အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

အလယ်ပိုင်းခေတ်ဆေးပညာ – ဘုန်းကြီးကျောင်းများမှ လျှို့၀ှက်ချက်များ

ပိုမိုကောင်းမွန်သော
နိဒါန်း

အလယ်ပိုင်းခေတ်ကာလကို ဥရောပတွင် ခက်ခဲသောအချိန်ကာလဟုသတ်မှတ်ကြသည်။ ပဋိပက္ခများစွာနှင့် တစ်ခါတစ်ရံ ပြောင်းပြန်မြင်များပျံ့နှံ့ခဲ့သည်။ သိပ္ပံနှင့်နည်းပညာနယ်ပယ်များတွင် တိုးတက်မှုများ နောက်ကျကျန် ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ထိုအချိန်အခါက ဘုန်းတော်ကြီးကျောင်းများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့ကြသည်။ သူတို့သည် ဆေးရုံကွန်ယက်တစ်ခုအနေဖြင့်လုပ်ကိုင်ခဲ့ပြီး နိုင်ငံသားများစွာတို့ကို သူတို့၏ ကိုယ်ပိုင် ဘုန်းတော်ကြီးကျောင်းဥယျာဥ်များထဲမှ ဆေးပင်များပေးခဲ့သည်။ သူတို့သည်အပင်များ၏ ကုသနိုင်စွမ်းကိုသာ အားကိုးအားထားကာ ဤသွန်သင်ချက်များနှင့် ဤအသိပညာများကို စာအုပ်များတွင် ရေးသားထားရန် ‌ကြိုးစားခဲ့ကြသည်။

ယနေ့ခေတ်တွင် ဓာတုဗေဒဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ဖြေရှင်းချက်များစွာရှိလာပြီး ခေတ်မီဆေးပညာကို တိုးတက်သော စက်မှုနိုင်ငံများအားလုံးတွင် အသုံးပြုနေကြပြီဖြစ်သည်။ သို့သော် လူနာများစွာသည် သဘာ၀ကုသမှု နည်းစနစ်ကိုပြန်လည်အသုံးပြုရန်နှင့် သေးငယ်သော ကုသမှုများအတွက် အပင်ငယ်များကို အသုံးပြုကုသမှုကို အလိုရှိကြသည်။ ဆရာ၀န်များနှင့် သိပ္ပံပညာရှင်များစွာအနေဖြင့် ဘုန်းတော်ကြီးကျောင်းများမှ အလယ်ပိုင်းခေတ်ကာလ ဆေးဖက်၀င်အပင်များသည် မှန်ကန်သောကုသမှုနည်းလမ်းဖြစ်ပြီး တစ်ခါတစ်ရံတွင် ဓာတုဆေး၀ါးများထက် သာလွန်ကြောင်းယုံကြည်ကြသည်။ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ အသံ၀င်ခြင်း၊ အိပ်ခြင်း (သို့မဟုတ်) အစာခြေမမှန်ခြင်းများတို့ကို သိပ္ပံနည်းကျသက်သေ ပြနိုင်ပြီး ဘေးထွက်ဆိုးကျိုးမရှိကြောင်း တွေ့မြင်ရပါသည်။

အလယ်ပိုင်းခေတ်ကာလမှ အမြင်များစွာမှာ ခေတ်နောက်ကျနေပြီး ယနေ့ခေတ်တွင်လက်ခံ၍မရတော့ချေ။ သို့သော်လည်း သဘာ၀ဆေးပညာနယ်ပယ်တွင် အသုံး၀င်သော အရေးအသားများစွာကတော့ ယနေ့ခေတ် ရောဂါများစွာကို ကုသရာတွင် အထောက်အကူပြုပါသေးသည်။ သဘာ၀တရားသည် လူသားများ သုံးစွဲနိုင်သော၊ သုံးစွဲသင့်သော အလားအလာရှိကုထုံးတစ်ခုဖြစ်ပါသည်။

အညွန်းပန်းတိုင်
  • ဥရောပ၏သမိုင်းနှင့်ဆေးဘက်ဆိုင်ရာနောက်ခံများကိုသိမြင်ရန် (အထူးအဖြင့် အလယ်ပိုင်းခေတ်ကာလ)
  • ဆေးဖက်၀င်အပင်များအကြောင်းနားလည်သဘောပေါက်ရန်
  • ဆေး၀ါးလုပ်ငန်းကိုပြင်းထန်စွာမေးခွန်းထုတ်တတ်စေရန်နှင့် အခြားအလေ့အကျင့်များကို ရောင်ပြန်ဟပ်စေရန်
  • အခြားနိုင်ငံများမှ ဆေးဖက်၀င်အပင်များ၏ ထုံးတမ်းစဥ်လာနှင့် သင့်နိုင်ငံအတွင်းရှိ ဆေးဖက်၀င်အပင်များ အကြောင်း နှိုင်းယှဥ်လေ့လာတတ်စေရန်
အကြံပြုသင်ခန်းစာအစီအစဥ်
  • အလယ်ပိုင်းခေတ်ကာလက ဥရောပအခြေအနေကို မိတ်ဆက်ပေးပါ။ ထိုအချိန်က ဘာဖြစ်ခဲ့လဲ။ ကျောင်းသူ ကျောင်းသားတွေ ဘယ်လောက်သိသလဲ။ အလယ်ပိုင်းခေတ်ကာလက ဥရောပအခြေအနေကို သင်မည်သို့ မြင်ယောင်လဲ။ ရဲတိုက်များ၊ သံချပ်၀တ်မြင်းစီးမှူးမတ် သူရဲကောင်းများ၊ ဘုန်းတော်ကြီးများ စသည်ဖြင့် ..
  • အချိန်နှင့်အလိုက်ဆေးဘက်ဆိုင်ရာအလေ့အကျင့်များအကူးအပြောင်းး
  • လုပ်ငန်းတာ၀န်များကို ကြိုတင်ရှင်းပြပါ၊ သို့သော်မှတ်တမ်းစာရွက်များကို မ‌‌‌ေ၀ပေးသေးပါနှင့်
  • ပညာရေးဆိုင်ရာ ရုပ်ရှင်ကိုပြသပါ
  • မှတ်တမ်းစာရွက်များကို ‌ေ၀ပေးကာ ကျောင်းသူ ကျောင်းသားများအား အလုပ်လုပ်စေပါ
  • လုပ်ငန်းတာ၀န်တစ်ခုစီ၏ နံပါတ်များကို သင်ပုန်းပေါ်တွင် ရေးချထားနိုင်ပြီး ဖြည့်စွက်နိုင်သည်
  • အရေးကြီးသည့် အချက်မှာ ကျောင်းသူကျောင်းသားများ အချက်တစ်ချက်နှင့်ပတ်သက်ပြီး စာကြောင်းအနည်းမျှပြောပြရန်ဖြစ်သည်
  • အတန်းဆင်းခါနီးတွင် ကျောင်းသူကျောင်းသားများအား သူတို့သိသော သူတို့အိမ်မှ ဆေးဖက်၀င်အပင်များနှင့် ဆေးပင်များအကြောင်းပြောပြခိုင်းပါ။