အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

လူနာကိုနှစ်သိမ့်သည့်အနေဖြင့်ဆေးပေးခြင်း (သို့) အမှန်တကယ်သက်သာစေခြင်း

iStock-999022806_filmfoto
ပိုမိုကောင်းမွန်သော
နိဒါန်း

ဓါတ်ကြမ်းကုသခြင်းသည် ဥရောပတွင် အလွန်ရေပန်းစားသော ရောဂါကုသနည်းတစ်မျိုးဖြစ်သည်။ ယခုကုသနည်းအကြောင်းကို ပြန်ပြောင်းပြောပြရလျှင် ဂျာမန်သမားတော်တစ်ဦး ဖြစ်သည့် ဆယ်မြူရယ်ဟန်နီမန် မှ ပြန်စရမည်ဖြစ်ပြီး ဥရောပပြင်ပနိုင်ငံများတွင် ပြီးခဲ့သည့်နှစ်များအတွင်း ပိုမို၍ ရေပန်းစားလျှက်ရှိပါသည်။ ခန္ဓာကိုယ်သည် မိမိဘာသာကုသနိုင်စွမ်းအလွန်ရှိကြောင်းကို အခြေခံကာ ဓါတ်ကြမ်းတိုက်ကုသနည်းသည်လည်း တစ်နည်းအားဖြင့် အချို့သောပစ္စည်းများသုံး၍ နှိုးဆွအားပေးကာ ကုသခြင်းတစ်မျိုးဖြစ်သည်။ တူညီသော နိယာမသည် ဤနေရာတွင် အကျိုးသက်ရောက်မှုရှိသည်။ ရောဂါလက္ခဏာများကို အလားတူအရာတစ်ခုခုဖြင့် ကုသကာ ဆေးညွှန်းနှင့် ကိုက်ညီမှုရှိသောအခါသက်သာလာပြီး ပျောက်ကင်းသွားကြပါသည်။ အဆိုပါ ပါ၀င် ပစ္စည်းများကို အရက်ထဲတွင်စိမ်ခြင်း သို့မဟုတ် နို့နှင့်သကြားအတူအရည်ဖျော်ကာ အစက်ချခတ်ဆေး သို့မဟုတ် ဆေးလုံးငယ်များပြုလုပ်ကာ ဆေးပေးကြသည်။

ယခုကဲ့သို့ ကုသခြင်းနည်းလမ်း၏ အကျိုးသက်ရောက်မှုသည် သိပ္ပံနည်းကျ သက်သေအထောက်အထား မခိုင်လုံကြောင်းနှင့် ဤကုသနည်းကို သိပ္ပံပညာရှင်အများစုသည်လည်း အလွန် စိုးရိမ်စရာ ကောင်းသော ကုသနည်းတစ်ခုအဖြစ် ယူဆထားကြသည်။ တူညီသောနိယာမကိုပင် သိပ္ပံနည်းကျ အတည်မပြုနိုင်ကြသေးပါ။ မည်သို့ပင် ဖြစ်နေစေကာမူ ဓါတ်ကြမ်းကုသခြင်းနည်းလမ်းကို လူများကြိုက်နှစ်သက်ကြပြီး စွဲမြဲစွာယုံကြည်ကုသနေကြသည်။ သူတို့သည် ထိုကဲ့သို့သောကုသမှုဖြင့် ကုသမှုများကို ခံယူပြီး ပဲစေ့များနှင့်စမ်းသပ်မှုများကဲ့သို့ပင် တိုးတက်မှုများ ရှိလာသည်ကို တွေ့ရှိရသည်။ ဤကုသနည်းသည် အဘယ့်ကြောင့် အဘယ်သို့ဖြစ်ရသည်ကို မည်သူကမျှအတိအကျမပြောနိုင်သော်လည်း ထိုကဲ့သို့ကုသခြင်းကြောင့် ကောင်းမွန်သော ရလဒ်များထွက်ပေါ်ကာ လူနာများကို သက်သာအောင်ကူညီပေးနေသရွှေ့ ဤကုသနည်းသည် ဥရောပဆေးပညာ၏ အဓိက အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိပြီး နောက်ဆုံးတွင် အခြား ယဉ်ကျေးမှုဒေသများသို့ ရောက်ရှိသွားပေလိမ့်မည်။

