အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

စိတ်ညှို့ခြင်း၊ တရားထိုင်ခြင်း၊ လက်များတင်ခြင်း – သဘာ၀ကုထုံးဖြင့် ကုသခြင်း၏စွမ်းအားများ

လက်သင်
နိဒါန်း

ယနေ့ခေတ်တွင် လူများစွာတို့သည် အခြားရွေးချယ်စရာ ကုသနည်းလမ်းများကို ရှာဖွေလိုချင်ကြသည်။ အနောက်တိုင်း ဆေးပညာနှင့်ပတ်သက်၍ မကြာခဏ သံသယ၀င်ကြခြင်းကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံတွင်လည်း မျှော်လင့်ချက်မဲ့သော အခြေအနေကြောင့်လည်းဖြစ်သည်။ စက်မှုလုပ်ငန်းထွန်းကားသော အနောက်တိုင်းနိုင်ငံများတွင် သမာရိုးကျဆေးကုသခြင်းသည် စက်မှုဆိုင်ရာကြိုတင်ပြင်ဆင်မှုများကို ပိုမိုအာရုံစိုက်စေလာခဲ့သည်။ ထိရောက်သောပါ၀င်ပစ္စည်းများသည် သိပ္ပံနည်းကျ သက်သေပြပြီး ကောင်းမွန်သော ကုသမှုနည်းလမ်းများ ဖြစ်သော်လည်း ဘေးထွက်ဆိုးကျိုးမရှိဘဲ မဖြစ်ပေါ်နိုင်ပါ။ ထို့ကြောင့် လူများစွာတို့သည် အခြားသော နည်းလမ်းများကို ရှာဖွေလျှက်ရှိသည်။ အခြားရွေးချယ်စရာတစ်ခုအနေဖြင့် ကမ္ဘာတစ်၀ှမ်းတွင် ကွဲပြားခြားနားသော အမြင်များနှင့် ဆေးပညာဆိုင်ရာ သင်ကြားမှုများရှိသည်။ ဤရုပ်ရှင်တွင် အခြားရွေးချယ်စရာ လေးခုပေါ်တွင် အာရုံရောက်စေမည်ဖြစ်သည်။

ပထမဆုံးနည်းလမ်းကတော့ စိတ်ညှို့ခြင်း (သို့မဟုတ်) အိပ်မွေ့ချခြင်းဖြစ်သည်။ လူနာများကို ဘ၀င်စိတ်ကျစေရန် ထားပါသည်။ ခန္ဓာကိုယ်သည် နက်နက်ရှိုင်းရှိုင်းအနားယူပြီး မိမိကိုယ်ကို အနာရောဂါကုသနိုင်သည့် စွမ်းအင်များကို မြှင့်တင်သည်။ တစ်ခါတစ်ရံဒီနည်းလမ်းကို အဖွဲ့လိုက်လုပ်ဆောင်ကြပါသည်။ တိုးတက်မှုရှိသော တက်ကြွ လှုပ်ရှားစေခြင်းသည် အနည်းငယ်ဖျားနာခြင်းများကို သက်သာပြေပျောက်စေသည်။ ဒုတိယနည်းလမ်းကတော့ တရားထိုင်ခြင်းဖြစ်သည်။ ဤနည်း နှင့် စိတ်ညှို့ခြင်း (သို့) အိပ်မွေ့ချခြင်းနည်း၏ မတူညီသည့်အရာမှာ တက်ကြွစွာလုပ်ဆောင်ခြင်းမပါဘဲ စိတ်နှင့် ကိုယ်ခန္ဓာအား တည်ငြိမ်စွာဖြင့် အမျိုးအမျိုးသောဆုတောင်းချက်များ သို့မဟုတ် ဂါထာများကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ ဤသည်မှာ ခံစားချက်များနှင့် နေ့စဥ်တွေ့ကြုံရသော လွှတ်ပေးခြင်းဖြစ်သည်။ ယခုနည်းလမ်းကိုလည်း အစုအဖွဲ့များနှင့် လူမှုအသိုင်းအ၀ိုင်း သဘော၀ဘာ၀ကို ပိုမိုအားကောင်းလာစေရန်ပြုလုပ်ကြသည်။ တတိယနည်းလမ်းကတော့ လက်တင်ခြင်းပင်ဖြစ်သည်။ ဤနေရာတွင် အထူးအာရုံစိုက်ခြင်းသည် လူလူချင်း ဆက်ဆံမှုဆိုင်ရာ တုံံ့ပြန်မှုကိုဆိုလိုပါသည်။ သူငယ်ချင်းတစ်ယောက်ယောက် (သို့မဟုတ်) ဆွေမျိုးတစ်ဦးဦးက လူနာ၏ ‌ေဒနာခံစားနေရသော နေရာများပေါ်သို့ သူ၏ လက်များကို တင်ထားခြင်းဖြစ်သည်။ ဤသည်မှာ လူနာများကို ချစ်ခင်ခြင်းနှင့်စောင့်ရှောက်ကြောင်းအချက်ပြခြင်းဖြစ်သည်။ သုတေသနပြုသူများက ၄င်းသည် မိမိကိုယ်ကို အနာရောဂါပျောက်ကင်းစေသည့် ဖြစ်စဥ်တစ်ခု ဖြစ်သည်ဟုလည်း ယုံကြည်ကြသည်။ လုံခြုံရေးနွေးထွေးစေသူ နှင့် “စောင့်ရှောက်သူ”၏ စောင့်ရှောက်မှုများက လူသားများအတွက် ကောင်းမွန်ပါသည်။

