အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

ကုသနိုင်သောမြင်းများ – မြင်းနှင့်ဆိုင်သောကုထုံး၏ အံ့သြဖွယ်ရာများ

လက်သင်
နိဒါန်း

မြင်းများသည် နှစ်ပေါင်းများစွာကတည်းက လူသားများနှင့်ရင်းနှီးမှုရှိခဲ့သည်။ မြင်းများကို ကမ္ဘာတစ်၀ှမ်းတွင် အထူးသဖြင့် သယ်ယူပို့ဆောင်ရေးများအတွက် ရာစုနှစ်များစွာအသုံးပြုခဲ့သည်။ မြင်းများသည်လည်း လူသားတို့အပေါ် ကုထုံးသက်ရောက်မှုရှိသည်။ ဤတိရိစ္ဆာန်များအားကုထုံးတစ်ခု အနေဖြင့် အသုံးပြုကာ ပြန်လည်ထူထောင်ရေး အတွက် လူနာများစွာကို ကူညီပေးနိုင်ပါသည်။ ပြင်းထန်သော မတော်တဆဖြစ်မှုများအပြီး သို့မဟုတ် မွေးရာပါ သွက်ချာပါဒ‌‌‌‌ေ၀ဒနာခံစားနေရသူများကို မြင်းများနှင့်တိုက်ရိုက်ထိတွေ့ခြင်းက များစွာ ကူညီပေးသည်။ ဥပမာပြောရလျှင် မြင်းစီးခြင်းသည် သင်၏ကြွက်သားများအား အားကောင်းလာစေရန်နှင့်အပန်းဖြေစေနိုင်သည်။ ထိုကဲ့သို့ ကြီးမားသော တိရိစ္ဆာန်များ၏ချစ်ခင်မှုကို ခံစားရခြင်းသည် လူနာများစွာကို စွမ်းဆောင်ရည်အသစ်များဖြင့် လှုံ့ဆော်ပေးပြီး သူတို့၏ သိမြင်မှုနှင့်ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို အပြုသဘောသက်ရောက်စေသည်။

မတော်တဆဖြစ်မှု သို့မဟုတ် ဖျားနာမှုကြောင့် ဆက်ဆံပြောဆိုခြင်းကစဥ့်ကလျားဖြစ်ခြင်းများကိုလည်း မြင်းများဖြင့် ကုသနိုင်သည်။ ယခုကုထုံးသည် မြင်းစီးခြင်းကို ကြော်ငြာပေးသကဲ့သို့ဖြစ်သည်။ မှတ်သားစရာမှာ မြင်းများတွင် တိုက်ရိုက်ဆက်သွယ်ရေးနည်းလမ်းရှိသည်။ မျက်နှာကြွက်သားလှုပ်ရှားမှုများက သူမည်သို့ခံစားရသည်ကို ဖော်ပြသည်။ မြင်းတစ်ကောင်သည် ပေါင်းသင်းဆက်ဆံရေးကောင်း၊ ပွင့်လင်းမှုရှိပြီး စပ်စုသည်။ အထူးလေ့ကျင့်ထားသော ကုထုံးမြင်းများနှင့် လူသားများတိုက်ရိုက်ထိတွေ့ဆက်ဆံရာတွင် အလွန်အမင်းမျှတပြီး အေးဆေးတည်ငြိမ်သည်။

မြင်းများသည်သူတို့၏သဘော သဘာ၀အရ၊ ကုစားရာတွင်အလွန်အထောက်အကူဖြစ်သည်။ မတော်တဆမှုများ၊ နာမကျန်းမှုများ သို့မဟုတ် မွေးရာပါပြဿနာများဖြစ်ပွားပြီးနောက် မြင်းကုထုံးများသည် သဘာ၀ကျသော၊ အောင်မြင်သော၊ လှုံ့ဆော်ပေးသော ကုသမှုနည်းလမ်းတစ်ခုဖြစ်ပြီး၊ လူနာအားလည်း များစွာပျော်ရွှင်စေသည်။

အညွန်းပန်းတိုင်
  • အခြားရွေးချယ်စရာကုထုံးနှင့်ပြန်လည်ထူထောင်ရေးနည်းလမ်းများကို သိမြင်စေရန်
  • ကွဲပြားခြားနားသော အမြင်ဖြင့် မြင်းများ သို့မဟုတ် တိရစ္ဆာန်များကို ကြည့်မြင်တတ်စေရန်
  • ဒဏ်ရာရသူများကို စာနာပေးမှုနိုးထစေရန်
  • ပေါင်းသင်းဆက်ဆံရေးနှင့်ချစ်ခင်မှုသည် အနာရောဂါကုသမှုလုပ်ငန်းစဥ်၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်တတ်စေရန်။
အကြံပြုသင်ခန်းစာအစီအစဥ်
  • သင်ခန်းစာမစမှီ ကျောင်းသူ ကျောင်းသားများအား မြင်းပေါ်တွင် ထိုင်ဖူးလား သို့မဟုတ် အခြားတိရစ္ဆာန်တစ်ကောင်ကောင်စီးဖူးလားမေးကြည့်ပါ။ ပြီးနောက် သူတို့ခံစားချက်ကိုပြောပြခိုင်းပါ။
  • လူများစွာအတွက်မြင်းများသည် ကုထုံးအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းရှင်းပြပါ။ သူတို့သည် သယ်ယူပို့ဆောင်ရေးအတွက်တင်မဟုတ်ဘဲ ကုစားပေးသူလည်းဖြစ်နိုင်ကြောင်းပြောပြပါ။
  • ပညာရေးဆိုင်ရာရုပ်ရှင်ပြသပါ။
  • ပေါင်းသင်းဆက်ဆံရေးနှင့်ချစ်ခင်မှုသည် အနာရောဂါကုသမှုလုပ်ငန်းစဥ်၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်တတ်စေရန်။
  • ကျောင်းသူ ကျောင်းသားများအား မှတ်တမ်းစာရွက်များတွင် ဖြေခိုင်းပါ။
  • မေးခွန်းတစ်ခုချင်းစီအလိုက်မေးကာ အဖြေများကို သင်ပုန်းပေါ်တွင် ရေးချနိုင်သည်။
  • နောက်ဆုံးအနေဖြင့် ကျောင်းသူ ကျောင်းသားများအား သူတို့အနေဖြင့် ဤကုထုံးကို မည်သို့ရှာဖွေတွေ့ရှိနိုင်သည်ကို မေးမြန်းနိုင်သည်။