အရင်းအမြစ်များ

ကျွန်ုပ်တို့၏နည်းပညာကမ္ဘာ

ထိန်းချုပ်နိုင်သောစက်များ

ပိုမိုကောင်းမွန်သော
နိဒါန်း

ယာဥ်များသွားလာမှုသည် လေထဲတွင်သာမက ရေထဲနှင့်ကုန်းလမ်းများပေါ်တွင် တဖြည်းဖြည်းများပြားလာသည်။ ဂလိုဘယ်လိုက်ဇေးရှင်း နှင့် ကမ္ဘာတစ်၀ှမ်းလူဦးရေ တိုးပွားလာမှုကို ကြည့်ခြင်းအားဖြင့် ခေတ်မှီသောထောက်ပံ့ပို့ဆောင်ရေးနှင့် လုံခြုံစိတ်ချရသော တစ်ဦးချင်းသယ်ယူပို့ဆောင်ရေးသည်လည်း ပိုမိုလိုအပ်လာသည်ကို သိမြင်ရပါသည်။

သယ်ယူပို့ဆောင်ရေးကို လုံခြုံစွာနှင့်ထိရောက်စွာစီမံနိုင်စေရန် အားထုတ်မှုတွင် ကျွန်ုပ်တို့ကို အထောက်အကူပြုသည့် စက်မျာနှင့် စနစ်များတဖြည်းဖြည်းများပြားလာလျှက်ရှိပါသည်။ လေကြောင်းပို့ဆောင်ရေးကိုကြည့်မည်ဆိုလျှင်လည်း ယခင်ကတည်းက စက်များကကိုယ်တိုင်မောင်းနှင်နိုင်စွမ်းရှိကြသည်။ ထိုစနစ်သည် လေယာဥ်၏ သွားရာလမ်းကြောင်း၊ ပျံသန်းမှုအမြင့်နှင့် အမြန်နှုန်းကို ထိန်းသိမ်းနိုင်စွမ်းရှိသဖြင့် လေယာဥ်မှူးကို အလွန်သက်သာစေသည်။ ဤအခြေအနေတွင် လေယာဥ်မှူးသည် ကြီးကြပ်သူစောင့်ကြည့်ရုံပင်ဖြစ်သည်။ လေယာဥ်တက်ချိန်နှင့် ဆင်းချိန်တွင်သာ သူကိုယ်တိုင်မောင်းနှင်ရသည်။ အတက်အဆင်းပြုလုပ်ခြင်းသည် အလွန်ပင် ရှုပ်ထွေးသော အခြေအနေတစ်ခုဖြစ်ပြီး ကိုယ်တိုင်မောင်းနှင်စနစ်အတွက် အလွန်ခက်ခဲသောကြောင့်ဖြစ်သည်။

၎င်းသည် လမ်းပေါ်တွင် မောင်းနှင်ခြင်းနှင့်လည်း အလွန်ဆင်တူသည်။ အကူအညီပေးရေးစနစ်များပိုမိုများပြားလာပြီး ကိုယ်ပိုင်အုပ်ချုပ်မောင်းနှင်နိုင်မှုသည် စက်မှုလုပ်ငန်းအတွက်ပို၍အရေးကြီးသော အချက်ဖြစ်လာသည်။ ရေဒါ၊ ကင်မရာနှင့်လေဆာစနစ်များအကြား ယာဥ်သည်ရွေ့လျားနေသော ကွန်ပျူတာကဲ့သို့သော အချို့သော သတ်မှတ်ချက်များကို လုပ်ဆောင်ပြီး ဆုံးဖြတ်ချနိုင်သည်။ ကျွန်တော်တို့သည် ဤသို့သော ပမာဏအဆင့်လုပ်ဆောင်နိုင်မှုကို အတွေ့အကြုံရှိပြီးသားဖြစ်သည်။ အလိုအလျောက်ပါကင်ထိုးခြင်း၊ အမြန်နှုန်းထိန်းချုပ်ခြင်း၊ လမ်းကြောင်းပြောင်းခြင်းနှင့် အရေးပေါ်ဘရိတ်စနစ်များ အားလုံးသည် ကားထုတ်လုပ်သည့် ကုမ္ပဏီများအားလုံးနီးပါး တပ်ဆင်လုပ်ဆောင်နိုင်ကြပြီဖြစ်သည်။

