အရင်းအမြစ်များ

အနာဂါတ်နည်းပညာ

ကမ်းလွန်ပင်လယ်မှ သူရဲကောင်းများ

အဆင့်အားလုံး
နိဒါန်း

ရာသီဥတုပြောင်းလဲခြင်းသည် လူသားများအား ရေရှည်တည်တံ့၍ သန့်ရှင်းသောစွမ်းအင်ပံ့ပိုးမှုကို ဖန်တီးရန် တွန်းအားဖြစ်လာစေခဲ့သည်။ လေစွမ်းအင်သည် ကြီးမားသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သို့ဖြစ်၍ ဂျာမဏီနိုင်ငံ ကမ်းလွန်တွင် ရာနှင့်ချီသော လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများတည်ဆောက်၍ နိုင်ငံအား သန့်ရှင်းသောလျှပ်စစ်ဓာတ်အားကို ပံ့ပိုးပေးသည်။

အဆိုပါစနစ်၏ ဒီဇိုင်းမှာ အလွန်ခက်ခဲပြီး တောင်းဆိုမှုလည်း များပြားလှသည်။ ဘေးအန္တရာယ်များစွာ ရှိနိုင်ပြီး အဆိုပါကဲ့သို့သော လျှပ်စစ်ဓာတ်အားပေးစက်ရုံအား အပြည့်အဝလည်ပတ်နိုင်ရန် ကြီးမားစွာ ကြိုးပမ်းကြရသည်။ သို့ရာတွင် သင်္ဘောလမ်းကြောင်းများပြင်ပတွင် ကမ်းလွန်ရေအားလျှပ်စစ် လုပ်ငန်းများကို ပိုမို၍ ဖန်တီးလုပ်ဆောင်လာခဲ့ကြသည်။

ဤလေရဟတ်များတာဘိုင်များသည် လျှပ်စစ်ဓာတ်အားကို ပင်လယ်ပြင်ပေါ်ရှိ ဓာတ်အားခွဲရုံငယ်များသို့ ပို့ဆောင်ပေးသည်။ ၎င်းဓာတ်အားခွဲရုံငယ်များမှတဆင့် ဆုံးရှုံးမှုနည်းပါးသည့် လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲပြီး ပင်လယ်ကြမ်းပြင်မှတဆင့် ကုန်းမြေသို့ ပို့ဆောင်ပေးသည်။ ပင်လယ်ပြင်မှ ပြင်းထန်သော လေကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကြောင့် ဤ “ဥယျာဉ်များ” အား ကြိုက်နှစ်သက်မှု မြင့်တက်လာခဲ့ပြီး ဒေသခံများ၏ ထောက်ခံမှုလည်း တိုးတက်လာခဲ့သည်။ (ကုန်းမြေပေါ်၌ လေအားလျှပ်စစ် ဓာတ်အားပေးရုံ တည်ဆောက်မှုကို နေရာများစွာ၌ ဆန့်ကျင်မှုနှင့် စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။)

ရှင်းလင်းသော ပင်လယ်ပြင်ထက်၌ လေရဟတ်တာဘိုင်များ တည်ဆောက်ခြင်းဖြင့် စတင်သည်။ ထိုသို့ တည်ဆောက်ရန် ပင်လယ်ကြမ်းပြင်၏ တည်ငြိမ်မှုကို ရှေးဦးစွာ စစ်ဆေးမှုပြုလုပ်ရသည်။ ကြမ်းပြင်သို့ အသံလှိုင်းများ ပို့လွှတ်၍ အောက်ခံကျောက်သားမှ တုံ့ပြန်မှုကို ရယူသည်။ ဤနည်းဖြင့် မြေပြင် အနေအထားနှင့် သိပ်သည်းဆဆိုင်ရာ အချက်အလက်ကို ရရှိသည်။

