အရင်းအမြစ်များ

အနာဂါတ်နည်းပညာ

အဲယားဘတ်စ် – နေ့စဉ်လေယာဉ်အသစ်တစ်စင်း

ပိုမိုကောင်းမွန်သော
နိဒါန်း

ဥရောပ ကုမ္ပဏီစုကြီးဖြစ်သည့် အဲယားဘတ်စ်သည် ကမ္ဘာ့အကြီးဆုံး လေယာဉ်ထုတ်လုပ်သူများမှ တစ်ခု ဖြစ်သည်။ အမေရိကန် ပြိုင်ဘက်ဖြစ်သည့် ဘိုးအင်းလေကြောင်းမှ လွှဲ၍ အများပြည်သူ လေကြောင်းလုပ်ငန်း အတွက် လိုအပ်ချက်အားလုံးကို ဖြည့်ဆီးပေးနိုင်သည့် အခြားထုတ်လုပ်သူ မရှိပေ။ လေယာဉ်အသေး၊ အလတ်၊ ခရီးဝေးလေယာဉ်များအား တူလော့စ်နှင့် ဟမ်းဘတ်မြို့တို့တွင် အဲယားဘတ်စ်မှ တည်ဆောက်လျက် ရှိသည်။ စဉ်ဆက်မပြတ် ပြိုင်ဆိုင်မှုအတွက် ခေတ်မီအဆင့်မြင့်ထုတ်လုပ်မှု သာမက ကောင်းမွန်သည့် ဆန်းသစ်တီထွင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစွမ်းအင်များ လိုအပ်သည်။

အမျိုးမျိုးသောလေယာဉ်အမျိုးအစားများအတွက် အစိတ်အပိုင်းများကို မြို့ကြီးနှစ်ခုအကြား အထူးကုန်တင် လေယာဉ်ဖြင့် သယ်ယူပို့ဆောင်မှု ပြုလုပ်လျက်ရှိသည်။ ဘလူးဂါ (Beluga) ဟုခေါ်သော သယ်ယူပို့ဆောင်မှု ယာဉ်သည် လေယာဉ်ကိုယ်ထည်တစ်ခုလုံးကိုပင် အလွယ်တကူ သယ်ဆောင်နိုင်သည်။ သာမာန် ကိုယ်ထည်တို A320 လေယာဉ် သို့မဟုတ် အသစ်စက်စက် A350 လေယာဉ်ဖြစ်စေ သယ်ဆောင်နိုင်သည်။ အစိတ်အပိုင်းများအား ထောက်ပံ့ပို့ဆောင်ရေးပြုလုပ်ခြင်းသည် ကြီးမားသည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ပြီး တိကျမှုမြင့်မားခြင်းနှင့် ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်သည်။ လေယာဉ်ထုတ်လုပ်မှုတွင်လည်း အလားတူလိုအပ်ချက်မျိုးရှိသည်။ ဆောက်လုပ်ရေးလုပ်ငန်းစဉ်တစ်ခုလုံးအတွင်း လုံခြုံမှုနှင့် တိကျမှုတို့မှာ အလွန်အရေးကြီးသည်။
ဘေးကင်းလုံခြုံမှုနှင့် တိကျမှုတို့အပြင် စက်မှုလုပ်ငန်း ၄.၀ ဆိုသည့် စကားလုံးမှာလည်း အရေးပါသော ကဏ္ဍတွင် ပါဝင်သည်။ ထုတ်လုပ်မှုနည်းစနစ်အသစ်များသည် အထူးသဖြင့် လေကြောင်းကဏ္ဍ၌ ကြီးမားစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး အခြား နည်းလမ်းများကိုလည်း ဖော်ပြပေးနေသည်။ ဥပမာအားဖြင့် A350 လေယာဉ်အသစ်အား ကာဗွန်ဖိုင်ဘာဖြင့် တပ်ဆင်ထားသည်။ တောင်ပံနှင့် ကိုယ်ထည်များကို ကာဗွန်ဖိုင်ဘာ အားဖြည့်ပလပ်စတစ် (CFRP) ဖြင့် ပြုလုပ်ထားသည်။ အလားတူပင် သွန်းလောင်းထုတ်လုပ်မှုများစွာ ကိုလည်း 3D ပရင်တာတွင် အသစ်ဖန်တီးထားသည်။ အားသာချက်မှာ သိသာထင်ရှားလှသည်။ အလေးချိန်နည်းပါးခြင်းကြောင့် လောင်စာဆီ သုံးစွဲမှု နည်းသည်။ ၎င်းမှာ ဘေးကင်းလုံခြုံမှု အပြင် အခြား အရေးအကြီးဆုံးသော ရည်မှန်းချက်ဖြစ်သည်။ 3D ပရင်တာမှ အပေါင်းအစပ်များနှင့် ကာဗွန်အစိတ်အပိုင်း များအား အဲယားဘတ်စ်မှ ကိုယ်တိုင်ဖန်တီးသည်။ ရလဒ်အနေဖြင့် အဲယားဘတ်စ်သည် အမြင့်ဆုံး အရေအသွေး၊ အနည်းဆုံးအချိန်နှင့် အကောင်းဆုံးဘေးကင်းလုံခြုံမှုကို အာမခံနိုင်သည်။

