အရင်းအမြစ်များ

အနာဂါတ်နည်းပညာ

လူသားများ၏ ပျံသန်းမှုအိမ်မက်

လက်သင်
နိဒါန်း

ပျံသန်းနိုင်ရန် အိပ်မက်သည် လူသားများအား နှစ်ပေါင်းများစွာ လွှမ်းမိုးနေခဲ့သည်။ လူသားများအနေဖြင့် လက်ရှိအချိန်တွင် အဆိုပါအိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန် နည်းလမ်းများစွာကို တွေ့ရှိခဲ့ပြီး ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း လေယာဉ်များစွာအတွက် မရေတွက်နိုင်သော ဖန်တီးတည်ဆောက်မှု အားလုံးမှာ ကွဲပြားသော ချဉ်းကပ်မှုများရှိကြသည်။ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ဖြင့် ကမ္ဘာလှည့်ပျံသန်းခဲ့ခြင်းကြောင့် ၎င်းနည်းပညာမှာ ကျော်ကြားလာခဲ့သည်။ အဆိုပါ ပျံသန်းမှုမှတ်တမ်းသည် နေရောင်ခြည်စွမ်းအင်ဖြင့် မောင်းနှင်ခြင်း၏ အထင်ကြီးဖွယ် စွမ်းဆောင်နိုင်မှုအတိုင်းအတာနှင့် လေကြောင်း အားကစားကဏ္ဍတွင် နေရောင်ခြည်စွမ်းအင်ဖြင့်မောင်းနှင်ခြင်းသည် ရွေးချယ်စရာနည်းလမ်းတစ်ခု ဖြစ်လာ နိုင်မည်ဖြစ်သည်။ ၎င်း၏ပါးလွှာသောဦးချွန်နှင့် တောင်ပံပေါ်ရှိ နေရောင်ခြည်စွမ်းအင်သုံးအပြားများမှာ သာမန်အားကစားသုံးလေယာဉ်များနှင့်ကွဲပြားသည့် တစ်ခုတည်းသောလက္ခဏာဖြစ်သည်။ ၎င်းသည် လေပေါ်တွင် ၃ နာရီခန်အထိ နေနိုင်ပြီး ညစ်ညမ်းမှုထုတ်လုပ်ခြင်းမရှိသကဲ့သို့ ဆူညံသံလည်း အနည်းငယ်သာ ရှိသည်။

အခြားလေယာဉ်တစ်မျိုးမှာ တစ်ယောက်စီး အပေါ့စားလေယာဉ်ဖြစ်သည်။ ၎င်းမှာ လေယာဉ်နှင့် ရဟတ် ယာဉ်အား ပေါင်းစပ်ထားခြင်းဖြစ်သည်။ အနောက်ဖက်ရှိ ရိုတာရဟတ်မှ တွန်းအားကိုပံ့ပိုးပေးသည်နှင့်အမျှ အထက်ရှိ အဓိကရိုတာရဟတ်သည် လေပေါ်၌လည်ပတ်မှုနှင့် ပျံသန်းနိုင်မှုအား အာမခံပေးသည်။ တစ်ယောက်စီးအပေါ့စားလေယာဉ်သည် အလွန်ပေါ့ပါးလှသည့် ပျံသန်းနိုင်သည့်ယာဉ်များမှ တစ်မျိုး ဖြစ်သည်။ ၎င်း၏ ဒီဇိုင်း၌လည်း တွေ့မြင်နိုင်သည်။ ၎င်း၏အစိတ်အပိုင်းအများစုအား ကာဗွန်ဖိုင်ဘာဖြင့် ပြုလုပ်ထားပြီး ပေါ့ပါးသောအလေးချိန်၊ တည်ငြိမ်မှုနှင့် လုံခြုံမှုကို အာမခံပေးသည်။ အဆိုပါ အချက်များကြောင့် အလွန်လျှင်မြန်၍ လွယ်ကူစွာပျံသန်းနိုင်မှုကို ဖြစ်ပေါ်စေပြီး လေယာဉ်ပျံသန်းသူများမှ နှိုင်းယှဉ်နိုင်ဖွယ်မရှိသည့် မှော်စွမ်းအားဟု ဖော်ပြခဲ့ကြသည်။

နောက်ထပ်ပျံသန်းမှုပုံစံတစ်ခုအား လေထီးသုံးလေဟုန်စီးခြင်း သို့မဟုတ် ဆွစ်ဇာလန်ရှိ အဲလ်ပ်တောင်တန်း၌ ခုန်ဆင်းပျံသန်းခြင်း ပုံစံမျိုးဖြင့်တွေ့နိုင်သည်။ ၎င်းမှာ ပျံသန်းမှုထက် ထိန်းချုပ်မှုပြုလုပ်နိုင်သည့် ကျဆင်းခြင်း ပုံစံမျိုးပင်ဖြစ်သည်။ လေထီးပုံစံကိရိယာ၏ အကူအညီဖြင့် လေဟုန်စီးသူသည် ၎င်း၏ ဦးတည်မှုနှင့် အမြန်နှုန်းကို ထိန်းချုပ်ကာ ချိုင့်ဝှမ်းအတွင်းသို့ လုံခြုံစွာဆင်းသက်နိုင်သည်။ ခုန်ဆင်း ပျံသန်းခြင်းမှာမူ လေဟုန်စီးဝတ်စုံဟုခေါ်သည့် ဝတ်စုံကြောင့် လိုအပ်သည့်လေထုခံနိုင်အားကို အာမခံ ပေးသည်။ အဆိုပါဝတ်စုံသည် လေများဖြည့်သွင်းပြီးနောက် လေလွှင့်သကဲ့သို့ ပျံသန်းသည့်ရှဉ့်သဏ္ဍာန် ဖြစ်ပေါ်လာသည်။ ပျံသန်းသူ၏ သတ်မှတ်ထားသည့် ရွှေ့လျားမှု၊ ဦးတည်ချက်နှင့် ကျဆင်းသည့်နှုန်းမှာ များစွာကွဲပြားနိုင်သည်။ သို့ရာတွင် ဆင်းသက်ရန်အတွက် လေထီးလိုအပ်ဆဲပင်ဖြစ်သည်။