အညွန်းပန်းတိုင်
  • ဓါတ်ကြမ်းတိုက်၍ကုသခြင်း၏ အတွေးအခေါ်ကိုနားလည်ရန် (ရိုးရာတရုတ်ဆေးပညာနှင့် နှိုင်းယှဥ်ပါက)
  • ဤဆေးကုသနည်း၏ ထိရောက်မှုကို ဟောပြောခြင်း
  • ယေဘုယျအားဖြင့် အခြားရွေးချယ်စရာ ဆေးဝါးများနှင့်နည်းလမ်းများကို နားလည်ရန်
  • ဥရောပ၌ ဓါတ်ကြမ်းတိုက်၍ကုသခြင်းနည်း၏ ရေပန်းစားမှုကို ခြေရာကောက်ရန်
အကြံပြုသင်ခန်းစာအစီအစဥ်
  • နိဒါန်းအနေဖြင့် ကျောင်းသူ ကျောင်းသားများအား “homeopathy” ဆိုသောစကားလုံးကို သိမသိမေးရန်နှင့် ဘာကိုဆိုလိုတာလဲကို မေးကြည့်ရန်
  • ထို့အပြင် ဓါတ်ကြမ်းတိုက်၍ကုသခြင်းအတွက် ပြင်ဆင်မှုကို ဆေးဆိုင်မှသင် ယူဆောင်လာနိုင်ကြောင်းပြောပြနိုင်ပါသည် (နိုင်ငံအတွင်းရှိရနိုင်ခြင်းများအပေါ်မူတည်ပါသည်)
  • ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဤချဉ်းကပ်မှုနှင့်သက်ဆိုင်သည့် ရုပ်ရှင်နောက်ဆက်တွဲအကြောင်းကို ကျောင်းသူ ကျောင်းသားများအားအသိပေးပါ
  • ကျောင်းသူ ကျောင်းသားများအား အဖွဲ့နှစ်ဖွဲ့ခွဲပါ
  • အဖွဲ့ (၁) သည် ဓါတ်ကြမ်းတိုက်၍ကုသခြင်းနည်းကို လက်ခံသူများဖြစ်ပြီး အဖွဲ့ (၂) မှာ လက်မခံသူများ အဖြစ် ဆွေးနွေးရမည်ဖြစ်ကြောင်း ပြောပြပါ
  • ရုပ်ရှင်ကြည့်နေစဥ◌်အတွင်း သက်ဆိုင်ရာအကြောင်းအရာအလိုက်မှတ်စုအတွင်းရေးမှတ်ထားရန်နှင့် ပြန်လည်ဆွေးနွေးမှုအတွက် အသင့်ရှိရန်ပြင်ဆင်ထားခိုင်းပါ
  • ရုပ်ရှင်ပြသပါ
  • ရုပ်ရှင်ကြည့်ပြီးပါက သက်ဆိုင်ရာရှုထောင့်များအလိုက် ထိုင်ခုံများဖြင့်ဝိုင်းထိုင်စေပါ
  • ဆရာ၊ ဆရာမက ဆွေးနွေးမှုကို အစပျိုးပေးကာ ဆွေးနွေးမှုများ တုံ့ဆိုင်းနေပါက အဖြေရှာပေးပါ
  • အဆုံးတွင် အတန်းတစ်တန်းလုံးအား ဓါတ်ကြမ်းနည်းဖြင့်ကုသခြင်းကို ဆန့်ကျင်ခြင်းရှိမရှိမဲပေးသင့်သည် (ယခင်အဖွဲ့ခွဲထားသည်နှင့်မသက်ဆိုင်ပါ)
  • ရလဒ်များအားမှတ်တမ်းတင်ထားပါ။ အကျိုးသင့် အကြောင်းသင့် ဆွေးနွေးခြင်းများကိုလည်း သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ထားနိုင်ပါသည်။