အရင်းအမြစ်များ

အနာဂါတ်နည်းပညာ

နည်းပညာ တွေးခေါ်ခြင်း – အသိဉာဏ်ရှိစက်ရုပ်များ

ပိုမိုကောင်းမွန်သော
နိဒါန်း

ကျွန်ုပ်တို့၏ နည်းပညာကမ္ဘာကြီးသည် ပို၍ လျင်မြန်စွာ လည်ပတ်နေသည်။ အရာအားလုံး ပိုပြီး ဆက်နွယ်လာပြီး၊ အရာအားလုံး ဒီဂျယ်တယ် ဖြစ်လာသည်။ စက်ရုပ် အသုံးပြုမှုကိုလည်း လူကြိုက်များလာမှု ပို၍ များပြားလာသည်။ မော်တော်ကား စက်မှု လုပ်ငန်းတွင် ကုန်ထုတ်လုပ်သော စက်ရုပ်များ ဂဟေဆော်ခြင်း၊ ချပ်ပြားများကို ထည့်ခြင်း (သို့) အင်ဂျင်များကို စစ်ဆေးခြင်း တို့ကို တိကျစွာ လုပ်ကိုင်လာသည်မှာ နှစ်ပေါင်းများစွာ ရှိနေပါသော်လည်း၊ စက်ရုပ်များအတွက် လုပ်ဆောင်မှု အနည်းငယ်သာ ရှိပါသေးသည်။ စက်မှုလုပ်ငန်းမှာ စက်ရုပ်ကြီးများသည် လူသားနှင့် လုံးဝ မတူပင်။ အလုံးအရင်းဖြင့် ထုတ်လုပ်ခြင်းတွင် တူညီသော အရည်းအသွေးစံနှုန်းကို သေချာစေရန် အချို့သော အဆင့်များအတွက် ၎င်းတို့ကို ပရိုဂရမ်ရေးဆွဲထားသည်။

သို့သော်လည်း ဤဇာတ်လမ်းတွင် မတူညီသော နည်းလမ်းကို သင်မြင်တွေ့ရပါမည်။ စက်ရုပ်များ မည်ကဲ့သို့ လေ့လာသင်ယူနိုင်သည် ဆိုသော် အကြောင်းအရာ ဖြစ်သည်။ ၎င်းသည် မည်ကဲ့သို့ အမှီခိုကင်းစွာ လှုပ်ရှားနိုင်သနည်း။ ၎င်းသည် တစ်စုံတစ်ခု မည်ကဲ့သို့ ရှာဖွေသနည်း။ ဤမေးခွန်းအားလုံးသည် စက်ရုံနှင့် သက်ဆိုင်သော နယ်ပယ်မှ စိတ်လှုပ်ရှားစရာ ကောင်းသော မေးခွန်းများဖြစ်ပြီး၊ ပညာပေး ရုပ်ရှင်များတွင် စူးစမ်းလေ့လာခွင့် ရှိပါသည်။

အစပိုင်းတွင် အံ့ဩစရာကောင်းသော်လည်း အနီးကပ်ကြည့်ပြီးနောက်တွင် ရေပုတ်သင် နှင့် ငါးကို အခြေခံပြီး ကြွက်သား ရိုးဆက် စနစ်ကို သုတေသနပြုခြင်းမှာ အဓိပ္ပါယ် ရှိပါသည်။ တစ်နည်းအားဖြင့် ဦးနှောက်မရှိဘဲ လှုပ်ရှားမှုနီးနီး လုပ်ဆောင်နိုင်ပါသည်။ စက်ရုပ်သည် ၎င်းတို့၏ ကြွက်သားရိုးဆက် စနစ်ကို တုပပြီး ကူးယူပါသည်။ တကယ်ကို ရိုးရှင်းသော ပုံစံများ ဖြစ်ပြီး နောက်ထပ် ထိန်းချုပ်သော ယန္တရား မပါဘဲ လုပ်ဆောင်သည်။ ရေပုတ်သင် အခြေအနေတွင် ဆင့်ကဲဖြစ်စဥ် အကြောင်းအရင်း ရှိခြင်းကြောင့် ၎င်းသည် ကုန်းပေါ် နှင့် ရေထဲတွင် လှုပ်ရှား သွားလာ နိုင်ပါသည်။

