အရင်းအမြစ်များ

အနာဂါတ်နည်းပညာ

ကမ္ဘာအား ကွန်ရက်ချိတ်ဆက်ခြင်း – ကျယ်ပြန့်သော ပိုက်လိုင်း တည်ဆောက်ခြင်း

လက်သင်
နိဒါန်း

ကျွန်ုပ်တို့၏ စက်မှုထွန်းကားသော ကမ္ဘာတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့သည် စီးပွားရေး လည်ပတ်ရန်အတွက် အရေးကြီးသော အခြေခံအုတ်မြစ် ဖြစ်သည်။ လုပ်ငန်းစဥ်များ အားလုံးနီးပါးတွင် သဘာဝဓါတ်ငွေ့ (သို့) ရေနံ သည် တစ်နည်းနည်းဖြင့် လိုအပ်ပါသည်။ ကားမောင်းနှင်ခြင်း၊ လေယာဥ်ပျံများ ထုတ်လုပ်ခြင်း၊ အပူပေးခြင်း (သို့) ပလတ်စတစ် ထုတ်လုပ်ခြင်း စသဖြင့် နေရာတိုင်းနီးပါးတွင် အဆိုပါ ကုန်ကြမ်း ၂ခုကို လိုအပ်ပါသည်။

ကုန်ကြမ်း ၂ခုလုံးမှာ သဘာဝအလျောက် ဖြစ်ပေါ်နေသော လောင်စာ ဖြစ်သည့်အတွက် တူးဖော်ြခင်း နည်းလမ်းများလည်း ကွဲပြားပါသည်။ ယေဘုယျအားဖြင့် သတ္တုသိုက်များမှာ မြေအောက်အနက် (သို့) ပင်လယ်အောက်တွင် ရှိပြီး ဝေးလံသော ဒေသများမှ လိုအပ်သလို သယ်ယူပို့ဆောင်ရပါသည်။ အခြားသော နည်းလမ်းများထဲမှ အခက်အခဲ တစ်ခုကို ပိုက်လိုင်းများ မှတစ်ဆင့် ဖြေရှင်းနိုင်ခဲ့သည်။ ပိုက်လိုင်းများသည် အလွန် လုံခြုံပြီး၊ မြန်ဆန်ကာ ယုံကြည်စိတ်ချရသည်ဟု သဘောထားပါသည်။ ယခုအချိန်တွင် ပင်လယ်ကို ဖြတ်သန်း၍ ပိုက်လိုင်းများ ချထားခြင်းကို ရပ်တန့်ခြင်း မရှိပါ။ ဤပညာပေး ရုပ်ရှင်တွင် ဆောက်လုပ်ရေးများ မည်ကဲ့သို့ လုပ်ဆောင်သည် နှင့် ရေအောက်တွင် ပိုက်လိုင်းများကို ခင်းကျင်းရာတွင် ဘယ်အရာများ လိုအပ်သည်ကို ပြသပါမည်။

စီမံကိန်းသည် နော်ဝေးနိုင်ငံရှိ ရေနံသိုက် တစ်ခုတွင် တူးဖော်မှု ပြုလုပ်ပြီး အင်္ဂလန်သို့ မြေအောက် မှတစ်ဆင့် သယ်ယူပို့ဆောင်ရေး ပြုလုပ်နိုင်ခြင်းကို သေချာစေရန် ဖြစ်သည်။ ဤနေရာတွင် ဆောက်လုပ်ရေးကို ပြုလုပ်နိုင်စေရန် အထူးသဖြင့် နည်းပညာ မွမ်းမံမှုများ အပေါ် အာရုံစိုက်ခြင်း ဖြစ်သည်။ အလွန်ကြီးမားသော သင်္ဘောများ ပိုက်လိုင်းများ ချခြင်း နှင့် စက်ရုံကဲ့သို့ လည်ပတ်နေခြင်း ကဲ့သို့ ဖြစ်သည်။ (သို့) နောက်ထပ် သင်္ဘောမှ ပင်လယ်ကြမ်းပြင်သို့ မြေဆီလွှာများအား ပုံးထားခြင်း ဖြစ်သည်။ (သို့) ပြုပြင်ထိန်းသိမ်းရေး ဒရုန်း (မောင်းသူမဲ့လေယာဥ်) တစ်စင်းမှ ပိုက်လိုင်းတစ်လျှောက် မောင်းနှင်ခြင်း ဖြစ်သည်။ ထိုစီမံကိန်းသည် ယူကေသို့ ရေနံ နှင့် သဘာဝဓါတ်ငွေ့ တင်ပို့မှုကို အာမခံခြင်း နှင့် ကမ္ဘာအနှံ့ရှိ ပိုက်လိုင်းများတွင် မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူရန်ဖြစ်သည်။

အညွန်းပန်းတိုင်
  • ကမ္ဘာ့ ရေနံ နှင့် သဘာဝဓါတ်ငွေ့ ရောင်းဝယ်ခြင်းအကြောင်း အသိပညာ ဖွံ့ဖြိုးစေရန် (တစ်ကမ္ဘာလုံးဆိုင်ရာ)။
  • နောက်ကွယ်မှ ကြိုးပမ်းအားထုတ်မှု ဖြစ်သည့် ပိုက်လိုင်း၏ ဒီဇိုင်းနှင့် တပ်ဆင်ခြင်းအကြောင်း အသိပညာ ဖွံ့ဖြိုးစေရန်။
  • ရေကြောင်းအင်ဂျင်နီယာ နှင့်သက်ဆိုင်သော နည်းပညာပိုင်းဆိုင်ရာ ဖြစ်နိုင်ချေများ နှင့်ပက်သက်၍ ထိုးထွင်း သိမြင်မှုအသစ်များ ရရှိစေရန်။
  • ရေနံသည် ကန့်သတ်ချက်ရှိသော အရင်းအမြစ် ဖြစ်ကြောင်း နှင့် တူးဖော်ခြင်း ကုန်ကျစရိတ်မှာ ဆက်လက် မြင့်မားနေသည်ကို နားလည်ရန်၊ ထို့ကြောင့် ပိုမိုပြီး ရေရှည်တည်တံ့ ခိုင်မြဲရန် အဓိက စွမ်းအင်း အရင်းအမြစ်များကို ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်းကို နားလည်ရန်။