ပင်လယ်ပြင်တွင်မူ မကြာမှီအချိန်အတွင်း ရေယာဥ်အမှုထမ်းအစား ကိုယ်ပိုင်ထိန်းချုပ်မောင်းနှင်နိုင်သော စနစ်များဖြင့် အစားထိုးနိုင်တော့မည်ဖြစ်သည်။ ပင်လယ်နက်ပိုင်းရှိ ကုန်တင်သင်္ဘောကြီးများကို သင်္ဘောများမပါ၀င်တော့ဘဲ မကြာမှီ‌ အဝေးမှ ထိန်းချုပ်နိုင်တော့မည်ဖြစ်သည်။ ယခုအချိန်တွင် ထိုစနစ်များအားလုံးကို သုတေသနပြုလုပ်ဆဲဖြစ်ပြီး ပြဿနာ တစ်ချို့ ရှိနေသေးသည်ဖြစ်သည်။ သို့သော်လည်း ဤစနစ်သည် အနှေးနှင့်အမြန် လက်တွေ့ဖြစ်လာမည်ဖြစ်သည်။

လမ်းပေါ်နှင့်လေထဲတွင် ယာဥ်များကို ထိန်းချုပ်နိုင်သော စနစ်များဖြင့်မောင်းနှင်ခြင်းသည် ကျွန်တော်တို့နှင့် အသားကျပြီး မလှမ်းမကမ်းတွင်ရှိနေသည်။ သို့သော် ပြဿနာများနှင့် စိုးရိမ်မှုများလည်း ရှိနေပါသေးသည်။ လူများအနေနှင့် အာရုံမစိုက်နိုင်ခြင်းလွယ်ကူစွာဖြစ်ခြင်း သို့အဟုတ် အခြားသော အရာများအပေါ် အာရုံစူးစိုက်မှုရောက်သွားခြင်းမျိုးဖြစ်သကဲ့မဟုတ်ဘဲ အလိုအလျောက်မောင်းနှင်ထိန်းချုပ်စနစ်သည် အန္တရာယ်ကို လက်ခံနိုင်စွမ်းရှိကြပြီး အလိုအလျောက်လုပ်ဆောင်နိုင်ကြသည်။ မဆင်မခြင်မောင်းနှင်ခြင်းနှင့် အလွန်အကျွံအနားယူခြင်းတို့ကြောင်းဖြစ်တက်သော အန္တရာယ်များကို အမြဲတမ်း ရှောင်ရှားပေးနိုင်ကြသည်။ ထိန်းချုပ်မှုကင်းစွာ မောင်းနှင်လာပြီး ကြိုတင်မမြင်နိုင်သော အရာတစ်ခုခုနှင့်တွေ့ကြုံလာပါက ယာဥ်ကို ပြင်းထန်စွာ ရပ်တန့်လေ့ရှိသည်။ အလိုအလျောက်မောင်းနှင်စနစ်သည် ထိုသို့သော အမှားများနှင့် လူသားများတွင် တွေ့ကြုံလာနိုင်သည့်အန္တရာယ်များကို အနည်းဆုံးဖြစ်အောင်စွမ်းဆောင်ပေးနိုင်သည်။ ဤသို့သော အားသာချက်များသည် အားနည်းချက်များကို ကျော်လွန်နိုင်ပါမည်လား။

အညွန်းပန်းတိုင်
  • ဥရောပမှ သယ်ယူပို့ဆောင်ရေးစနစ်ကို သိရှိစေရန်။
  • အလိုအလျောက်ထိန်းချုပ်စနစ်၏ ဖြစ်နိုင်ခြေများနှင့် အန္တရာယ်များကို သိရှိနားလည်စေရန်။
  • လူသားများနှင့် စက်ပစ္စည်းများ၊ စနစ်များကြား အပြန်အလှန်အကျိုးပြုမှုကို နားလည်စေရန်။
  • ပ်ထွေးသော နည်းပညာစနစ်များကို သိရှိစေရန်။
  • ကိုယ်ပိုင်ထိန်းချုပ်မောင်းနှင်စနစ်သည် လုံခြုံရေးအား ပထမဦးစားပေးခြင်းဖြစ်ကြောင်း နားလည်စေရန်။