ဘူမိဗေဒပညာရှင်များမှ အလုံးစုံအဆင်ပြေကြောင်း ထောက်ခံမှုပေးသည်နှင့် ဆောက်လုပ်ရေးကို စတင်သည်။ လေရဟတ်တာဘိုင်များအား အထူးသင်္ဘောများဖြင် သယ်ဆောင်လာပြီး ကရိန်းများဖြင့် နေရာချသည်။ လေရဟတ်တာဘိုင်များ ဆယ်စုနှစ်များစွာ လေနှင့်ရာသီဥတုဒဏ်ကို ခံနိုင်မှုရှိစေရန် အုတ်မြစ်များအား နက်ရှိုင်းစွာတူးဖော်တည်ဆောက်ရသည်။ အဆိုပါပစ္စည်းများ၏ ခံနိုင်ရည်အတွက် လိုအပ်ချက်မှာ အလွန်ကြီးမားလှသည်။ ဆိုးရွားသော ရာသီဥတု၊ လှိုင်းထန်သောပင်လယ်ပြင်၊ မုန်တိုင်းများ သို့မဟုတ် တိုက်စားသောလေထုမှာ ဥပမာများစွာမှ အနည်းငယ်ပင်ဖြစ်သည်။

လေရဟတ်များကို တပ်ဆင်ပြီးသည်နှင့် ၎င်းနေရာအနီးတွင် ဓာတ်အားခွဲရုံငယ်များ လိုအပ်သည်။ ၎င်း အဏ္ဏဝါဆောက်လုပ်ရေး လုပ်ငန်းမှာ ကုန်ကျစရိတ်ပို၍ များပြားသည်။ ရေနံတူးစင်ကဲ့သို့ပင် ဓာတ်အားခွဲ ရုံငယ်တစ်ခုလုံးကို ပင်လယ်အတွင်း၌တည်ဆောက်ရသည်။ တန် ၂၀၀၀ ရှိသော ထောက်ပံ့မှု အစိတ်အပိုင်း ပစ္စည်းများကို သယ်ဆောင်ရန် အထူးသင်္ဘောများ လိုအပ်သည်။ ၎င်းပစ္စည်းများသည် မြေပြင်သို့ တူးဖော်မှု ပြုလုပ်သည့် လုပ်ငန်းကို ပံ့ပိုးပေးသည်။ အရာတိုင်း အဆင်သင့်ဖြစ်ချိန်တွင် အဆိုပါဓာတ်အားခွဲရုံငယ်ကို ကုန်းမြေမှ ထိန်းချုပ်မှု ပြုလုပ်သည်။

ဤအရွယ်အစားရှိသော ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဝန်ထမ်းများသည် အရေးကြီးသော ကဏ္ဍ အဖြစ် ရှိသည်။ အဖွဲ့သည် အသင်းလိုက်စိတ်ဓာတ်ရှိရမည်ဖြစ်ပြီး ကျွမ်းကျင်မှုလည်း ရှိရမည်ဖြစ်သည်။ ထို့အပြင် လုပ်သားအားလုံးသည် “လုံခြုံရေး” ကို ပထမဦးစားပေး ရမည်ဖြစ်သည်။ ပင်လယ်ပြင်၌ မည်သည့် အမှားမဆို အသက်ဆုံးရှုံးစေနိုင်ပြီး အလေးချိန်မြင့်မားခြင်းသည် လှိုင်းထန်ခြင်း သို့မဟုတ် လေတိုက်ခတ် ခြင်းနှင့် အတူတွဲဖက်တတ်သည်။ ထို့အပြင် လူတစ်ဦးမှာ ၎င်းအဖွဲ့နှင့် ရက်သတ္တပေါင်းများစွာ အချိန်ကုန် ရသည်။ သို့ဖြစ်၍ ကမ်းလွန်တွင် အောင်မြင်စွာ အလုပ်လုပ်ဆောင်နိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး နားလည်ရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်ရန် လိုအပ်သည်။

အညွန်းပန်းတိုင်
  • ကမ်းလွန်ပင်လယ်၌ လေအားလျှပ်စစ်စက်ရုံများတည်ဆောက်မှု အကြောင်းအရာ။
  • ရာသီဥတုပြောင်းလဲမှုအခြေအနေကို မြင်တွေ့နားလည်ခြင်း။
  • အရေးကြီး စီမံကိန်းများနှင့်ပတ်သက်သည့် ပုဂ္ဂိုလ်ရေးရှု့ထောင့်ကို သိရှိရခြင်း။