အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

အစာရှောင်ခြင်းဖြင့်ကုသနည်း – ရှေးကအေလ့အကျင့်ကို နောက်ဆုံးသုတေသနပြုပြီးအတည်ပြုခြင်း

ပိုမိုကောင်းမွန်သော
နိဒါန်း

အစာရှောင်ခြင်းသည် ကမ္ဘာ့ဘာသာတရားများစွာ၏အဓိကအစိတ်အပိုင်းဖြစ်သည်။ ကျန်းမာရေးကဏ္ဍတွင်လည်း အစာရှောင်ခြင်းသည်လည်း အထောက်အကူပြုနိုင်သည်။ ခေတ်သစ်အစာရှောင်ခြင်း၏ဇာတ်မြစ်ကိုယခင် ဆိုဗီယက်ပြည်ထောင်စုတွင်တွေ့ရှိနိုင်သည်။ အဆိုပါအချိန်တွင် စားစရာမရှိတော့ဘဲ စိတ်ဓါတ်ကျနေသည့် နိုင်ငံသားတစ်ယောက်ကို စစ်ဆေးခဲ့ကြပါသည်။ ထိုသူ၏ စိတ်ပိုင်းဆိုင်ရာနှင့်ကာယပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေများ သိသိသာသာတိုးတက်မှုများကို သတိပြုမိခဲ့ပြီး ထိုသူ၏အခြေအနေကို ပိုမိုနီးကပ်စွာ စစ်ဆေးခဲ့ကြပါသည်။ ဤပဏာမခြေလှမ်း၏ရလဒ်အဖြစ် ရုရှား၌အစာရှောင်ခြင်းကိုလေ့လာမှု စတင်ခဲ့ကြသည်။ လူနာများကို ရက်ပေါင်းများစွာ အစာမစားစေဘဲ စောင့်ကြည့်ခဲ့ကြသည်။ သူတို့သည် ရေမြောက်များစွာ သောက်သုံးကြသည်၊ အားကစားလုပ်ကြပြီး၊ ဆေးပညာဖြင့် စောင့်ကြည့်ခဲ့ကြသည်။

အဖြေကတော့ရှင်းပါသည်။ ခန္ဓာကိုယ်သည် ၄င်း၏ အဆိပ်အတောက် နှင့် ကိုယ်တိုင် ကုသခြင်းစွမ်းရည်များ တိုးတက်လာပြီး အာဟာရမရရှိမှုကြောင့် အမျိုးအမျိုးသော ရောဂါများ တိုးတက်စေခဲ့ပါသည်။ ဒါကို အစပိုင်းမှာ ထူးဆန်းသယောင်ထင်မိကြပါသည်။ ယခင်က လူသားများသည် အမြဲတမ်း အစာမစားကြပါ။ ရက်ပေါင်းများစွာ အစာမစားဘဲသွားလာကြပါသည်။ ထိုအချက်သည်လည်း စဥ်ဆက်မပြတ်စားသုံးခြင်းထက် ပိုမိုကောင်းမွန်ပါသည်။ ခန္ဓာကိုယ်သည် ပြန်လည်ချိန်ညှိကာ ၄င်းသည် ရောင်ရမ်းခြင်း (သို့မဟုတ်) အဆစ်အမြစ်ရောင်ရမ်းခြင်းများကို သက်သာစေပါသည်။ နာတာရှည်ရောဂါများစွာကိုလည်း သက်သာစေနိုင်ပါသည်။ အစာရှောင်ခြင်းသည် အစပိုင်းတွင် လူနာအတွက်ထူးဆန်းပြီး ခက်ခဲနိုင်သည်ဟု ထင်ရသော်လည်း ရက်အနည်းငယ်ကြာတွင် ထိုသို့ကုသမှုနည်းလမ်းသည် ရလဒ်ကောင်းများ ထွက်ပေါ်လာစေပါသည်။

အညွန်းပန်းတိုင်
  • အခြားရွေးချယ်စရာကုသနည်းများကို သိရှိစေရန်
  • ကျန်းမာရေးရှုထောင့်မှ အစာရှောင်ခြင်း၏သမိုင်းကြောင်းကို တွေ့မြင်နားလည်စေရန် (ဘာသာရေးအယူအဆများနှင့်ဆက်နွယ်မှုမရှိဘဲ)
  • အလွန်အကျွံစားသောက်ခြင်း၏ အန္တရာယ်ကို သိရှိစေရန်
အကြံပြုသင်ခန်းစာအစီအစဥ်
  • ပညာရေးရုပ်ရှင်အကြောင်းကို အကြမ်းဖျင်းမိတ်ဆက်ပေးခြင်း 🡪 ဒေသခံဘာသာတရားကိုလည်း ရည်ညွှန်းနိုင်ပါသည် (ဗုဒ္ဓဘာသာ၊ ခြိုးခြံမှုရှိခြင်း စသည်ဖြင့် ..)
  • လုပ်ငန်းတာ၀န်ကိုကြိုတင်မှတ်သားပါ 🡪 ခေါင်းစဥ်နှင့်ပါတ်သက်သည့် စာစီစာကုံးတစ်ပုဒ်
  • ပညာရေးဆိုင်ရာ ရုပ်ရှင်ပြသပါ
  • အလုပ်တာ၀န် သို့မဟုတ် မှတ်တမ်းစာရွက်များ ခွဲ‌ပေးပါ ပြီးနောက် မေးခွန်းများကို ရှင်းပြပါ
  • စာစီစာကုံးများကို သိမ်းဆည်းကာ စစ်ဆေးပါ
  • နောက်တစ်နာရီအတွင်း တုံ့ပြန်ချက်များကိုပြန်ပေးပါ (အမှတ်ပေးလိုက ပေးနိုင်သည်)
  • တစ်နည်း – ကျောင်းသူ ကျောင်းသားများအား တစ်ယောက်ခြင်းစီ ပေးဖတ်ကာ သို့မဟုတ် အကျိုးသင့်အကြောင်းသင့် ဆွေးနွေးချက်များကို တင်ပြခိုင်းပါ
  • အကယ်၍ ဆွေးနွေးချက်များ အရှိန်ရလာပါက ၀မ်းမြောက်စွာဖြင့် ဆက်လက်လုပ်ဆောင်ပါ။