အရင်းအမြစ်များ

သဘာ၀ဖြင့်ကုသခြင်း

စားသောက်မှုပုံစံပြောင်းလဲခြင်း – ရောဂါလက္ခဏာများပြောင်းလဲစေရန်

ပိုမိုကောင်းမွန်သော
နိဒါန်း

သင့်တင့်လျောက်ပတ်သောအစာအာဟာရသည် လူသားများအတွက် အလွန်အရေးကြီးသည်။ အကယ်၍ကျွန်ုပ်တို့သည် ကျန်းမာစေသော အစားအစာကိုစားသုံးလျှင် ၄င်းသည် ကျွန်ုပ်တို့၏ ကျန်းမာရေးကို ကောင်းမွန်စေသည်။ အစားအစာပြောင်းလဲခြင်းသည် အခြေနေအမျိုးမျိုးကို တိုးတက်စေနိုင်သည်။ သို့ရာတွင် လူတစ်ဦးချင်းစီအား သူတို့၏လက္ခဏာများအရ မတူညီသောအာဟာရအစီအစဥ်များကို ရေးဆွဲရမည်။ ဥပမာအားဖြင့် ကိုယ်အလေးချိန်များခြင်း (သို့မဟုတ်) အသားစားသုံးမှုများခြင်းတို့ကြောင့် ဖြစ်ပေါ်သော အရိုးပွရောဂါဖြစ်ပွားမှုများကို ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးခြင်းဖြင့် အထူးထိန်းချုပ်နိုင်သည်။ အာဟာရဖြည့်တင်းခြင်းကို ပြောင်းလဲခြင်းသည် သွေးဆုံးခြင်းပြဿနာများ ကြုံတွေ့နေရသည့် အမျိုးသမီးများအတွက် အလွန်ကောင်းသော အကျိုးသက်ရောက်မှုများ ရှိနိုင်သည်။ လူများစွာသည် အူသိမ်အူမရောဂါြဖစ်ပေါ်စေသည့် ရောဂါကိုလည်း ခံစာကြရသည်။ ဤတွင် အူသည် ထိန်းချုပ်မှုမရှိသောအခြေနေသို့ရောက်ရှိ ဓါတ်ပြုပြီး အချို့သော အစားအစာများစားပြီးနောက် ၀မ်းပျက် ၀မ်းလျှော ရောဂါများဖြစ်စေနိုင်သည်။

ပြဿနာများနှင့်နာမကျန်းမှုအများအားလုံးသည် တစ်ဦးချင်းစီ၏ လုပ်ဆောင်ချက်များပေါ်တွင် အခြေခံသည်။ သို့သော် ကိုယ်အလေးချိန်ကျရန်အကောင်းဆုံးနည်းလမ်းမှာ ကစီဓါတ်များစားသုံးမှုကို ကန့်သတ်ရန်နှင့် ဟင်းသီးဟင်းရွက်များ နှင့် အသားဓါတ်များပါ၀င်သော အစာများကို စားသုံးခြင်းဖြစ်သည်။ မှားယွင်းချက်တစ်ခုမှာ ဆီမပါဘဲ အစားစာများကို လုပ်ဆောင်ခြင်းဖြစ်သည်။ အဆုံးအဖြတ်ပေးသောအချက်မှာ အသုံးပြုသော ဆီအမျိုးအစားဖြစ်သည်။ ကောင်းသောအဆီကို မဆိုင်းမတွသုံးဆွဲနိုင်သည်။ အထူးသဖြင့် သံလွင်ဆီနှင့် နှမ်းကြတ်ဆီတို့ဖြစ်သည်။

ယေဘုယျအားဖြင့် အာဟာရသည် ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးသော ကျန်းမာရေးအချက်တစ်ခုဖြစ်သည်။ နာမကျန်းဖြစ်သူများအနေဖြင့် ပထမဦးစွာ သူတို့၏ နေထိုင်မှုပုံစံကို ဆန်းစစ်ပြီးနောက် မှန်ကန်သော စားသောက်ခြင်း နည်းလမ်းများ ချမှတ်သင့်သည်။

အညွန်းပန်းတိုင်
  • ကျန်းမာပြီး မျှတစေသည့် အစားအစာ၏အရေးပါမှုကို နားလည်စေရန်
  • အာဟာရမမျှတခြင်းသည်လည်း အဆင်မပြေမှုများဖြစ်စေနိုင်သည်ကို နားလည်စေရန်
  • ကစီဓါတ်၊ အသားဓါတ် နှင့် အဆီများကို ခွဲခြားတတ်စေရန်
  • မိမိ၏ စားသောက်မှုပုံစံကို ပြန်လည်စဥ်းစားမိစေရန် (ငါဘယ်လိုစားသောက်နေလဲ)
  • ကျန်းမာစေရန် အာဟာရကိုမျှတစွာစားသောက်ရန်လိုအပ်ကြောင်းသိရှိစေရန်
အကြံပြုသင်ခန်းစာအစီအစဥ်
  • ဆရာ/ဆရာမသည် သစ်သီး (သို့မဟုတ်) ဟင်းသီးဟင်းရွက်တစ်ခုကို အတန်းစစချင်းယူဆောင်လာပြီး ကျောင်းသူ ကျောင်းသားများ ကြိုက်နှစ်သက်သည့် အသီးနှင့်ဟင်းသီးဟင်းရွက်များကို မေးရန်
  • အာဟာရပြည့်စွာစားသောက်ခြင်းအကြောင်းရှင်းပြရန်
  • ပညာရေးဆိုင်ရာရုပ်ရှင်ပြသပါ
  • မှတ်တမ်းစာရွက်များ‌‌ေ၀ကာ လုပ်ဆောင်ရမည်များကို ပြောပြပါ
  • လုပ်ဆောင်ရန်အတွက် အချိန်သတ်မှတ်ပေးပါ
  • အစားအစာများပုံကို သင်ပုန်ပေါ်တွင်ဆွဲပြီး ကျောင်းသူ ကျောင်းသားများအား အညွှန်းရေးဆွဲခိုင်းပါ
  • နောက်ဆုံးတာ၀န်ကို စာသင်ခန်းထဲတွင် လွတ်လပ်စွာ ဆွေးနွေးနိုင်သည်