နောက်ဆုံးတွင် အိန္ဒိယမှ အာယုဗေဒချဥ်းကပ်မှုကို တင်ပြခဲ့သည်။ ၄◌င်းသည် နည်းလမ်းတစ်ခုမဟုတ်ဘဲ ကမ္ဘာ့အမြင်တစ်ခုပင်ဖြစ်သည်။ လူတစ်ယောက်ခြင်းဆီတိုင်းအား သီးခြားကမ္ဘာငယ်လေးတစ်ခုအဖြစ် ယူဆသည်။
လူများ၏‌ေ၀ဒနာများခံစားရခြင်းနှင့် နေထိုင်မကောင်းဖြစ်ခြင်းများကို စကြ၀ဠာအဖြစ်ယူဆသည်။ ထို့ကြောင့် အချို့သောရောဂါများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကုသပြီး လူအများအား အာရုံစိုက်စေသည်။ ကိုယ်ခန္ဓာနှင့်စိတ်ကို စစ်ဆေးပြီး ရောဂါလက္ခဏာများ တိုးတက်စေရန် သင့်လျော်သော နည်းလမ်းများကို အသုံးပြုသည်။ ဤသို့သော ဆေးပညာကို အိန္ဒိယနိုင်ငံတွင် အစဥ်အလာအရ အသုံးပြုလျှက်နေကြသည်။

အညွန်းပန်းတိုင်
  • အခြားရွေးချယ်စရာ ဆေးပညာများ ရှိကြောင်းသိရှိစေရန်
  • စိတ်ညှို့ခြင်း၊ တရားထိုင်ခြင်းနှင့် လက်များတင်ထားခြင်းများကို ကုသရေးနည်းလမ်းများအဖြစ် နားလည်သဘောပေါက်စေရန်
  • ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေများကြား ဆက်နွယ်မှုရှိကြောင်းနားလည်စေရန်
  • ကုသမှုနည်းလမ်းများကို ဆန်းစစ်‌ေ၀ဖန်ပြီး မည်သည့်နည်းကိုမည့်သည့်အချိန်တွင် အသုံးပြုသင့်သည်ကို သိရှိစေရန်
  • အာယုဗေဒ ဆေးပညာအကြောင်း အကြမ်းဖျင်းနည်းလည်စေရန်
  • စိတ်ညှို့ခြင်း သို့မဟုတ် ဘာ၀နာပွားများသူများအကြောင်းပိုမိုသိရှိစေရန်
အကြံပြုသင်ခန်းစာအစီအစဥ်
  • ပညာရေးဆိုင်ရာရုပ်ရှင်အကြောင်းအကျဥ်းချုံးပြောပြပါ။
  • ပညာရေးဆိုင်ရာရုပ်ရှင်ပြသပါ။
  • မှတ်တမ်းစာရွက်များဖြန့်‌၀ပါ။
  • ကျောင်းသူကျောင်းသားများအား အလုပ်လုပ်ရန်အချိန်ပေးပါ။
  • တိုင်ပင်ခြင်းကို အတန်းထဲတွင် ပွင့်ပွင့်လင်းလင်းလုပ်ဆောင်ပါ။ အဖြေများကို ထပ်ခံရေးသင့်ပြီး မသတ်မှတ်ဘဲထားသင့်ကြောင်းအလေးပေးပြောကြားပါ။
  • ဆွေးနွေးစဥ◌်အတွင်း ကျောင်းသူ ကျောင်းသားများအား သက်ဆိုင်ရာနည်းလမ်းများအကြောင်းကိုပါ ဆွေးနွေးခိုင်းပါ။ (ဒါကိုစမ်းသပ်ကုသဖူးသလား။ အာယုဗေဒဆိုတာကို ဘယ်သူသိသလဲ။ ဘယ်သူတရားထိုင်ဖူးသလဲ စသည်ဖြင့်)
  • ဆွေးနွေးတိုင်ပင်ခြင်းများအပြီးတွင် အချိန်ရသေးပါက တရားထိုင်ခြင်းများပြုလုပ်နိုင်သည်။ (စိတ်ကြိုက်)