အရင်းအမြစ်များ

ဦးနှောက်၏လျို့၀ှက်ဆန်းကြယ်မှုများ

စိတ်ညှို့ခြင်း (သို့) အိပ်မွေ့ချခြင်း – ဦးနှောက်ထဲတွင် ဘာတွေဖြစ်နေပါသနည်း

လက်သင်
နိဒါန်း

စိတ်ညှို့ခြင်းသည် နှစ်ပေါင်းများစွာကတည်းကရှိသည်။ ဒီနည်းကို စုန်က‌‌ဝေ (သို့) မှော်အဖြစ် ရှုမြင်ခံရလေ့ရှိသည်။ ပြည်သူ့အမြင် ရုပ်ရှင် (သို့) ပြဇာတ်ရုံပြဇာတ်ရုံတစ်ခုအနေဖြင့် ကန့်သတ်ခဲ့သည်။ ယနေ့ခေတ်တွင် စိတ်ညှို့ခြင်း (သို့) အိပ်မွေ့ချခြင်းသည် အရေးကြီးလာပြီး ဆေးဘက်ဆိုင်ရာ အသိအမှတ်ပြုကုထုံးတစ်ခုဖြစ်လာသည်။ စိတ်ညှို့ခြင်းကို နည်းလမ်းများစွာဖြင့် အသုံးပြုနိုင်ပြီး လူတိုင်းနီးပါးကလက်ခံကြသည်။ ဥပမာ ကိုယ်အလေးချိန်နှင့် ပတ်သက်သည့်အရာများ၊ စိတ်ဖိစီးမှု (သို့) အကြောက်လွန် ရောဂါများအတွက် အလွန်အသုံး၀င်သည်။ ခွဲစိတ်ကုသမှုပြုလုပ်နေစဥ်အချိန်တွင်းတွင်လည်း စိတ်ညှို့ခြင်း (သို့) အိပ်မွေ့ချခံရသူကဲ့သို့ လူနာအား မိန်းမောစေရန်အသုံးပြုသည်။

ယေဘုယျအားဖြင့် စိတ်ညှို့ခြင်းသည် အသိဥာဏ်ရှိရှိလုပ်ဆောင်သောအခြေအနေတစ်ရပ်ဖြစ်သည်။ သင်ဘယ်မှာရှိလဲ ဘာလုပ်နေလဲဆိုတာကို သင်သိမည်ဖြစ်သော်လည်း၊ လူနာများအတွက်မူ သူတို့၏ စိတ်ကူးအတွေးများသည် အခြားသော နေရာတစ်နေရာတွင် ရောက်နေသကဲ့သို့ ဖြစ်နေနိုင်ပါသည်။ များသောအားဖြင့် ထိုအချိန်တွင် လှပသောနေရာများကိုဖော်ပြသည်။ ဥပမာအားဖြင့် ပင်လယ်ကမ်းခြေ၌ အားလပ်ရက်တစ်ခု ပြင်ပရေကူးကန်သို့ သွားရောက်နေသကဲ့သို့ဖြစ်သည်။ ဦးနှောက်သည် ဤအတွေးများနှင့် ကမ္ဘာလောကတွင် တွေ့ကြုံနေရသော အခြေအနေများအတွင်းသို့ ပျံ့နှံ့သွားခြင်းသည် လူနာ၏အပြုအမူနှင့် ဘ၀အပေါ်ရေရှည်အကျိုးသက်ရောက်မှုရှိသည်။

စိတ်ညှို့ခြင်း (သို့) အိပ်မွေ့ချခြင်း (သို့) မေ့ဆေးပေး၍ ကုသခြင်းသည် ကုသမှုကို ဦးဆောင်သည့် နည်းလမ်းတစ်ခုဖြစ်လာစေရန် ‌‌‌‌ေ၀းကွာဆဲဖြစ်သည်။ သို့သော် ဤနည်းသည် အတော်လေးလွယ်ကူသော အခြားရွေးချယ်စရာနည်းလမ်းတစ်ခုဖြစ်လာစေရန် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်သည်။ မေ့ဆေးပေး၍ ကုသမှုခံယူရန်ရွေးချယ်သော လူနာအများသည် သူတို့၏ခံစားချက်များကို ရိုးရိုးရှင်းရှင်းဖြင့် သက်သာစေရန် မသိသာစေရန် အလွန်အခွင့်အရေးရှိသည်။

အညွန်းပန်းတိုင်
  • စိတ်ညှို့ခြင်း (သို့) အိပ်မွေ့ချခြင်း တစ်နည်း မေ့ဆေးပေး၍ ကုသခြင်းသည် ကုသမှုနည်းစနစ်တစ်ခုဖြစ်ကြောင်းသိစေရန်
  • အနောက်တိုင်းကုသမှုနည်းများအား စိတ်ညှို့ကုသခြင်းနည်းဖြင့် ထိုးထွင်းသိမြင်စေရန်
  • စိတ်ညှို့ကုသခြင်း၏ ဖြစ်စဥ်ကို နားလည်သဘောပေါက်စေရန်
  • အခြားကုသနည်းနည်းလမ်းများနှင့် ၎င်းတို့အတွက် သင့်တော်ထိရောက်သောနည်းလမ်း ဖြစ်မဖြစ်စဥ်းစားတတ်မိစေရန်