အရင်းအမြစ်များ

ကျွန်ုပ်တို့၏နည်းပညာကမ္ဘာ

ဒီဂျစ်တယ်မော်ကွန်းတိုက်များ

ပိုမိုကောင်းမွန်သော
နိဒါန်း

လူ့သမိုင်းကိုမှတ်တမ်းတင်ခြင်းသည် လူ့အဖွဲ့အစည်းအတွက် အချိန်တိုတိုအတွင်းအလွန်အရေးကြီးသည်သာမက လူ့ယဥ်ကျေးမှုအစသို့ ပြန်လည်ခေါ်ဆောင်သွားသည်။ ဒါပေမယ့်ဘာ့ကြောင့် မော်ကွန်းတိုက်သို့ အာရုံစူးစိုက်မှု ပြန်ရောက်ရှိလာသနည်း။ အဓိကစိန်ခေါ်မှုနှစ်ခုမှာ သမိုင်းကြောင်းဆိုင်ရာစာရွက်စာတမ်းများ၏ ကြာရှည်ခံမှု။ စာချုပ်ဟောင်းများ၊ ဥပဒေများ သို့မဟုတ် စာရွက်စာတမ်းများသည် အချိန်ကြာလာသည်နှင့်အမျှ အိုမင်းခြင်း၏ ကြီးမားသော လက္ခဏာများကို ပြသနေသည်။ ထို့အပြင် ဤစာရွက်စာတမ်းများကိုယခင်က ဂရုတစိုက်ကိုင်တွယ်ခြင်း မပြုခဲ့ကြသောကြောင့်လည်းဖြစ်သည်။ အခြားတစ်ဖက်တွင် ဒီဂျစ်တယ်နည်းဖြင့် အသွင်ပြောင်းခြင်းများရှိနေသည်။ ကျွန်ုပ်တို့သည် နည်းပညာအသစ်များနှင့် ဆက်သွယ်ရေးမီဒီယာများကို အချိန်တိုကာလအတွင်းတီထွင်လျှက်ရှိပြီး ယခင်ကမီဒီယာများကို ခေတ်ကုန်သွားစေသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် သမိုင်းကြောင်းအရ အလွန်အရေးကြီးသော အသံဖမ်းဖိုင် တစ်ခုကို VHS တိတ်များမှ ပြန်လည်ဖွင့်နိုင်ရန် လာမည့် အနှစ် ၂၀ မှ ၃၀ အတွင်း ပြုလုပ်နိုင်ရန် နည်းလမ်းမရှိတော့ပါ။ အဘယ့်ကြောင့်ဆိုသော် ဤနည်းပညာများသည် လုံး၀ခေတ်နောက်ကျနေပြီ ဖြစ်သည်။ ဒီဂျစ်တယ်ကဏ္ဍ၏အခြေအနေသည်လည်း ဤသို့ပင်ဖြစ်သည်။ ပရိုဂရမ်များ၏ ဘာသာစကားများ ပြောင်းလဲခြင်းနှင့် အချို့သောဆော့ဖ်၀ဲလ်ပရိုဂရမ်များနှင့် လိုက်ဖက်ညီစွာ လုပ်ကိုင်နိုင်စွမ်းမရှိတော့ပါ။

ထို့ကြောင့်ကျွန်ုပ်တို့၏သမိုင်းမော်ခွန်းများကို ကောင်းမွန်စာသိမ်းဆည်းရန် ပြန်လည်စဥ်းစားဖို့ လိုအပ်ပြီဖြစ်သည်။ စာကြည့်တိုက်များနှင့် မော်ကွန်းတိုက်များသည် စာရွက်စာတမ်းများမပျက်စီးမှီ ဒီဂျစ်တယ်နည်းဖြင့် စကင်ဖတ် သိမ်းဆည်းနေသည်။ ဒီဂျစ်တယ်နည်းဖြင့် ပြောင်းလဲသိမ်းဆည်းထားသော စာရွက်စာတမ်းများကို ကွန်ပျူတာများဖြင့် အချိန်ကြာမြင့်စွာ ဖွင့်နိုင်အောင် ယခုအခါတွင် ပြုလုပ်နေကြပြီဖြစ်သည်။ ထို့အပြင် Time-Capsule ဟုခေါ်သည့် (အနာဂတ်တွင် ဖော်ကြည့်နိုင်အောင် မျက်မှောက်ခေတ်ကို ကိုယ်စားပြုသည့်ပစ္စည်းများထည့်မြှပ်ထားသည့်ဘူး) များကို တည်ဆောက်ကာ သူတို့အတွင်း၌ ပရိုဂရမ်သို့မဟုတ် သက်ဆိုင်ရာစာရွက်စာတမ်းများအား ဖွင့်နိုင်ရန် အခြေခံအဆင့်အားလုံးနှင့်ညွှန်ကြားချက်များ နောက်လာနောက်သားများအတွက် ပြင်ဆင်ပေးထားကြသည်။ ရာစုနှစ်များ တစ်လျှောက်အသိပညာများမပျောက်ပျက်သွားစေရန်ဖြစ်သည်။ ထိုအခြေအနေသို့ ရောက်ရှိပါက နောက်လာနောက်သားများသည် နောက်တစ်ဖန်ပြန်လည်စတင်ရန် ထို Time-Capsule ထဲတွင် ညွှန်ကြားချက်များကို တွေ့ရှိရမည်ဖြစ်သည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့၏သမိုင်းကြောင်းနှင့် နည်းပညာများကို နောက်လာနောက်သားများအတွက် သိမ်းဆည်းထားမည်ဖြစ်သည်။

အညွန်းပန်းတိုင်
  • မော်ကွန်တင်ခြင်း၏အရေးပါမှုကိုနည်းလည်စေရန် (လူ့သမိုင်းကြောင်းနှင့်နည်းပညာ)
  • သက်တမ်းရပြီဖြစ်သော စာရွက်စာတမ်းများနှင့် ဖိုင်များသည် နိုင်ငံတစ်နိုင်ငံ၏ ၀ိသေသလက္ခဏာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရန်ထိုက်တန်ကြောင်းသိရှိစေရန်
  • စက်မှုလုပ်ငန်းအတွက် ဒီဂျစ်တယ်နည်းဖြင့်အသွင်းပြောင်းခြင်း၏ သက်ရောက်မှုကို နားလည်သဘောပေါက်စေရန်
  • ပြဿနာကိုနားလည်စေရန် – ယခုခေတ်မီဒီယာသည် လွန်ခဲ့သောနှစ် (၂၀)ခန့်က တွေးတော၍ပင် မရခဲ့သော်လည်း နောက်နှစ် (၂၀)တွင်လည်း ယခုနည်းပညာသည် လုံး၀ခေတ်ကုန်သွားမည်ကို နားလည်သိရှိစေရန်