အရင်းအမြစ်များ

ဦးနှောက်၏လျို့၀ှက်ဆန်းကြယ်မှုများ

ဦးနှောက်အလေ့အထကိုလေ့လာပြီးစျေးကွက်ချဲ့ထွင်ခြင်း-နူရိုမားကတ်တင်း (Neuromarketing)

ပိုမိုကောင်းမွန်သော
နိဒါန်း

ကြော်ငြာခြင်းသည်ကျွန်ုပ်တို့၏ဝယ်ယူခြင်းအပြုအမူကိုလွှမ်းမိုးရန်အစွမ်းထက်သောနည်းလမ်းဖြစ်သည်။ ဒါပေမယ့် သတ်မှတ်ထားသော ထုတ်ကုန်များအတွက် ပစ်မှတ်ထားစျေးကွက်ရှာဖွေရေးသည် မည်ကဲ့သို့ အလုပ်လုပ်ပေးသနည်း? ဝယ်ယူရန် အလားအလာရှိသောသူများအတွက် ကြေငြာပေးခြင်းပြုလုပ်ရာတွင်
တာဝန်ရှိသူများသည် အဘယ်အရာများကို စဥ်းစားပေးရန်လိုအပ်သနည်း?သိပ္ပံသည် အလွန်ခြားနားစွာ ပါဝင်နေသည်။

အချို့သောထုတ်ကုန်များကိုမည်ကဲ့သို့ အောင်မြင်စွာ ကြော်ငြာနိုင် ခဲ့သလဲ ဆိုတာတွေအတွက် နည်းလမ်းများစွာ နှင့် နည်းဗျူဟာများစွာရှိသည်။ ပထမ ဦး စွာကျွန်ုပ်တို့၏ ဦး နှောက်သည် အထူးသဖြင့် စိတ်ခံစားမှု စေရာကို လိုက်ကြောင်း သိရှိထားရမည်။ ဆင်ခြေတုံတရားဌာနသည် ဦး နှောက်အတွင်း ဆုံးဖြတ်ချက်များအတွက် တာဝန်ရှိသည့်နေရာများနှင့် ရုပ်ပိုင်းဆိုင်ရာဆက်နွယ်မှုမရှိပါ။ သို့သော်လည်း စိတ်ခံစားမှုဌာနသည် အပေါ်မှာဖော်ပြခဲ့တာနှင့်တိုက်ရိုက်ဆက်နွယ်နေသည်။ သုတေသနပြုချက်များသည် ဤစာတမ်းနှင့် ဆုံးဖြတ်ချက်များအားလုံးသည် ကျွန်ုပ်တို့၏စိတ်ခံစားမှု၏လွှမ်းမိုးမှုခံရ‌ေကြာင်း မီးမောင်းထိုးပြသနေသည်။

ထို့ကြောင့် ၀ယ်ရန်ဆုံးဖြတ်ချက်များသည် မကြာခဏ စိတ်ခံစားချက်အတိုင်းဖြစ်ပြီး ဆင်ခြင်တုံတရား ကြောင့်မဟုတ်ပေ။ အထူးသဖြင့် နာမည်ကြီးတံဆိပ်များသည် ဤနေရာတွင် အဓိကနေမှ ပါဝင်နေသည်။ ၎င်းသည် ကုန်အမှတ်တံဆိပ်တစ်စုံတစ်ရာကို ကျွန်ုပ်တို့မြင်သောအခါ သို့မဟုတ် ဝယ်သောအခါ ကျွန်ုပ်တို့တွင်ရှိသည့် ပတ်သက်ဆက်နွယ်မှုများအကြောင်းဖြစ်သည်။အကယ်၍ ၎င်းတွင် အပြု သဘောဆောင်သည့် အဓိပ္ပါယ်ရှိလျှင် ကုန်အမှတ်တံဆိပ်သည် ကျွန်ုပ်တို့အတွက် ဝယ်ယူဖို့ရန် အားကောင်းသည်။ ကြော်ငြာများ၊ အတွေ့အကြုံ သို့မဟုတ် အကြံပြုချက်များမှ တဆင့်ဖြစ်လိမ့်မည်။ ဤအချက်သည် လူများစွာကို သူတို့၏ ၀ယ်ယူခြင်း အပြုအမူအပေါ်များစွာ လွှမ်းမိုးသည်။ ကျွန်ုပ်တို့အဘို့, နာမည်ကြီးကုန်အမှတ်တံဆိပ်သည် မကြာခဏ များစွာသော ထုတ်ကုန်များအလယ်တွင် မီးပြတိုက်ကဲ့သို့ ဖြစ်သည်။