သုတေသီများသည် စောင့်ကြည့်လေ့လာရာတွင် အသုံးပြုနိုင်သော ပျံသန်းနိုင်ခြေရှိသော စက်ရုပ်များ နှင့် ဒရုန်းများ (မောင်းသူမဲ့လေယာဥ်) များကို လေ့လာနေပါသည်။ သတ်မှတ်ထားသော နေရာအား စောင့်ကြည့်လေ့လာရန် စက်ရုပ်ကို တာဝန်ပေးထားပါသည်။ သတင်းအချက်အလက်များကို ပိုမို ဆန်းစစ်နိုင်ရန် နှင့် ပိုမို ထိရောက်မှုရှိစွာ လုပ်ဆောင်နိုင်ရန် ၎င်းသည် အခြားချိတ်ဆက်ထားသော ဒရုန်း (မောင်းသူမဲ့လေယာဥ်) များနှင့်လည်း ဆက်သွယ်နိုင်ပါသည်။ ၎င်းသည် သီးသန့်ရပ်တည်နိုင်သော ဉာဏ်ရည် အစုအဖွဲ့စနစ် (swarm intelligence) တစ်မျိုးကို ဖန်တီးပေးပါသည်။ စိတ်ဝင်စားဖွယ် အချက်တစ်ခုမှာ စက်ရုပ်များကိုယ်တိုင်တွင် (ငါး နှင့် ရေပုတ်သင်နှင့် တူညီချက်) သိသာသော အဆင့်မြင့် နည်းပညာ အင်္ဂါရပ် မရှိပါ။ ထိုကိစ္စမျိုးတွင် အဓိက အချက်မှာ ပေါ့ပါးခြင်း ဖြစ်သည်။ ဒရုန်း (မောင်းသူမဲ့လေယာဥ်) တွင် အလေးချိန် များ၍ မရပါ၊ ထိုမှသာ ၎င်းပျံသန်းနိုင်မည် ဖြစ်သည်။ ထို့အတူ သုတေသီများသည် နှိုင်းယှဥ်ချက်များအတွက် သဘာဝတွင် ရှာဖွေနေပါသည်။ စက်ရုပ်များ မည်ကဲ့သို့ တိုးတက်ပြောင်းလဲလာပြီး၊ မည်သည့် အနာဂတ် ဖြစ်နိုင်ခြေများ ၎င်းတို့ နှင့်အတူ ဖြစ်ပေါ်လာမည်နည်း။ စိတ်လှုပ်ရှားစရာကောင်းသော မေးခွန်းတစ်ခုဖြစ်သည်။

အညွန်းပန်းတိုင်
  • စက်ရုပ်များကို မိတ်ဆက်ပေးရန် နှင့် ‘ဉာဏ်ရည်တု’ ခေါင်းစဥ်အား ပို၍ နားလည်ရန်။
  • ကျွန်ုပ်တို့၏ နေ့စဥ်ဘဝတွင် စက်ရုပ်များသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပိုမိုပြီး ပါဝင်မည့် အကြောင်းကို အသိပညာပေးရန်။
  • သဘာဝတွင် သင်ယူစရာ အများကြီးရှိကြောင်း နှင့် ဤကဲ့သို့ နည်းပညာ ဆန်းသစ် တီထွင်မှုများကို ဖန်တီးနိုင်သည်ကို သဘောပေါက်မိစေရန် (အဓိက စကားလုံး “ဇီဝနည်းပညာ”)။
  • စက်ရုပ်များသည် လူသားများအပေါ်တွင် အကူအညီ အလွန်ဖြစ်စေသည်။