ဦးနှောက်၏လျို့၀ှက်ဆန်းကြယ်မှုများ
ကျွန်ုပ်တို့မည်သို့လေ့လာကြသလဲ
- နိဒါန်း
-
ကျွန်တော်တို့လူသားတွေအကြောင်းအရာတစ်ခုခုကို ဘယ်လိုလေ့လာကြသလဲ။ အဲဒီအတွက်နည်းလမ်းများစွာရှိပါတယ်။ သို့သော်လည်း သင်ယူနိုင်စွမ်း၏ ပထမလက္ခဏာများအား အသက်ငယ်ရွယ်ထံမှ ကျွန်တော်တို့ တွေ့ရတာ ငြင်းဆိုနိုင်မည်မဟုတ်ပါ။ ကလေးငယ်များသည် သေချာသည့်အရာများကို အကြမ်းဖျင်းခွဲခြားနိုင်စွမ်းရှိပါသည်။ ထိုစွမ်းဆောင်ရည်များသည် သူတို့မွေးဖွားစဥ်ကတည်းက ရှိနှင့်နေတာလားဆိုတာ ဆုံးဖြတ်ဖို့တော့မဖြစ်နိုင်သေးပါဘူး။ ကုလားထိုင်တစ်လုံးဟာ သင်ယူခြင်းရဲ့ အရေးကြီးတဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီကုလားထိုင်ပေါ်မှာ ထိုင်လို့ရတယ်ဆိုတာကို သိပါတယ်။ ကျွန်တော်တို့အခန်းတစ်ခန်းထဲကို၀င်လာပြီးတော့ ကုလားထိုင်တစ်လုံးပထမဆုံးအကြိမ်တွေ့မြင်ရတဲ့အခါ အဲ့ဒီအရာ၀တ္ထုက ဘာအတွက်ရည်ရွယ်ပြီး ပြုလုပ်ထားတယ်ဆိုတာကို ကျွန်တော်တို့ ချက်ခြင်းကြီး မပြောနိုင်ကြပါဘူး။ ဒီလိုအခြေခံကြတဲ့မေးခွန်းတွေကို ရှင်းလင်းဖို့ သုတေသီတွေ ကြိုးစားနေကြပါတယ်။
တစ်ခြားတစ်ဖက်မှာလည်း အသက်အရွယ်ကြီးတဲ့သူတွေက သေချာတဲ့ အရာ၀တ္ထုတွေကို ခွဲခြားနိုင်တဲ့ စွမ်းဆောင်ရည်တွေ လျော့နည်းလာနိုင်ပါတယ်။ ဒါကလည်း ဦးနှောက်မှတ်ဥာဏ်ချို့ယွင်းလာခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ ဦးနှောက်က ဖြစ်နိုင်တဲ့ အလားတူပုံသဏ္ဍာန်အရာ၀တ္ထုတွေနဲ့ ချိတ်ဆက်ပြီး သေချာတဲ့ အရာ၀တ္ထုတွေကို သိမြင်နိုင်တဲ့ စွမ်းဆောင်ရည်တွေ လျော့နည်းလာပါတယ်။
ဒါပေမယ့် ကျွန်တော်တို့လူသားတွေတစ်ဘ၀လုံး သင်ယူနေကြတာရှင်းပါတယ်။ ကျွန်တော်တို့ အသစ်အသစ်တွေ ရှာဖွေကြတယ်၊ အသစ်အသစ်တွေ သိလာကြပြီးတော့ ကျွန်တော်တို့ နေ့စဥ်ဘ၀တွေမှာ ဗဟုသုတအသစ်တွေ ရလာကြပါတယ်။ ဒါက ကျွန်တော်တို့နဲ့ တစ်ဘ၀လုံးအတူရှိနေတဲ့ လုပ်ငန်းစဥ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မသိစိတ်မှာ နေရာယူထားလို့ မသိကြခြင်းဖြစ်ပါတယ်။
- အညွန်းပန်းတိုင်
-
- သင်ယူခြင်းေ၀ါဟာရအတွက် ခိုင်မာသောအတွေးစိတ်ကူးဖွံ့ဖြိုးရန်
- သင်ယူခြင်းကို သိပ္ပံရှုထောင့်မှ ကြည့်မြင်တတ်စေရန်
- ဦးနှောက်၏လုပ်ငန်းစဥ်များအား နားလည်စေရန်
- ရုပ်ပုံများအား သင့်လျော်သည့်အပိုင်းထဲသို့ ခွဲခြားသတ်မှတ်နိုင်ရန်