အွန်လိုင်းဝယ်ယူသူသည် အခြားအစွန်းတဖက်မှစဥ်းစားသည်။ ကုန်ပစ္စည်းကိုယ်တိုင်က ၎င်းတို့အတွက် ပထမ ဦးစားပေးဖြစ်သည်။ အကယ်၍ ၀ယ်သူသည် အနက်ရောင်ဘောင်းဘီကို ငွေပမာဏအတိုင်း ရှာဖွေပြီးပါက၊ သူ သို့မဟုတ် သူမ သည် ၎င်းစံသတ်မှတ်ချက်နှင့်ကိုက်ညီသောပထမဆုံးပုံစံကိုယူသည်။ ၀ယ် ယူသူသည် အကောင်းဆုံးကို ရယူရန် မကြိုးစားသော်လည်း လက်တွေ့ကျသည်။ ဤလူများသည် သူတို့၏ ၀ယ်ယူသည့်အပြုအမူနှင့် ပတ်သက်၍ စိတ်မ၀င်စားကြပါ။ ယဉ်ကျေးမှုနောက်ခံများသည်လည်း ထည့်သွင်း စဉ်းစားရမည့် အချက်ဖြစ်သည်။ ကမ္ဘာတဝှမ်း၌ ကြော်ငြာမှုပုံစံသည် ကွဲပြားခြားနားသည်။ဥရောပ၌ အရာဝတ္ထုသည် ရှေ့တန်းတွင်ရှိပြီး အာရှတွင် ဥပမာအားဖြင့် အကြောင်းအရာ နှင့်ဘောင်သည် အမြဲတမ်း အရေးကြီးသည်။

သို့သော်လည်း စားသုံးသူသည် အချုပ်အချာဖြစ် နေဆဲဖြစ်သည်။ ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်အပေါ် သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုများရှိသော်လည်း သူ သို့မဟုတ် သူမ သည် မည်သည့်ကုန်ပစ္စည်းကိုနောက်ဆုံး၌ ၀ယ်ယူရမည်ကို ဆုံးဖြတ်မည့်သူ သည်။ ကျွန်ုပ်တို့သည် ဆုံးဖြတ်ချက်ချခြင်းနှင့် အဘယ်ကြောင့် ဤအရာ သို့မဟုတ် ထိုအရာကို စျေး၀ယ်ခြင်းတောင်းထဲသို့ ထည့်ခြင်း သိပ္ပံပညာသည် အနာဂတ်တွင် သေချာပေါက် ဆက်လက်ရှင်သန်စေမည့် သုတေသန နယ်ပယ်တစ်ခု ဖြစ်သည်။

အညွန်းပန်းတိုင်
  • ခေတ်သစ်စျေးကွက်သုတေသနအတွက် အတွင်းကျကျဝင်ရောက်လေ့လာပါ။
  • သင်၏ကိုယ်ပိုင်ဝယ်ယူသည့်အပြုအမူကိုစဉ်းစားပါ။
  • စားဝယ်ယူသုံးစွဲမှုကိုသိပ္ပံပညာနယ်ပယ်တစ်ခုအဖြစ်နားလည်ပါ။
  • ကျွန်ုပ်တို့လူသားများသည် မည်ကဲ့သို့ ဆုံးဖြတ်ချက်ချခြင်း (၀ယ်ယူခြင်း) ပြုလုပ်သည်ကို လေ့လာပါ။