အရင်းအမြစ်များ

ဦးနှောက်၏လျို့၀ှက်ဆန်းကြယ်မှုများ

လှုပ်ရှားမှုအတွက် အာရုံကြောစင်တာ

လက်သင်
နိဒါန်း

ကျွန်ုပ်တို့၏နေ့စဥ်လှုပ်ရှားမှုကို ပေါ့ပေါ့တန်တန်သဘောမထားပါနှင့်။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း (သို့) ခုန်ခြင်းတို့သည် ကျွန်ုပ်တို့၏ နေ့စဥ်ဘ၀၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သို့သော် ကျွန်ုပ်တို့၏ ကြွက်သားများ လှုပ်ရှားမှုနောက်ကွယ်တွင် ဘာရှိသနည်း။

ဤအချက်အတွက် ဦးနှောက်သည် များစွာပါ၀င်မှုရှိသည်။ ဦးနှောက်မှတစ်ဆင့် ကျွန်ုပ်တို့၏ ကြွက်သားများ လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ထိုမှတစ်ဆင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများနှင့် ဆက်သွယ် ညှိနှိုင်း လုပ်ဆောင်သည်။ အကယ်၍ မျက်နှာပြင်သည် အန္တရာယ်ရှိပါက ဦးနှောက်သည် ဟန်ချက်ညီစွာ ခန္ဓာကိုယ်တစ်လျှောက်ရှိ ကြွက်သားများ၏ အကူအညီဖြင့် တုန်ခါမှုကို ဟန်ချက်ညီစေသည်။ ကျွန်တော်တို့ ခေတ္တမျှရပ်လိုက်သောကြောင့် မှောက်လျှက် မလဲတော့ပေ။ ကျွန်ုပ်တို့ကြွက်သားစနစ်၏စွမ်းရည်နှင့်လက္ခဏာများသည် ကျွန်ုပ်တို့၏ ဗီဇများနှင့် များစွာဆက်နွယ်သည်။ အသက်ကြီးရင့်လာသည်နှင့်အမျှကျွန်ုပ်တို့ ခြေလက်များမနိုင်မနင်းဖြစ်ပြီး ခဏခဏ ချော်လဲကျနိုင်သည်ဟု ပြောဆိုကြသော်လည်း အိုမင်းခြင်းသည်အမှန်တကယ်တော့ အသေးအဖွဲကိစ္စဖြစ်ပါသည်။

အမျိုးမျိုးသော လဲကျခြင်း (သို့မဟုတ်) ချော်လဲခြင်းတို့၏ အဓိကပြဿနာမှာ တစ်ချိန်တည်းလုပ်ဆောင်နိုင်မှု စွမ်းရည်ကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ဦးနှောက်သည် အလုပ်များနေစဥ် သင်္ချာပုဒ်စာများတွက်ခြင်းကဲ့သို့သော ရှုပ်ထွေးသောအလုပ်တစ်ခုကိုလုပ်ရန်မစွမ်းဆောင်နိုင်ပါ။ ထိုအခြေအနေတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကန့်သက်ချက်များဆီသို့ လျှင်မြန်စွာရောက်ရှိပြီး လုပ်ဆောင်နိုင်စွမ်းများကျဆင်းသွားသည်။ တိကျမှုသည် ကျွန်ုပ်တို့ လှုပ်ရှားမှုစနစ်၏ အားသာချက်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏လက်များသည် အလွန်တိကျသေချာစွာ ကိုင်တွယ်မှု ပြုနိုင်ပြီး ဖိအားကို ချိန်ညှိနိုင်သည်။ ကျွန်ုပ်တို့၏ဦးနှောက်သည် အလွန်တိကျကောင်းမွန်သော ထိန်းချုပ်မှု ဗဟိုစနစ်တစ်ခုဖြစ်သည်။

အညွန်းပန်းတိုင်
  • ကြွက်သားအရိုးစုစနစ်အကြောင်းကို သိရှိစေရန်
  • ပြေးခြင်း၊ တိကျခြင်း (သို့မဟုတ်) မျှတမှုသဘောစူးစမ်းခြင်းစသည့် စမ်းသပ်ချက်များကို သိရှစေရန်
  • နေ့စဥ်လှုပ်ရှားမှုများကို ဦးနှောက်ထဲမှရှုပ်ထွေးသော ဖြစ်စဥ်များအဖြစ်မှတ်ယူပါ
  • လှုပ်ရှားမှုများ (သို့မဟုတ်) လုပ်ရပ်များအပေါ် ရောင်ပြန်ဟပ်မှုကိုလှုံ့ဆော်ရန် (ဥပမာ ခွက်တစ်ခွက်ကို ဆုပ်ကိုင်ခြင်း၊ ကခြင်း စသည်ဖြင့်)