အရင်းအမြစ်များ

အနာဂါတ်နည်းပညာ

မှန်ရောင်ပြန်စွမ်းအင် – အနာဂတ်အတွက် စွမ်းအင်ထုတ်လုပ်ခြင်း

အဆင့်အားလုံး
နိဒါန်း

နေသည် နေစကြဝဠာအဖွဲ့အစည်း၏ အလယ်ဗဟိုတွင် ရှိသည်။ ၎င်းသည် ကျွန်ုပ်တို့၏ အပူချိန် နှင့် ရာသီဥတု အတွက် အရေးအကြီးဆုံး အချက်များထဲမှ တစ်ချက်ဖြစ်သည်။ သို့သော် နေသည် ကျွန်ုပ်တို့ လူသားများအတွက် အလွန်အသုံးဝင်သော အပူ ပုံစံမျိုးဖြင့် မယုံကြည်နိုင်လောက်အောင် စွမ်းအား ရှိပါသည်။

ဆိုလာလျှပ်စစ်ဓါတ်အား စက်ရုံတွင် နေ၏ရောင်ခြည်များကို အသုံးဝင်သော လျှပ်စစ်ဓါတ်အားအဖြစ် ပြောင်းလဲထားပါသည်။ ရောင်ခြည်တန်းများသည် သတ်မှတ်ထားသော အမှတ်၌ အားကောင်းသော အပူချိန် အမြင့်ကို ထုတ်လုပ်ရန် အထူး ချိန်ညှိထားသည့် မှန်ရောင်ပြန်များကို အသုံးပြုရန် ဆုံချက်ချိန်ထားပါသည်။ အခြေခံအားဖြင့် လျှပ်စစ်ဓါတ်အားပေး စက်ရုံ ၂မျိုးအကြားအတွင် ကွဲပြားချက်ကို ပြုလုပ်ထားပါသည်။ အမျိုးအစား ၁ မှာ ဘဲဥပုံ မှန်ရောင်ပြန် လျှပ်စစ်ဓါတ်အားပေး စက်ရုံ ဟုခေါ်ပြီး၊ နေရောင်ခြည်စွမ်းအင်ကို အနီးနားရှိ ပိုက်ဆီသို့ ဦးတည်စေပါသည်။ ပိုက်ထဲရှိ အပူပေးထားသော ဆီကို ရေနွေးငွေ့ရဟတ် မှတစ်ဆင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် အသုံးပြုပါသည်။ အမျိုးအစား ၂ မှာလည်း အလွန် တူညီပါသည်။ သို့သော်လည်း မှန်များအားလုံးသည် တာဝါတိုင်ရှိ ဆုံမှတ် တစ်ခုတည်းကိုသာ ဆုံချက်ချိန်ထားပြီး မှန်ဘောလုံးကို ၁၀၀၀ စင်တီဂရိတ်အထိ အပူပေးပါသည်။ ထိုမှ ရရှိသော အပူကို လျှပ်စစ်ဓါတ်အားသို့ ရေနွေးငွေ့ရဟတ် အကူအညီဖြင့် အများအားဖြင့် ပြောင်းလဲပေးပါသည်။

ဤနည်းပညာ၏ မူလအစမှာ ပြင်သစ်မှ ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ခံတံဟောင်း တစ်ခုတွင် “နေရောင်ခြည်သုံးဖို” တစ်မျိုးအဖြစ် စမ်းသပ်ခဲ့ဖူးသည်။ လျှပ်စစ်ဓါတ်အား မရရှိခဲ့သော်လည်း အပူအမြောက်အမြားကို အသုံးပြုခဲ့သည်။ သို့သော်လည်း ထိုနမူနာပုံစံအား ယခုအချိန်အထိ အသုံးပြုနေသေးသည်။ ဥပမာ − စမ်းသပ်မှုများ၊ ချက်ပြုတ်ခြင်း၊ မြေအိုး၊ စသည် တို့အတွက် ဖြစ်သည်။ စက်ရုံရှိ သုတေသီများသည် ထိုနေရောင်ခြည်သုံးဖိုများကို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုနှင့် လိုက်ဖက်သော ရွေးချယ်စရာ တစ်ခုအဖြစ် မြင်ပါသည်။ ဒေသခံ ကျေးလက်နေ ပြည်သူများသည် ပြင်ပစွမ်းအင် အရင်းအမြစ်များ (သို့) ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်ခြင်း မရှိဘဲ ထိုဖိုများကို အသုံးပြု၍ လွယ်ကူစွာ ချက်ပြုတ်ခြင်း၊ အပူပေးခြင်း (သို့) သတ္တုများကို စီမံပြုပြင်ခြင်း တို့ကို ပြုလုပ်နိုင်သည်။ ထို့ပြင် သူတို့သည် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများအတွက် စွမ်းအင်အရင်းအမြစ်အသစ် တစ်ခု တည်ထောင်ရန် အခွင့်အရေးအဖြစ် မြင်ပါသည်။ ထိုနည်းပညာ အောင်မြင်ပေါက်ရောက်ရန် အနည်းငယ်သာ လိုပါတော့သည်။

အညွန်းပန်းတိုင်
  • နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တစ်ခု၏ လုပ်ငန်းလည်ပတ်မှုကို နာလည်ရန်။
  • နေရောင်ခြည်သုံး စွမ်းအင်အသုံးပြုခြင်းနှင့် ပက်သက်၍ အခြေခံ ဗဟုသုတ ရရှိရန်။
  • ထိုနည်းပညာ၏ အားသာချက်များ နှင့် အားနည်းချက်များကို နားလည်ပြီး ရှင်းပြနိုင်ရန်။
  •  အခြားရွေးချယ်စရာ စွမ်းအင် အရင်းအမြစ်များ နှင့် ၎င်းတို့၏ အရေးပါမှုအကြောင်း အသိပညာ ဖွံ့ဖြိုးတိုးတက်ရန်။