အရင်းအမြစ်များ

ဦးနှောက်၏လျို့၀ှက်ဆန်းကြယ်မှုများ

ဦးနှောက်အား စွမ်းအင်မြှင့်တင်ပေးခြင်း။

အဆင့်အားလုံး
နိဒါန်း

လူများစွာသည် ရက်သတ္တပတ်အနည်းငယ်အတွင်း တူရိယာပစ္စည်းတစ်ခုကို ကျွမ်းကျင်ရန် သို့မဟုတ် နာရီ အနည်းငယ်အတွင်းတွင် တစ်ပတ်လုံးလုံး လုပ်ဆောင်ရမည့် အလုပ်ကို ပြီးမြောက်ရန် စိတ်ကူးရှိကြသည်။ ၎င်းတို့သည် နေ့စဉ်လုပ်ငန်းများအား ပိုမိုကောင်းမွန်စွာနှင့် ထိရောက်စွာလုပ်ဆောင်နိုင်ရန် အလွန် အစွမ်းထက်သော ဉီးနှောက်ကို အလိုရှိကြသည်။ သို့ရာတွင် ဉီးနှောက်၏ စွမ်းဆောင်ရည်ကို မည်သို့ မြှင့်တင် နိုင်မည်နည်း၊ မည်သည့် ဘေးထွက်ဆိုးကျိုးများ ရှိသနည်း။

ရှေးဦးစွာ သိပ္ပံပညာရှင်များနှင့်ဆေးပညာရှင်အားလုံးက ကျန်းမာသူတစ်ဦးအား ဉီးနှောက်စွမ်းဆောင်ရည် မြှင့်တင်မည့်ဆေးကိုပေးရန် ထောက်ခံမှုမရှိကြောင်း ဆိုရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဦးနှောက်သည် မူလကတည်းကပင် ကောင်းစွာဖွံ့ဖြိုးနေပြီ ဖြစ်ပြီး ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀အတွက် အံ့သြဖွယ်ကောင်းစွာ စီမံခန့်ခွဲနိုင်သည်။ သင်၌ တာဝန်များပြားလွန်းပါကလည်း အဆိုပါ အခြေအနေ တိုးတက်မှု ရှိစေရန် တရားဝင်ပြီး လုံခြုံစိတ်ချရသော နည်းလမ်းများစွာရှိသည်။ တရားထိုင်ခြင်း ပြုလုပ်ရန် ရုပ်ရှင်တွင် ဖော်ပြထားသည်။ ကျွန်ုပ်တို့၏ ဦးနှောက်နှင့်စိတ်အား အာရုံစူးစိုက်မှုနှင့် တည်ငြိမ်မှုများမှတဆင့် သန်မာလာစေနိုင်သည်။ ပုံမှန် အလေ့အကျင့်မှ ဤအကျိုးသက်ရောက်မှုကို အားဖြည့်ပေးသည်။

အခြားတစ်ဖက်တွင်လည်း ထူးခြားသည့် စွမ်းအင်များကို ရရှိစေသည့် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် သောက်သုံးရမည့်ဆေးများ သို့မဟုတ် လုံးဝ တရားမဝင်သော အရာများလည်း ရှိနေသည်။ အဆိုပါ ဆေးများကို ADHD သို့မဟုတ် အခြားရောဂါများအတွက် အသုံးပြုရန် လိုအပ်သည်။ ကျန်းမာသော လူတစ်ဦးအတွက် သိသာသော ဘေးထွက်ဆိုးကျိုးများရှိနိုင်သဖြင့် ၎င်းတို့ကို မသုံးစွဲသင့်ပေ။ Ritalin သို့မဟုတ် amphetamines များမှာ ထင်ရှားသော ဥပမာများဖြစ်သည်။

အဆုံး၌ဆိုရသော် ဉီးနှောက်အတွက် ထိုကဲ့သို့ ပြုလုပ်ရန် မလိုအပ်ပေ။ ဦးနှောက်တွင် ကြီးမား လုံလောက်သော စွမ်းအားများရှိနေပြီး တာဝန်များစွာကြောင့် အခက်အခဲဖြစ်လာလျှင်ပင် လူမှုအသိုင်းအဝိုင်းနှင့် အလုပ်အား ဦးစားပေးနေရာမှ ဖယ်ရှားကာ မိမိ၏ ကျန်းမာရေးနှင့် သုခချမ်းသာကို ဦးစားပေးစဉ်းစားရန် လိုအပ်သည်။

အညွန်းပန်းတိုင်
  • သိရှိမှုဆိုင်ရာ စွမ်းဆောင်ရည်ကို နားလည်စေရန်။
  • ဦးနှောက်နှင့် ပတ်သက်၍ ပိုမိုသိရှိလာရန်နှင့် ၎င်းဖြစ်စဉ်များကို နားလည်စေရန်။
  • ဆေးဝါးသုံးစွဲမှုမှ ကာကွယ်ရန်။
  • မှတ်ဉာဏ်နှင့် ဖြစ်နိုင်ချေရှိသော တိုးတက်မှုနည်းလမ်းများကို ပို၍နားလည်လာစေရန်။
  • ဥရောပရှိ သုတေသနာလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိနိုင်စေရန်။
  • တရားထိုင်ခြင်းနှင့်ပတ်သက်၍ သိရှိလာစေရန်။