အခြားသော ပျံသန်းမှုနည်းလမ်းတစ်ခုမှာ ယနေ့ခေတ်တွင် ပျောက်ကွယ်လုဖြစ်နေပြီဖြစ်သည့် လေသင်္ဘော ပင်ဖြစ်သည်။ ဂျာမန်များမှာ ဤနည်းပညာနယ်ပယ်တွင် ဦးဆောင်သူဖြစ်ခဲ့ပြီး ၁၉၃၀ ခုနှစ် အလယ်ပိုင်းတွင် ကမ္ဘာ့အကြီးမားဆုံး လေသင်္ဘောကို တည်ဆောက်နိုင်ခဲ့သည်။ လေထဲတွင် မီးတောက်လောင်မှု ဖြစ်ခဲ့သည့် မတော်တဆ အဖြစ်ဆိုးကြောင့် လေသင်္ဘော၏ ခေတ်တစ်ခေတ်မှာ အဆုံးသတ်သွားခဲ့သည်။ မတော်တဆမှု၏ အကြောင်းရင်းမှာ လေသင်္ဘောအတွင်းရှိ ဟိုက်ဒရိုဂျင် လောင်ကျွမ်းမှုကြောင့်ဖြစ်သည်။

ယနေ့အချိန်တွင် လေသင်္ဘောများကို ပြန်လည်တွေ့ရသည်။ ၎င်းတို့သည် သိသိသာသာ သေးငယ်လာပြီး မီးမလောင်နိုင်သည့် ဟီလီယံများဖြင့် ဖြည့်သွင်းထားသည်။ ခေတ်မှီပျံသန်းမှုနည်းပညာတွင် မြင့်တက်နိုင်မှုကို အဆင့်မြှင့်တင်ထားပြီး လုံခြုံရေးကိုလည်း ပို၍ ကောင်းမွန်စေသည်။ အဆိုပါ လေသင်္ဘောများအား ကမ္ဘာလှည့်ခရီးသွားများအတွက် ဦးတည်အသုံးပြုထားပြီး ဥပမာ − ဂျာမဏီတောင်ပိုင်းရှိ ကွန်စတန့် (Constance) ရေကန်ကို ပျံသန်းကြည့်ရှုနိုင်သည်။

ရုပ်ရှင်၏အဆုံး၌ အထူးလေယာဉ်ပျံအစား အထူးပျံသန်းမှုအခြေအနေကို တင်ပြပေးသည်။ ခက်ခဲသော နေရာများသို့ ပျံသန်းသည့်လေယာဉ်ငယ်များကို ပျံသန်းသည့်လေယာဉ်မှုးများသည် စိန်ခေါ်မှုအချို့အား ကျော်လွှားခြင်းနှင့် လေယာဉ်အား စွမ်းဆောင်နိုင်မှုအဆုံးရောက်အောင် ဆောင်ရွက်ခြင်းပြုလုပ်ရသည်။ လေယာဉ်ပြေးလမ်းမရှိ၊ ပျံတက်ရန်ဧရိယာမရှိ၊ မီးသတ်ဌာနမရှိ၊ လေယာဉ်ကွင်းတာဝန်ခံမရှိဘဲ ချုံပုတ်များနှင့် မြက်ပင်ရှည်များမှာ အဆိုပါလေယာဉ်မှူးများအတွက် စိန်ခေါ်မှုတစ်ချို့ပင် ဖြစ်သည်။ ထိုသို့ ဆိုးရွားသောအခြေအနေများတွင် လေယာဉ်ကို လုံခြုံစွာ ပျံသန်းနိုင်ရန် လေယာဉ်မှူးသည် အတွေ့အကြုံ များပြီး အလျင်းသင့်သလိုပျံသန်းနိုင်သူ ဖြစ်ရမည်ဖြစ်သည်။

အညွန်းပန်းတိုင်
  • ပျံသန်းခြင်းဆိုင်ရာ အကြောင်းအရာကို နိဒါန်းပျိုးတင်ပြခြင်း။
  • မတူညီသော ပျံသန်းမှုအမျိုးအစားများကို ထိုးထွင်းသိမြင်ခြင်း (အထူးသဖြင့် စီးပွားဖြစ်မဟုတ်သာ ပျံသန်းမှုကဏ္ဍ)
  • လေကြောင်းနှင့်ပတ်သက်၍ စိတ်ဝင်းစားမှုကို နှိုးဆော်ပေးခြင်း။
  • လေကြောင်းပျံသန်းမှုနှင့်ပတ်သက်သည့် ကွဲပြားသောနည်းပညာများကို သိရှိစေခြင်း။