အခြားသော ဆန်းသစ်တီထွင်မှုတစ်ခုမှာ လေယာဉ်၏အသွင်တူဖန်တီးမှု ပုံစံများပင်ဖြစ်သည်။ ဤနည်းပညာဖြင့် ဒီဇိုင်နာတစ်ဦးသည် လေယာဉ်အတွင်းပိုင်းအတွက် အစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်သည်။ ဝန်ထမ်းများအတွက် ကြပ်တည်းမှုဖြစ်နိုင်သည့် နေရာရှိမရှိ၊ ရေသန့်သိုလှောင်မှုအတွက် နေရာရှိမရှိ၊ မည်သည့် လျှပ်စစ်ကြိုးက မျက်နှာကြက်ကို ဖြတ်၍တပ်ဆင်နိုင်မည်နည်း။ ဒစ်ဂျစ်တယ် ဆော့ဖ်ဝဲလ်အား အသုံးပြုခြင်းဖြင့် အင်ဂျင်နီယာများအနေဖြင့် ကြိုတင်၍ ပုံစံထုတ်လုပ်နိုင်ပြီး အန္တရာယ်ရှိမှုကို ဖော်ထုတ်ခြင်း သို့မဟုတ် ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်းများကို လေယာဉ်ကို တည်ဆောက်မှု မပြုလုပ်မှီ ဦးစွာ ဆောင်ရွက်နိုင်သည်။ ဆော့ဖ်ဝဲလ်သည် လက်တွေ့စမ်းသပ်မှုကို အစားမထိုးနိုင်သော်လည်း ပို၍ မြန်ဆန်ကာ စျေးချိုသာစွာဖြင့် တည်ဆောက်ပေးနိုင်သည်။

ဤထုတ်လုပ်မှုနည်းပညာအသစ်များသည် စက်မှုလုပ်ငန်း ၄.၀ ၏အစိတ်အပိုင်းများဖြစ်သည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ စက်ရုံအားလုံးနီးပါးအပေါ် သက်ရောက်မှုရှိပြီး အခွင့်အလမ်းများစွာ ဖန်တီးပေးသည်။ အထူးသဖြင့် အဲယားဘတ်စ်တွင် ဘေးကင်းလုံခြုံရေး၊ ထုတ်လုပ်မှုနှင့် စီးနင်းသူများ၏စိတ်ကျေနပ်မှု ရရှိရန် ပို၍ တိုးမြှင့်ပေးထားသည်။

အညွန်းပန်းတိုင်
  • ခေတ်မှီခရီးသည်တင်လေယာဉ်တည်ဆောက်မှုနှင့် ပတ်သက်၍ သိရှိနိုင်ရန်။
  • စက်မှုလုပ်ငန်း ၄.၀ ဟူသော အယူအဆကို တင်ပြခြင်းနှင့် ထုတ်လုပ်မှုနည်းပညာများ (ကာဗွန်၊ အသွင်တုဖန်တီးမှု၊ 3D ထုတ်လုပ်မှု အစရှိသည့် …) ကို နားလည်စေရန်။
  • ထိုသို့သော ကုမ္မဏီကြီးများအတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲကို နားလည်နိုင်ရန်။
  • လေယာဉ်နှင့်ပတ်သက်သည့် စိတ်ဝင်စားမှုမြင့်တက်ပြီး နောက်ကွယ်မှ ဒီဇိုင်းထုတ်လုပ်မှုကို နားလည်ရန်။