပြန်လည်ရှာဖွေရန်လိုအပ်သည်ကို တွေ့မြင်ခဲ့သည်။

အညွန်းပန်းတိုင်
  • အခြားရွေးချယ်စရာဆေးပညာထိုးထွင်းသိမြင်မှုကိုသိရှိရယူရန်
  • ကွဲပြားခြားနားသော သင်ကြားမှုများရှိသည်ကို နားလည်ပါ
  • တေးဂီတကုထုံးကို ကုထုံးနည်းတစ်ခုအစား အခြားရွေးချယ်စရာဆေးတစ်မျိုးအဖြစ်မြင်တတ်စေရန်
  • အရှေ့တိုင်းဆေးပညာကို ထိုးထွင်းသိမြင်ပြီး ၄င်း၏သမိုင်းကြောင်းကို နားလည်ရန်
  • ရုပ်ရှင်ထဲတွင်ထင်ဟပ်ထားသောအစဥ်အလာများကို စဥ်းစားတတ်စေရန်
အကြံပြုသင်ခန်းစာအစီအစဥ်
  • ကျောင်းသူကျောင်းသားများအား “အစဥ်အလာ” ဆိုသော ခေါင်းစဥ်ကို မိတ်ဆက်ပေးပါ။
  • သင့်တိုင်းပြည်၏ ကိုယ်ပိုင်ဖြစ်သော သိထားသင့်သည့် ထုံးတမ်းစဥ်လာများ သို့မဟုတ် ဓလေ့ထုံးတမ်းများကို ရည်ညွှန်းကိုးကားပါ။
  • အရှေ့တိုင်းမှရိုးရာဓလေ့ထုံးတမ်းနှင့် ကုသမှုနည်းလမ်းဟောင်းဖြစ်သော ဂီတကုထုံးကို ပေါင်းကူးပေးပါ။
  • ရုပ်ရှင်ပြသပါ
  • မှတ်တမ်းစာရွက်များကို‌ ဖြန့်ဝေပါ
  • စာစီစာကုံးသည် စာမျက်နှာတစ်ရွက်စာ (သို့မဟုတ်) အနည်းငယ်ပိုရှည်ရမည်ဖြစ်ကြောင်းရှင်းပြပါ
  • ဆရာ/ဆရာမသည် စာစီစာကုံးရေးသားထားသည်များကို ပြန်လည်စုစည်းပြီး အမှတ်ပေးပါ
  • သို့မဟုတ် ကျောင်းသူကျောင်းသားတစ်ချို့ကို သူတို့ရေးသားထားသည့်စာစီစာကုံးများဖတ်စေပါ (သို့) ကောက်နုတ်ချက်များကို ဖတ်စေပါ
  • ရုပ်ရှင်၏ခေါင်းစဥ်ကို စာစီစာကုံးတွင် အသေးစိတ်ဥပမာတစ်ချို့အသုံးပြုကာထည့်သွင်းရေးသားသင့်သည်။