အရင်းအမြစ်များ

ကြယ်များဆီသို့အရောက်လှမ်းခြင်း

အပိုလို အာကာသယာဥ်မှူး

အလယ်အလတ်
နိဒါန်း

အာကာသနှင့် အထူးသဖြင့်လ တို့သည် လူတို့အား အမြဲ စိတ်ဝင်စားစေခဲ့သည်။ စစ်အေးကာလတွင် လက်နက်ယှဥ်ပြိုင်မှုမှာမူ အင်အားကြီးမားခြင်း၏ ယှဥ်ပြိုင်ခြင်း တစ်ခုကို ဖန်တီးခဲ့သည်။ မည်သူ့မှ အာကာသထဲသို့ လူတစ်ဦးအား ပထမဆုံး ခေါ်ဆောင်သွားမည်နည်း၊ (သို့) မည်သူမှ လပေါ်သို့ ပထမဆုံး ခြေချမည်နည်း။

အမေရိကန် ပြည်ထောင်စု နှင့် ဆိုဗီယက် ပြည်ထောင်စု တို့သည် ဤကာလအတွင်းတွင် နည်းပညာဖလှယ်ခြင်းနှင့် သက်ဆိုင်ရာ သုတေသန နယ်ပယ်များတွင် သန်းချီ၍ ရင်းနှီးမြှုပ်နှံခဲ့သည်။ ဆိုဗီယက် ပြည်ထောင်စုမှ ပထမဆုံးသော ဂြိုဟ်တုကို လွှတ်တင်ပြီးနောက် အမေရိကန် ပြည်ထောင်စုသည် နောက်ကျကျန်ရစ်မည်ကို စိုးရိမ်၍ ၎င်း၏ အာကာသအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ နာဆာ (NASA) ကို တည်ထောင်ခဲ့သည်။
ရည်မှန်းချက် ကြီးမားသော စီမံကိန်းတစ်ခုကြောင့် အမေရိကန် ပြည်ထောင်စုသည် အာကာသဆိုင်ရာ လုပ်ငန်းတွင် ဦးဆောင်သော နိုင်ငံတစ်ခု ဖြစ်စေပြီး ပထမဆုံး လူကို လပေါ်သို့ စေလွှတ်လိုက်ပါသည်။

ဤစီမံကိန်းတွင် အကောင်းဆုံး လေ့ကျင့်ထားသော အာကာသယာဉ်မှူးများကို အဓိကအားဖြင့် လိုအပ်ပါသည်။ အတွေ့အကြုံ ရင့်ကျက်သော စမ်းသပ်ယာဥ်မောင်းသော လေယာဉ်မှူး အများစုကို အသုံးပြုခဲ့ပြီး၊ အင်ဂျင်နီယာဘွဲ့ကို ပိုင်ဆိုင်ထားသူများလည်းဖြစ်သည်။ အဆိုပါ အမျိုးသား ၃၂ ယောက်သည် စိတ်ကူးရနိုင်သမျှ စမ်းသပ်မှုအားလုံးကို ကြံ့ကြံ့ခံရပြီး အာကာသတွင် မြေစမ်းခရမ်းပျိုး လုပ်ဆောင်ချက်ကို လုပ်ရပါသည်။ အာကာသယာဉ်မှူးများ၏ ဘဝကို မလိုအပ်ဘဲ မထိခိုက်စေရန်အတွက် ယနေ့ခေတ်တွင် စံကျင့်သုံးလျက်ရှိသော ကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးပြီး ထိုအချိန်၌ အတည်ပြုရပါသည်။ ကိစ္စရပ်များမှာ − အာကာသထဲတွင် အစားစားနိုင်ပါသလား။ အလေးချိန်မဲ့ခြင်းသည် ကိုယ်ခန္ဓာကို မည်ကဲ့သို့ အကျိုးသက်ရောက်ပါသနည်း။ ခက်ခဲသောလေ့ကျင့်မှုနှင့် မရေမတွက်နိုင်သော စမ်းသပ်မှုများပြီးနောက် ရဲရင့်သော အမျိုးသားများသည် ၎င်းတို့ကို လနှင့် ပိုမိုနီးကပ်စေမည့် လုပ်ငန်းတာဝန်ကို စတင်ခဲ့ပါသည်။ ၁၉၆၉ ခုနှစ်တွင် အပိုလို ၁၁ အား နောက်ဆုံး၌ လွှတ်တင်နိုင်ခဲ့သည်။

အညွန်းပန်းတိုင်
  • အာကာသခရီးသွားခြင်းကို စိတ်၀င်စားရန် လှုံ့ဆော်ခြင်း
  • အာကာသခရီးသွားခြင်းနှင့် လပေါ်သို့ အခြေချခြင်း၏ သမိုင်းနောက်ခံ အခြေအနေကို နားလည်ခြင်း
  • အာကာသယာဉ်မှူးသင်တန်းအကြောင်း ထိုးထွင်းသိမြင်ရဣ်
  • ဤလုပ်ငန်းတာဝန်များ၏ နောက်ကွယ်ရှိ နည်းပညာနှင့် အားထုတ်မှုများကို နားလည်ခြင်း